Uncategorized

ပ်က္က်သြားတဲ့ Boeing ေလယာဥ္မ်ားမွာ Safety Feature မ်ား မပါရွိ

The Wall Street Journal က ပ်က္က်သြားတဲ့ Boeing ေလယာဥ္ ၂ စီးမွာ လံုျခံဳေရး လုပ္ေဆာင္ခ်က္မ်ား မပါဘူးလို႔ ေျပာပါတယ္။ အဲဒါေတြကို Add-on အေနနဲ႔ ၀ယ္ရတာ ျဖစ္ၿပီး ေစ်းႀကီးလို႔ ေလေၾကာင္းလိုင္းမ်ားက ၀ယ္မထည့္ထားတာ ျဖစ္ပါတယ္။ ပ်က္သြားတဲ့ အင္ဒိုနီးရွားရဲ႕ Lion Air ေလယာဥ္မွာလည္း ဒီလုပ္ေဆာင္ခ်က္ ပါမလာပါဘူး။

အာဏာပိုင္မ်ားက ေလယာဥ္ ၂ စီး ပ်က္က်ရတဲ့ အေၾကာင္းအရင္း အေသးစိတ္ကို စံုစမ္းေနဆဲမွာ ဒီသတင္းထြက္လာတာပါ။ အေစာပိုင္း သတင္းမ်ားအရ Lion Air 610 ရဲ႕ ဆန္ဆာ တစ္ခုဟာ ျပႆနာ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဆန္ဆာ ေၾကာင္ေနတာကို အသိေပးတဲ့ Safety Feature မပါလာဘူးလို႔ သိရပါတယ္။

Boeing ရဲ႕ ေနာက္ဆံုးထုတ္ 737 Airplane တစ္စီးဟာ ဒီလအေစာပိုင္းမွာ အီသီယိုးပီးယားမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၅၇ ဦး ေသဆံုးၿပီးေနာက္မွာ တရုတ္၊ အင္ဒိုနီးရွားနဲ႔ အီသီယိုးပီးယား ႏိုင္ငံမ်ားမွာ အဲဒီေလယာဥ္မ်ား ပ်ံသန္းျခင္းကို ပိတ္ပင္လိုက္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ငါးလအတြင္း Boeing 737 Max 8 ေလယာဥ္  ဒုတိယ အႀကိမ္ေျမာက္ ပ်က္က်ျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာလည္း တန္ဖိုးနည္း ေလေၾကာင္းလိုင္း Lion Air ရဲ႕ 737 Max 8 တစ္စီးဟာ ေ၀ဟင္သို႔ ပ်ံတက္ၿပီး သိပ္မၾကာခင္မွာပဲ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး ေသဆံုးသြားခဲ့ပါတယ္။

အဲဒီေနာက္မွာ အေမရိကန္ကလည္း ပိတ္ပင္ခဲ့ပါတယ္။ သမၼတ ထရမ့္က “ Boeing 737 Max 8 , Max 9 အျပင္ အဲဒီ ေမာ္ဒယ္္မ်ားနဲ႔ ဆက္စပ္ေနတဲ့ ေလယာဥ္အားလံုးကို အျမန္ဆံုး ပိတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိ ေ၀ဟင္မွာ ပ်ံသန္းေနတဲ့ ေလယာဥ္မ်ားဟာ ဦးတည္ရာကို ေရာက္ၿပီးရင္ ျပန္ထြက္လို႔ မရေတာ့ပါဘူး။ “ လို႔ ေၾကညာခဲ့ပါတယ္။

အခုဆိုရင္ ကမာၻအ၀န္းမွာ အသံုးျပဳေနတဲ့ Boeing 737 Max 8 ေလယာဥ္မ်ားရဲ႕ ထက္၀က္နီးပါးကို ပိတ္ပင္ထားပါတယ္။ Boeing 737 Max 8 ဟာ ၂၀၁၇ ခုႏွစ္မွာ စတင္ ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး ပထမ ၆ လအတြင္းမွာပဲ အစီးေရ ၄၀၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေလာက္ေအာင္ လူႀကိဳက္မ်ားခဲ့ပါတယ္။ 

unicode

ပျက်ကျသွားတဲ့ Boeing လေယာဉ်များမှာ Safety Feature များ မပါရှိ

The Wall Street Journal က ပျက်ကျသွားတဲ့ Boeing လေယာဉ် ၂ စီးမှာ လုံခြုံရေး လုပ်ဆောင်ချက်များ မပါဘူးလို့ ပြောပါတယ်။ အဲဒါတွေကို Add-on အနေနဲ့ ဝယ်ရတာ ဖြစ်ပြီး ဈေးကြီးလို့ လေကြောင်းလိုင်းများက ဝယ်မထည့်ထားတာ ဖြစ်ပါတယ်။ ပျက်သွားတဲ့ အင်ဒိုနီးရှားရဲ့ Lion Air လေယာဉ်မှာလည်း ဒီလုပ်ဆောင်ချက် ပါမလာပါဘူး။

အာဏာပိုင်များက လေယာဉ် ၂ စီး ပျက်ကျရတဲ့ အကြောင်းအရင်း အသေးစိတ်ကို စုံစမ်းနေဆဲမှာ ဒီသတင်းထွက်လာတာပါ။ အစောပိုင်း သတင်းများအရ Lion Air 610 ရဲ့ ဆန်ဆာ တစ်ခုဟာ ပြဿနာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆန်ဆာ ကြောင်နေတာကို အသိပေးတဲ့ Safety Feature မပါလာဘူးလို့ သိရပါတယ်။

Boeing ရဲ့ နောက်ဆုံးထုတ် 737 Airplane တစ်စီးဟာ ဒီလအစောပိုင်းမှာ အီသီယိုးပီးယားမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးပြီးနောက်မှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယား နိုင်ငံများမှာ အဲဒီလေယာဉ်များ ပျံသန်းခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးလအတွင်း Boeing 737 Max 8 လေယာဉ် ဒုတိယ အကြိမ်မြောက် ပျက်ကျခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ရဲ့ 737 Max 8 တစ်စီးဟာ ဝေဟင်သို့ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးသွားခဲ့ပါတယ်။

အဲဒီနောက်မှာ အမေရိကန်ကလည်း ပိတ်ပင်ခဲ့ပါတယ်။ သမ္မတ ထရမ့်က “ Boeing 737 Max 8 , Max 9 အပြင် အဲဒီ မော်ဒယ်များနဲ့ ဆက်စပ်နေတဲ့ လေယာဉ်အားလုံးကို အမြန်ဆုံး ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ဝေဟင်မှာ ပျံသန်းနေတဲ့ လေယာဉ်များဟာ ဦးတည်ရာကို ရောက်ပြီးရင် ပြန်ထွက်လို့ မရတော့ပါဘူး။ “ လို့ ကြေညာခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘာအဝန်းမှာ အသုံးပြုနေတဲ့ Boeing 737 Max 8 လေယာဉ်များရဲ့ ထက်ဝက်နီးပါးကို ပိတ်ပင်ထားပါတယ်။ Boeing 737 Max 8 ဟာ ၂၀၁၇ ခုနှစ်မှာ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး ပထမ ၆ လအတွင်းမှာပဲ အစီးရေ ၄၀၀၀ ကျော် ရောင်းချနိုင်ခဲ့လောက်အောင် လူကြိုက်များခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.