48MP Main Camera , 16MP Pop-up Selfie Camera မ်ားပါတဲ့ Vivo X27

0
8

Vivo X27 ကို တရား၀င္ေၾကညာလိုက္ပါတယ္။ သူဟာ V15 Pro ကို အဆင့္ျမွင့္ထားတဲ့ ဗားရွင္းပါ။ သူတို႔ ႏွစ္လံုးစလံုးမွာ ၆.၃၉ လက္မ Super AMOLED FullHD+ Screen , Fingerprint Scanner ,48MP Quad Bayer Sensor  မ်ား ပါပါတယ္။ Notch , Hole မ်ား မပါၾကပါဘူး။  X27 ရဲ႕  120 Degree Ultra-wide Angle 13MP Camera က V15 Pro ရဲ႕ 120 Degree 8MP Camera ထက္ အားသာခ်က္ပါ။

ဖုန္း ၂ လံုးစလံုးမွာ 5MP Depth Sensor ပါပါတယ္။ ကင္မရာမွာ အလင္းေရာင္နည္းပါးခ်ိန္တြင္ ဓါတ္ပံုမ်ားစြာ ရိုက္ကူးၿပီး အေကာင္းဆံုး တစ္ပံုကို ထုတ္ေပးႏုိင္တဲ့ Night Mode ပါပါတယ္။ ဆဲလ္ဖီး ကင္မရာ အပိုင္းမွာ X27 က အားနည္းသြားၿပီး 32MP အစား 16MP ကိုသာ သံုးထားပါတယ္။ တူညီတာကေတာ့ Pop-up Camera Design ပါ။ ကင္မရာ ထြက္လာတဲ့ အျမန္ႏႈန္း အပိုင္းမွာ X27 က ၀.၆၈ စကၠန္႔ျဖစ္ၿပီး V15 Pro ရဲ႕ ၀.၄၆ စကၠန္႔ထက္ အနည္းငယ္ပိုၾကာပါတယ္။

X27 မွာ Snapdragon 710 Chipset, 8GB RAM , 256GB Storage မ်ား ပါၿပီး Storage အပိုင္းမွာ V15 Pro ထက္ ႏွစ္ဆမ်ား ပါတယ္။ Vapor Chamber က Chipset ရဲ႕ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးပါတယ္။ Android 9.0 Pie အေျချပဳ Funtouch OS 9 ေမာင္းႏွင္ထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ၿပီး အနည္းငယ္ပိုႀကီးပါတယ္။ 18W Fast Charging ကို ေထာက္ပံ့ပါတယ္။  X27 ကို ယြမ္ ၃၆၀၀ ( ၅၃၅ ေဒၚလာ) သတ္မွတ္ထားၿပီး V15 Pro ကေတာ့ ၃၄၅ ေဒၚလာသာရွိပါတယ္။

unicode

48MP Main Camera , 16MP Pop-up Selfie Camera များပါတဲ့ Vivo X27

Vivo X27 ကို တရားဝင်ကြေညာလိုက်ပါတယ်။ သူဟာ V15 Pro ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းပါ။ သူတို့ နှစ်လုံးစလုံးမှာ ၆.၃၉ လက်မ Super AMOLED FullHD+ Screen , Fingerprint Scanner ,48MP Quad Bayer Sensor များ ပါပါတယ်။ Notch , Hole များ မပါကြပါဘူး။ X27 ရဲ့ 120 Degree Ultra-wide Angle 13MP Camera က V15 Pro ရဲ့ 120 Degree 8MP Camera ထက် အားသာချက်ပါ။

ဖုန်း ၂ လုံးစလုံးမှာ 5MP Depth Sensor ပါပါတယ်။ ကင်မရာမှာ အလင်းရောင်နည်းပါးချိန်တွင် ဓါတ်ပုံများစွာ ရိုက်ကူးပြီး အကောင်းဆုံး တစ်ပုံကို ထုတ်ပေးနိုင်တဲ့ Night Mode ပါပါတယ်။ ဆဲလ်ဖီး ကင်မရာ အပိုင်းမှာ X27 က အားနည်းသွားပြီး 32MP အစား 16MP ကိုသာ သုံးထားပါတယ်။ တူညီတာကတော့ Pop-up Camera Design ပါ။ ကင်မရာ ထွက်လာတဲ့ အမြန်နှုန်း အပိုင်းမှာ X27 က ဝ.၆၈ စက္ကန့်ဖြစ်ပြီး V15 Pro ရဲ့ ဝ.၄၆ စက္ကန့်ထက် အနည်းငယ်ပိုကြာပါတယ်။

X27 မှာ Snapdragon 710 Chipset, 8GB RAM , 256GB Storage များ ပါပြီး Storage အပိုင်းမှာ V15 Pro ထက် နှစ်ဆများ ပါတယ်။ Vapor Chamber က Chipset ရဲ့ အပူချိန်ကို လျှော့ချပေးပါတယ်။ Android 9.0 Pie အခြေပြု Funtouch OS 9 မောင်းနှင်ထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပြီး အနည်းငယ်ပိုကြီးပါတယ်။ 18W Fast Charging ကို ထောက်ပံ့ပါတယ်။ X27 ကို ယွမ် ၃၆၀၀ ( ၅၃၅ ဒေါ်လာ) သတ်မှတ်ထားပြီး V15 Pro ကတော့ ၃၄၅ ဒေါ်လာသာရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.