Uncategorized

ကင္မရာ ၂ လံုး ပါမယ့္ Huawei ရဲ႕ TV ကို ဧၿပီမွာ ေရာင္းမည္

Huawei ဟာ လက္ရွိမွာ ကမာၻ႕ ဒုတိယ အႀကီးမားဆံုး စမတ္ဖုန္း ကုမၸဏီ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ၿပိဳင္ဖက္မ်ား ျဖစ္တဲ့ ဆမ္ေဆာင္းနဲ႔ ေရွာင္္မီတို႔လို ဟြာေ၀းက တီဗီမ်ား ထုတ္လုပ္ျခင္း မရွိေသးပါဘူး။ အခုေတာ့ တရုတ္ မီဒီယာတစ္ခုရဲ႕ သတင္းအရ ဟြာေ၀းဟာ သူ႔ရဲ႕ ပထမဆံုး တီဗီကို ေၾကညာေတာ့မွာျဖစ္ပါတယ္။ အဲဒီ တီဗီအတြက္ အစိတ္အပိုင္းမ်ားကို ထုတ္လုပ္သူမ်ားက ဟြာေ၀းဟာ လာမယ့္လမွာ သူ႔ရဲ႕ တီဗီမ်ားကို ျပသမယ္လို႔ ေျပာပါတယ္။

ဟြာေ၀းရဲ႕ တီဗီဟာ သာမာန္ တီဗီ တစ္လံုးထက္ ပိုပါတယ္။ ေနအိမ္က စမတ္ကိရိယာမ်ားကို ထိန္းခ်ဳပ္ျခင္း၊ ဂိမ္းကစာျခင္းနဲ႔ လူမႈကြန္ရက္ လုပ္ေဆာင္ခ်က္မ်ားလည္း ထည့္သြင္းထားပါတယ္။ Cloud Gaming နဲ႔ စမတ္ တီဗီ နယ္ပယ္မွာ အဲဒီလုပ္ေဆာင္ခ်က္က အသံုး၀င္လာမွာ ျဖစ္ပါတယ္။ အဲဒီ တီဗီမွာ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ခ်က္မ်ားသာမက ဟာ့ဒ္၀ဲ အပိုင္းမွာ ဆန္းသစ္ထားမယ္လို႔ သိရပါတယ္။ သူ႔မွာ ကင္မရာ ၂ လံုး ပါလာမယ္လို႔ သိရပါတယ္။ ကင္မရာမ်ားကို Video Chat နဲ႔ Streaming အတြက္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ဟြာေ၀းရဲ႕ ပထမဆံုး တီဗီမ်ားဟာ ၅၅ လက္မနဲ႔ ၆၅ လက္မမ်ား ျဖစ္မယ္လို႔ သိရပါတယ္။ BOE နဲ႔ Shenzhen China Star Optoelectronics ကုမၸဏီမ်ားက မ်က္ႏွာျပင္မ်ားကို ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။ နည္းပညာ နယ္ပယ္မွာ တီဗီမ်ားရဲ႕ အခန္းက႑ဟာလည္း အေရးႀကီးတယ္ဆိုတာ ဖုန္း ကုမၸဏီမ်ားက ယူဆထားၾကပါတယ္။ OnePlus ကလည္း တီဗီ နယ္ပယ္ထဲကို အေျခခ်ဖို႔ ျပဳလုပ္ေနတယ္လို႔ သတင္းမ်ားထြက္ေနပါတယ္။

Ref : gizmochina

unicode

ကင်မရာ ၂ လုံး ပါမယ့် Huawei ရဲ့ TV ကို ဧပြီမှာ ရောင်းမည်

Huawei ဟာ လက်ရှိမှာ ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြိုင်ဖက်များ ဖြစ်တဲ့ ဆမ်ဆောင်းနဲ့ ရှောင်မီတို့လို ဟွာဝေးက တီဗီများ ထုတ်လုပ်ခြင်း မရှိသေးပါဘူး။ အခုတော့ တရုတ် မီဒီယာတစ်ခုရဲ့ သတင်းအရ ဟွာဝေးဟာ သူ့ရဲ့ ပထမဆုံး တီဗီကို ကြေညာတော့မှာဖြစ်ပါတယ်။ အဲဒီ တီဗီအတွက် အစိတ်အပိုင်းများကို ထုတ်လုပ်သူများက ဟွာဝေးဟာ လာမယ့်လမှာ သူ့ရဲ့ တီဗီများကို ပြသမယ်လို့ ပြောပါတယ်။

ဟွာဝေးရဲ့ တီဗီဟာ သာမာန် တီဗီ တစ်လုံးထက် ပိုပါတယ်။ နေအိမ်က စမတ်ကိရိယာများကို ထိန်းချုပ်ခြင်း၊ ဂိမ်းကစာခြင်းနဲ့ လူမှုကွန်ရက် လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားပါတယ်။ Cloud Gaming နဲ့ စမတ် တီဗီ နယ်ပယ်မှာ အဲဒီလုပ်ဆောင်ချက်က အသုံးဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီ တီဗီမှာ ဆော့ဖ်ဝဲ လုပ်ဆောင်ချက်များသာမက ဟာ့ဒ်ဝဲ အပိုင်းမှာ ဆန်းသစ်ထားမယ်လို့ သိရပါတယ်။ သူ့မှာ ကင်မရာ ၂ လုံး ပါလာမယ်လို့ သိရပါတယ်။ ကင်မရာများကို Video Chat နဲ့ Streaming အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဟွာဝေးရဲ့ ပထမဆုံး တီဗီများဟာ ၅၅ လက်မနဲ့ ၆၅ လက်မများ ဖြစ်မယ်လို့ သိရပါတယ်။ BOE နဲ့ Shenzhen China Star Optoelectronics ကုမ္ပဏီများက မျက်နှာပြင်များကို ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ နည်းပညာ နယ်ပယ်မှာ တီဗီများရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတယ်ဆိုတာ ဖုန်း ကုမ္ပဏီများက ယူဆထားကြပါတယ်။ OnePlus ကလည်း တီဗီ နယ်ပယ်ထဲကို အခြေချဖို့ ပြုလုပ်နေတယ်လို့ သတင်းများထွက်နေပါတယ်။

Ref : gizmochina

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.