Smartphone Trending

Snapdragon 855 , 12GB RAM ပါတဲ့ Black Shark 2 ကို ေၾကညာၿပီ

Xiaomi က သူ႔ရဲ႕ Gaming Phone အသစ္ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Black Shark 2 ျဖစ္ၿပီး Snapdragon 855 , 12GB RAM မ်ား ပါလာပါတယ္။ ေရွာင္မီက Liquid Cool 3.0 အမည္ရ အပူေလွ်ာ့ခ်ေပးတဲ့ နည္းပညာ အသစ္က Chipset ရဲ႕ အပူခ်ိန္ကို 14°C အထိ ထိန္းထားေပးႏုိင္တယ္လို႔ ေျပာပါတယ္။ ဖုန္းမွာ တပ္ဆင္ႏိုင္တဲ့ Cooling Case ကိုလည္း ထုတ္လုပ္ထားၿပီး သူ႔ကို တပ္ဆင္ထားရင္ ေနာက္ထပ္ 5°C ေလွ်ာ့ခ်ေပးပါတယ္။

ဖုန္းရဲ႕ ဒီဇိုင္းက Gamer ေတြ အႀကိဳက္ ျဖစ္ပါတယ္။ အေနာက္ဘက္မွာ အေရာင္ေတာက္တဲ့ လိုဂို ပါပါတယ္။ AI လုပ္ေဆာင္ခ်က္က CPU ၊ GPU မ်ား အပါအ၀င္ ဂိမ္း ကစားရင္ ေခ်ာမြတ္ေအာင္ ကူညီေပးႏုိင္ပါတယ္။ 27W Fast Charging ကို ေထာက္ပံ့တဲ့ 4000mAh Battery ပါပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ ဖုန္းမွာ တပ္ဆင္ ကစားႏိုင္မယ့္ GamePad 3.0 ကိုလည္း ထုတ္လုပ္ထားပါတယ္။

သူ႔မွာ ၆.၃၉ လက္မ AMOLED Screen ထည့္သြင္းထားပါတယ္။ Input Latency ကို 43.5ms အထိ ေလွ်ာ့ခ်ထားတဲ့ အတြက္ စကရင္ကို ထိေတြ႕ ကစားရင္ အလြန္ကို လွ်င္ျမန္လာပါတယ္။ စကရင္ရဲ႕ ဘယ္နဲ႔ ညာဘက္ျခမ္းမွာ ဖိအားျပင္းျပင္းနဲ႔ ႏွိပ္ရင္ အလုပ္မ်ား လုပ္ေပးႏိုင္တဲ့ Magic Press အမည္ရ ဖိအား အာရံုခံ လုပ္ေဆာင္ခ်က္လည္း ပါလာပါတယ္။ ဖုန္းကို Portrait Mode နဲ႔  ဂိမ္းကစားရင္ စပီကာမ်ားကို မဖံုးကြယ္ေအာင္ ဖန္တီးထားပါတယ္။

အေနာက္ဘက္မွာ 48MP + 12MP Telephoto Lens နဲ႔ အေရွ႕ဘက္မွာ 20MP Camera မ်ား ထည့္ထားပါတယ္။ 6/128GB ကို ယြမ္ ၃၂၀၀ ၊ 12/256GB ကို ယြမ္ ၄၂၀၀ သတ္မွတ္ထားပါတယ္။ တရုတ္မွာ စတင္ ေရာင္းခ်ေပးလိုက္ပါၿပီ။

unicode

Snapdragon 855 , 12GB RAM ပါတဲ့ Black Shark 2 ကို ကြေညာပြီ

Xiaomi က သူ့ရဲ့ Gaming Phone အသစ်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Black Shark 2 ဖြစ်ပြီး Snapdragon 855 , 12GB RAM များ ပါလာပါတယ်။ ရှောင်မီက Liquid Cool 3.0 အမည်ရ အပူလျှော့ချပေးတဲ့ နည်းပညာ အသစ်က Chipset ရဲ့ အပူချိန်ကို 14°C အထိ ထိန်းထားပေးနိုင်တယ်လို့ ပြောပါတယ်။ ဖုန်းမှာ တပ်ဆင်နိုင်တဲ့ Cooling Case ကိုလည်း ထုတ်လုပ်ထားပြီး သူ့ကို တပ်ဆင်ထားရင် နောက်ထပ် 5°C လျှော့ချပေးပါတယ်။

ဖုန်းရဲ့ ဒီဇိုင်းက Gamer တွေ အကြိုက် ဖြစ်ပါတယ်။ အနောက်ဘက်မှာ အရောင်တောက်တဲ့ လိုဂို ပါပါတယ်။ AI လုပ်ဆောင်ချက်က CPU ၊ GPU များ အပါအဝင် ဂိမ်း ကစားရင် ချောမွတ်အောင် ကူညီပေးနိုင်ပါတယ်။ 27W Fast Charging ကို ထောက်ပံ့တဲ့ 4000mAh Battery ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ ဖုန်းမှာ တပ်ဆင် ကစားနိုင်မယ့် GamePad 3.0 ကိုလည်း ထုတ်လုပ်ထားပါတယ်။

သူ့မှာ ၆.၃၉ လက်မ AMOLED Screen ထည့်သွင်းထားပါတယ်။ Input Latency ကို 43.5ms အထိ လျှော့ချထားတဲ့ အတွက် စကရင်ကို ထိတွေ့ ကစားရင် အလွန်ကို လျှင်မြန်လာပါတယ်။ စကရင်ရဲ့ ဘယ်နဲ့ ညာဘက်ခြမ်းမှာ ဖိအားပြင်းပြင်းနဲ့ နှိပ်ရင် အလုပ်များ လုပ်ပေးနိုင်တဲ့ Magic Press အမည်ရ ဖိအား အာရုံခံ လုပ်ဆောင်ချက်လည်း ပါလာပါတယ်။ ဖုန်းကို Portrait Mode နဲ့  ဂိမ်းကစားရင် စပီကာများကို မဖုံးကွယ်အောင် ဖန်တီးထားပါတယ်။

အနောက်ဘက်မှာ 48MP + 12MP Telephoto Lens နဲ့ အရှေ့ဘက်မှာ 20MP Camera များ ထည့်ထားပါတယ်။ 6/128GB ကို ယွမ် ၃၂၀၀ ၊ 12/256GB ကို ယွမ် ၄၂၀၀ သတ်မှတ်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.