၁၀၅ ေဒၚလာတန္ Redmi 7 ကို ေၾကညာ

0
193

Redmi 7 ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ သူဟာ တန္ဖိုးနည္း ဖုန္း ျဖစ္ၿပီး ေပးရတဲ့ ေစ်းထက္ တန္တဲ့ ပေရာ္ဆက္ဆာ ထည့္သြင္းထားပါတယ္။ သူ႔မွာ ၆.၂၆ လက္မ LCD HD+ Display ထည့္သြင္းထားတဲ့ အတြက္ အရြယ္ႀကီး မ်က္နွာျပင္ ျဖစ္ပါတယ္။

သူ႔ကို CPU Core ၈ လံုးပါတဲ့ Qualcomm Snapdragon 632 Chipset ေမာင္းႏွင္ထားပါတယ္။ Clock Speed က 1.8GHz ပါ။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုး ပါၿပီး 12MP+2MP မ်ား ျဖစ္ပါတယ္။ ပင္မ ကင္မရာရဲ႕ ဆန္ဆာ အရြယ္အစားက ၂၀၁၇ ခုႏွစ္ထုတ္ စြမ္းရည္ျမင့္ Xiaomi Mi 6 မွာလို  1/2.9” ပါ။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။

မန္မိုရီ အပိုင္းမွာ 2/16 GB, 3/32 GB,  4/64 GB ဆိုၿပီး ၃ မ်ိဳး ထုတ္လုပ္ထားပါတယ္။ ယြမ္ ၆၉၉ (၁၀၅ ေဒၚလာ) ၊ ယြမ္ ၇၉၉( ၁၂၀ ေဒၚလာ) နဲ႔ ယြမ္ ၉၉၉ ( ၁၅၀ ေဒၚလာ) အသီးသီး သတ္မွတ္္ထားပါတယ္။ အရြယ္ႀကီး 4000mAh Battery ပါပါတယ္။ 10W Charging ကို ေထာက္ပံ့ထားပါတယ္။ ေဆာ့ဖ္၀ဲ အပိုင္းမွာ AI လုပ္ေဆာင္ခ်က္မ်ားစြာ ပါပါတယ္။ Android Pie အေျချပဳ MIUI 10 ထည့္သြင္းထားပါတယ္။  မတ္လ ၂၆ ရက္ေန႔မွာ ပထမဆံုး Flash Sale ကို ေရာင္းခ်မွာ ျဖစ္ပါတယ္။

ေဘဂ်င္းမွာ ေၾကညာတဲ့ ပြဲမွာ Redmi Note 7 Pro ကိုပါ မိတ္ဆက္ခဲ့ပါတယ္။ သူဟာ အိႏၵိယမွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလက ေၾကညာခဲ့တဲ့ ေမာ္ဒယ္နဲ႔ အတူတူပါပဲ။

unicode

၁၀၅ ဒေါ်လာတန် Redmi 7 ကို ကြေညာ

Redmi 7 ကို တရားဝင် ကြေညာလိုက်ပါပြီ။ သူဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး ပေးရတဲ့ ဈေးထက် တန်တဲ့ ပရော်ဆက်ဆာ ထည့်သွင်းထားပါတယ်။ သူ့မှာ ၆.၂၆ လက်မ LCD HD+ Display ထည့်သွင်းထားတဲ့ အတွက် အရွယ်ကြီး မျက်နှာပြင် ဖြစ်ပါတယ်။

သူ့ကို CPU Core ၈ လုံးပါတဲ့ Qualcomm Snapdragon 632 Chipset မောင်းနှင်ထားပါတယ်။ Clock Speed က 1.8GHz ပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပါပြီး 12MP+2MP များ ဖြစ်ပါတယ်။ ပင်မ ကင်မရာရဲ့ ဆန်ဆာ အရွယ်အစားက ၂၀၁၇ ခုနှစ်ထုတ် စွမ်းရည်မြင့် Xiaomi Mi 6 မှာလို 1/2.9” ပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

မန်မိုရီ အပိုင်းမှာ 2/16 GB, 3/32 GB, 4/64 GB ဆိုပြီး ၃ မျိုး ထုတ်လုပ်ထားပါတယ်။ ယွမ် ၆၉၉ (၁၀၅ ဒေါ်လာ) ၊ ယွမ် ၇၉၉( ၁၂၀ ဒေါ်လာ) နဲ့ ယွမ် ၉၉၉ ( ၁၅၀ ဒေါ်လာ) အသီးသီး သတ်မှတ်ထားပါတယ်။ အရွယ်ကြီး 4000mAh Battery ပါပါတယ်။ 10W Charging ကို ထောက်ပံ့ထားပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ AI လုပ်ဆောင်ချက်များစွာ ပါပါတယ်။ Android Pie အခြေပြု MIUI 10 ထည့်သွင်းထားပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ ပထမဆုံး Flash Sale ကို ရောင်းချမှာ ဖြစ်ပါတယ်။

ဘေဂျင်းမှာ ကြေညာတဲ့ ပွဲမှာ Redmi Note 7 Pro ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ သူဟာ အိန္ဒိယမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ မော်ဒယ်နဲ့ အတူတူပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.