25MP Selfie Camera ပါတဲ့ Samsung Galaxy A40 ကို ေၾကညာ

0
150

သတင္းေတြထြက္ေနတဲ့ Samsung Galaxy A40 ကို နယ္သာလန္မွာ တရား၀င္ ေၾကညာလိုက္ပါတယ္။ သူ႔မွာ Exynos 7885 Chipset , Dual Main Camera , 25MP Selfie Camera , OneUI မ်ား ပါပါတယ္။ သူဟာ Galaxy A50 နဲ႔ A30 အၾကားက ဖုန္း ျဖစ္ပါတယ္။

သူ႔မွာ ၅.၉ လက္မ Super AMOLED FullHD+ Display ထည့္သြင္းထားပါတယ္။ အရြယ္ေသး Notch ထည့္သြင္းထားပါတယ္။ ဆမ္ေဆာင္းက သူ႔ကို Infinity-U Display လို႔ အမည္ေပးထားပါတယ္။ 4GB RAM, 64GB Storage မ်ား ထည့္သြင္းထားပါတယ္။ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။

အေနာက္ကင္မရာ ၂ လံုးက 16MP+5MP မ်ား ျဖစ္ပါတယ္။ သာမာန္ တစ္လံုးနဲ႔ ျမင္ကြင္းက်ယ္တစ္လံုး ျဖစ္ပါတယ္။ ကင္မရာမ်ားက Galaxy A30 လိုမ်ိဳး ျဖစ္ပါတယ္။ အေရွ႕ ကင္မရာက Galaxy A50 နဲ႔ တူၿပီး 25MP f/2.0 ျဖစ္ပါတယ္။

သူ႔ရဲ႕ အရြယ္အစား အျပည့္အစံုမွာ 144.3 x 69.1 x 7.9 mm ျဖစ္ပါတယ္။ သူ႔ကို ယူရို ၂၄၉ သတ္မွတ္ထားပါတယ္။ အနက္၊ အျပာ၊ ေက်ာက္မီးေသြး၊ အျဖဴေရာင္မ်ား ထုတ္လုပ္ထားပါတယ္။ ဘက္ထရီက 3100mAh ျဖစ္ပါတယ္။ Android Pie အေျချပဳ OneUI ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ နယ္သာလန္မွာ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ၿပီ ျဖစ္ၿပီး ဧၿပီလ ၁၀ ရက္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

unicode

25MP Selfie Camera ပါတဲ့ Samsung Galaxy A40 ကို ကြေညာ

သတင်းတွေထွက်နေတဲ့ Samsung Galaxy A40 ကို နယ်သာလန်မှာ တရားဝင် ကြေညာလိုက်ပါတယ်။ သူ့မှာ Exynos 7885 Chipset , Dual Main Camera , 25MP Selfie Camera , OneUI များ ပါပါတယ်။ သူဟာ Galaxy A50 နဲ့ A30 အကြားက ဖုန်း ဖြစ်ပါတယ်။

သူ့မှာ ၅.၉ လက်မ Super AMOLED FullHD+ Display ထည့်သွင်းထားပါတယ်။ အရွယ်သေး Notch ထည့်သွင်းထားပါတယ်။ ဆမ်ဆောင်းက သူ့ကို Infinity-U Display လို့ အမည်ပေးထားပါတယ်။ 4GB RAM, 64GB Storage များ ထည့်သွင်းထားပါတယ်။ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အနောက်ကင်မရာ ၂ လုံးက 16MP+5MP များ ဖြစ်ပါတယ်။ သာမာန် တစ်လုံးနဲ့ မြင်ကွင်းကျယ်တစ်လုံး ဖြစ်ပါတယ်။ ကင်မရာများက Galaxy A30 လိုမျိုး ဖြစ်ပါတယ်။ အရှေ့ ကင်မရာက Galaxy A50 နဲ့ တူပြီး 25MP f/2.0 ဖြစ်ပါတယ်။

သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 144.3 x 69.1 x 7.9 mm ဖြစ်ပါတယ်။ သူ့ကို ယူရို ၂၄၉ သတ်မှတ်ထားပါတယ်။ အနက်၊ အပြာ၊ ကျောက်မီးသွေး၊ အဖြူရောင်များ ထုတ်လုပ်ထားပါတယ်။ ဘက်ထရီက 3100mAh ဖြစ်ပါတယ်။ Android Pie အခြေပြု OneUI ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ နယ်သာလန်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ဧပြီလ ၁၀ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.