Hands-free Siri ပါလာတဲ့ Apple AirPods အသစ္

0
9

Apple က ဒုတိယမ်ိဳးဆက္ AirPods ကို ေၾကညာလိုက္ပါတယ္။ ႀကိဳးမဲ့ နားၾကပ္ျဖစ္ၿပီး အျဖဴေရာင္သာ ထုတ္လုပ္ေပးထားပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းက ပထမမ်ိဳးဆက္နဲ႔ တူပါတယ္။ ဒါေပမယ့္ သူ႔မွာ တိုးတက္မႈ အနည္းငယ္ပါလာပါတယ္။ သူ႔ကို ႀကိဳးမဲ့အားသြင္းဖို႔ အတြက္ Qi Wireless Charging Case ကို ထုတ္လုပ္ေပးထားၿပီး သီးျခား ၀ယ္ယူႏိုင္ပါတယ္။

သူ႔မွာ သာမာန္ Case တစ္ခုကိုလည္း ထည့္ထားေပးပါတယ္။ သူ႔ရဲ႕ တန္ဖိုးက ေဒၚလာ ၁၆၀ ျဖစ္ပါတယ္။ Qi Case ပါ၀ယ္ရင္ ေဒၚလာ ၂၀၀ ျဖစ္သြားမွာပါ။ ပထမမ်ိဳးဆက္ AirPods ကိုလည္း Qi Case နဲ႔ တြဲဖက္ အသံုးျပဳၽႏုိင္ပါတယ္။ သူ႔ကို သီးျခား ၀ယ္ရင္ ေဒၚလာ ၈၀ က်သင့္မွာပါ။

AirPods အသစ္မွာ ေရစိုခံစြမ္းရည္္နဲ႔ အသံဆူညံမႈကို ေလွ်ာ့ခ်ေပးတဲ့ စြမ္းရည္ အသစ္မ်ား ပါလာမယ္လို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ပါမလာခဲ့ပါဘူး။ တိုးတက္ေျပာင္းလဲမႈ တစ္ခုက မူလ AirPods ရဲ႕ W1 ထက္ ပိုေကာင္းတဲ့ H1 Wireless Chip ပါလာတာ ျဖစ္ပါတယ္။ Apple က အသံအပိုင္းကိုတိုးတက္ေအာင္ လုပ္ထားတယ္လို႔ ေျပာပါတယ္။ Wireless Synchronization ကလည္း ပိုေကာင္းလာပါတယ္။

သူ႔ကို ဖုန္းနဲ႔ ခ်ိတ္ဆက္ၿပီး ဖုန္း ေျပာရင္ အရင္ မ်ိဳးဆက္ထက္ ၅၀ ရာခုိင္ႏႈန္း ပို အသံုးခံလာပါတယ္။ သီခ်င္းနားေထာင္ရင္ ၅ နာရီနဲ႔ ဖုန္း ေျပာရင္ ၃ နာရီ အသံုးခံပါတယ္။ သူ႔ကို Device မ်ားစြာနဲ႔ ခ်ိတ္ဆက္သံုးတဲ့ အခါမွာ Device တစ္ခုကေန အျခား တစ္ခုကို ေျပာင္းသံုးရာမွာ ၂ ဆ ပိုမိုလွ်င္ျမန္လာပါတယ္။ H1 Chip က Gaming Latency ကိုလည္း ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ အခုဆိုရင္ လက္နဲ႔ ၂ ခ်က္ႏွိပ္စရာ မလိုဘဲ အသံအမိန္႔နဲ႔ Siri ကို ဆင့္ေခၚႏိုင္ပါတယ္။

unicode

Hands-free Siri ပါလာတဲ့ Apple AirPods အသစ်

Apple က ဒုတိယမျိုးဆက် AirPods ကို ကြေညာလိုက်ပါတယ်။ ကြိုးမဲ့ နားကြပ်ဖြစ်ပြီး အဖြူရောင်သာ ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ပထမမျိုးဆက်နဲ့ တူပါတယ်။ ဒါပေမယ့် သူ့မှာ တိုးတက်မှု အနည်းငယ်ပါလာပါတယ်။ သူ့ကို ကြိုးမဲ့အားသွင်းဖို့ အတွက် Qi Wireless Charging Case ကို ထုတ်လုပ်ပေးထားပြီး သီးခြား ဝယ်ယူနိုင်ပါတယ်။

သူ့မှာ သာမာန် Case တစ်ခုကိုလည်း ထည့်ထားပေးပါတယ်။ သူ့ရဲ့ တန်ဖိုးက ဒေါ်လာ ၁၆၀ ဖြစ်ပါတယ်။ Qi Case ပါဝယ်ရင် ဒေါ်လာ ၂၀၀ ဖြစ်သွားမှာပါ။ ပထမမျိုးဆက် AirPods ကိုလည်း Qi Case နဲ့ တွဲဖက် အသုံးပြုျနိုင်ပါတယ်။ သူ့ကို သီးခြား ဝယ်ရင် ဒေါ်လာ ၈၀ ကျသင့်မှာပါ။

AirPods အသစ်မှာ ရေစိုခံစွမ်းရည်နဲ့ အသံဆူညံမှုကို လျှော့ချပေးတဲ့ စွမ်းရည် အသစ်များ ပါလာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပါမလာခဲ့ပါဘူး။ တိုးတက်ပြောင်းလဲမှု တစ်ခုက မူလ AirPods ရဲ့ W1 ထက် ပိုကောင်းတဲ့ H1 Wireless Chip ပါလာတာ ဖြစ်ပါတယ်။ Apple က အသံအပိုင်းကိုတိုးတက်အောင် လုပ်ထားတယ်လို့ ပြောပါတယ်။ Wireless Synchronization ကလည်း ပိုကောင်းလာပါတယ်။

သူ့ကို ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖုန်း ပြောရင် အရင် မျိုးဆက်ထက် ၅၀ ရာခိုင်နှုန်း ပို အသုံးခံလာပါတယ်။ သီချင်းနားထောင်ရင် ၅ နာရီနဲ့ ဖုန်း ပြောရင် ၃ နာရီ အသုံးခံပါတယ်။ သူ့ကို Device များစွာနဲ့ ချိတ်ဆက်သုံးတဲ့ အခါမှာ Device တစ်ခုကနေ အခြား တစ်ခုကို ပြောင်းသုံးရာမှာ ၂ ဆ ပိုမိုလျှင်မြန်လာပါတယ်။ H1 Chip က Gaming Latency ကိုလည်း ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အခုဆိုရင် လက်နဲ့ ၂ ချက်နှိပ်စရာ မလိုဘဲ အသံအမိန့်နဲ့ Siri ကို ဆင့်ခေါ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.