Trending

ကမာၻ႕ပထမဆံုးေသာ Slide စမတ္ဖုန္းအျဖစ္နဲ႕ ထြက္ရွိလာတဲ့ ZTE Axon S

Zawgyi Version

ZTE ရဲ႕ လူသိနည္းစမတ္ဖုန္းbrand ေလးကေတာ့ တရုတ္ႏုိင္ငံ Shenzhen မွာ တည္ရွိေနပါတယ္။ ZTE Axon M အပါအ၀င္ ဆန္းသစ္တဲ့ဒီဇုိင္းေတြကို ထုတ္လုပ္ခဲ့တယ္ဆိုတာကေတာ့ အသိအမွတ္ျပဳေပးရမွာျဖစ္ပါတယ္။ Axon S ကေတာ့ ကမာၻ႕ပထမဆံုးေသာ Slide စမတ္ဖုန္းအျဖစ္နဲ႕ ထြက္ရွိလာတာ ျဖစ္ပါတယ္။ အဲဒီစမတ္ဖုန္းေလးမွာ စိတ္လႈပ္ရွားဖြယ္ ၊ ေခတ္လြန္ဒီဇုိင္းေတြကို အသံုးျပဳေပးထားပါတယ္။

ZTE Axon S Design နဲ႕ Features

ZTE Axon S ရဲ႕ အေရွ႕ပိုင္းကေတာ့ screen display ၾကီးၾကီးကိုအသံုးျပဳထားျပီး ေဘးေဘာင္ေတြကေတာ့ မထင္မရွား၀န္းရံထားပါတယ္။ on display fingerprint sensor ကို အသံုးျပဳထားပါတယ္။ notification bar ကို ေသခ်ာၾကည့္လုိက္မွ 5G ေထာက္ပံ့ေပးထားတယ္ဆိုတာ ျမင္လိုက္ရပါတယ္။ ZTE Axon 10 Pro ျပီးရင္ေတာ့ ဒုတိယေျမာက္ထြက္ရွိလာတယ္လို႕ ဆုိရမွာပါ။

အေပၚမွာေျပာခဲ့သလိုပဲ ZTE Axon S က sliding mechanism တစ္ခုထည့္ထားပါတယ္။ ဒါေလးက လက္ရွိေစ်းကြက္မွာ ထူးျခားေနပါတယ္။ slider ေလးဟာ စိတ္၀င္စားဖို႕ေကာင္းတဲ့အျပင္ လုိအပ္တဲ့ feature ေတြကိုလည္း ထည့္သြင္းေပးႏုိင္ပါတယ္။ Axon S ေလးကို slide လုပ္လုိက္တဲ့အခါမွာ အေရွ႕နဲ႕အေနာက္ဆိုျပီး ႏွစ္ပိုင္းျဖစ္သြားပါတယ္။ အေရွ႕ကေတာ့ dual selfie camera setup ျဖစ္ျပီး အသံခလုတ္ေတြကိုလည္း touch control နဲ႕ လုပ္ႏုိင္သြားပါတယ္။

အေနာက္ဘက္ပိုင္းမွာေတာ့ ကင္မရာသံုးလံုးနဲ႕အတူ Xenon flash ကို ေတြ႕ျမင္ရမွာပါ။ slide ရဲ႕ အေနာက္ဘက္ပိုင္းမွာ ZTE brand ကို ေတြ႕ျမင္ႏုိင္ျပီးေတာ့ ကင္မရာရဲ႕အေသးစိတ္အခ်ိဳ႕ကိုလည္း ျမင္ေတြ႕ႏုိင္ပါတယ္။ 5x optical zoom နည္းပညာကို ေထာက္ပံ့ေပးထားျပီး သံုးလံုးထဲကတစ္လံုးေလာက္ကေတာ့ 48 MP sensor သံုးထားေကာင္းပါတယ္။ Axon S ရဲ႕ အေနာက္ဘက္ဟာ ေသသပ္ရွင္းလင္းေနတာမို႕ အျခားေသာ sensor ေတြ ထည့္သြင္းထားမွာ မဟုတ္ေလာက္ပါဘူး။

chipset, display size နဲ႕ battery capacity ေတြကေတာ့ တရား၀င္ေၾကညာမွ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ဒီအခ်ိန္အထိလည္း စိတ္ရွည္ရွည္နဲ႕ ေစာင့္ေပးရမွာျဖစ္ပါတယ္။

Unicode Version

ZTE ရဲ့ လူသိနည်းစမတ်ဖုန်းbrand လေးကတော့ တရုတ်နိုင်ငံ Shenzhen မှာ တည်ရှိနေပါတယ်။ ZTE Axon M အပါအဝင် ဆန်းသစ်တဲ့ဒီဇိုင်းတွေကို ထုတ်လုပ်ခဲ့တယ်ဆိုတာကတော့ အသိအမှတ်ပြုပေးရမှာဖြစ်ပါတယ်။ Axon S ကတော့ ကမ္ဘာ့ပထမဆုံးသော Slide စမတ်ဖုန်းအဖြစ်နဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းလေးမှာ စိတ်လှုပ်ရှားဖွယ် ၊ ခေတ်လွန်ဒီဇိုင်းတွေကို အသုံးပြုပေးထားပါတယ်။
ZTE Axon S Design နဲ့ Features


ZTE Axon S ရဲ့ အရှေ့ပိုင်းကတော့ screen display ကြီးကြီးကိုအသုံးပြုထားပြီး ဘေးဘောင်တွေကတော့ မထင်မရှားဝန်းရံထားပါတယ်။ on display fingerprint sensor ကို အသုံးပြုထားပါတယ်။ notification bar ကို သေချာကြည့်လိုက်မှ 5G ထောက်ပံ့ပေးထားတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ZTE Axon 10 Pro ပြီးရင်တော့ ဒုတိယမြောက်ထွက်ရှိလာတယ်လို့ ဆိုရမှာပါ။


အပေါ်မှာပြောခဲ့သလိုပဲ ZTE Axon S က sliding mechanism တစ်ခုထည့်ထားပါတယ်။ ဒါလေးက လက်ရှိဈေးကွက်မှာ ထူးခြားနေပါတယ်။ slider လေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် လိုအပ်တဲ့ feature တွေကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။ Axon S လေးကို slide လုပ်လိုက်တဲ့အခါမှာ အရှေ့နဲ့အနောက်ဆိုပြီး နှစ်ပိုင်းဖြစ်သွားပါတယ်။ အရှေ့ကတော့ dual selfie camera setup ဖြစ်ပြီး အသံခလုတ်တွေကိုလည်း touch control နဲ့ လုပ်နိုင်သွားပါတယ်။


အနောက်ဘက်ပိုင်းမှာတော့ ကင်မရာသုံးလုံးနဲ့အတူ Xenon flash ကို တွေ့မြင်ရမှာပါ။ slide ရဲ့ အနောက်ဘက်ပိုင်းမှာ ZTE brand ကို တွေ့မြင်နိုင်ပြီးတော့ ကင်မရာရဲ့အသေးစိတ်အချို့ကိုလည်း မြင်တွေ့နိုင်ပါတယ်။ 5x optical zoom နည်းပညာကို ထောက်ပံ့ပေးထားပြီး သုံးလုံးထဲကတစ်လုံးလောက်ကတော့ 48 MP sensor သုံးထားကောင်းပါတယ်။ Axon S ရဲ့ အနောက်ဘက်ဟာ သေသပ်ရှင်းလင်းနေတာမို့ အခြားသော sensor တွေ ထည့်သွင်းထားမှာ မဟုတ်လောက်ပါဘူး။
chipset, display size နဲ့ battery capacity တွေကတော့ တရားဝင်ကြေညာမှ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအချိန်အထိလည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးရမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.