Posted on Leave a comment

“There’s More To iPhone” Campaign အျဖစ္နဲ႕ ဗြီဒီယိုအသစ္ေတြတင္လိုက္တဲ့ Apple

Zawgyi Version

Apple က iPhone ေတြနဲ႕ပတ္သတ္ျပီး အထိအေတြ႕ရွိေနေအာင္လို႕ လုပ္ေဆာင္လိုက္တဲ့သေဘာပါပဲ။ ယူေကမွာ ဗြီဒီယိုအသစ္ေလးေတြကို တင္ဆက္ေပးလိုက္တာပါ။ “There’s More to iPhone” marketing campaign ကေတာ့ အရွိန္ေႏွးသြားတယ္လို႕ ေျပာရမွာပါ။

ဒီတစ္ၾကိမ္မွာေတာ့ Apple က Face ID, iOS 12 နဲ႕ recycle phone ေတြကို ဦးစားေပးထားပါတယ္။

Face ID နဲ႕ စျပီးေတာ့ Apple ဟာ ဒီစနစ္ကိုအသံုးျပဳတဲ့အခါ သံုးစြဲသူရဲ႕မ်က္ႏွာကို ဘယ္ေနရာမွာမွ သိမ္းဆည္းထားျခင္းမရွိဘူးဆိုတာကို ယံုၾကည္ေစခဲ့ပါတယ္။ ဒါေပမယ့္လည္း အရာအားလံုးကိုထိန္းခ်ဳပ္ထားတာကေတာ့ ေမွာ္ဆန္တဲ့ သခ်ၤာပညာပဲ ျဖစ္ပါတယ္။

ဓါတ္ပံုကိုသိမ္းဆည္းတာမဟုတ္ဘဲ Face ID ဟာ ၀ိေသသလကၡဏာေတြကို သခ်ၤာကိန္းဂဏန္းအျဖစ္ ေျပာင္းလဲသိမ္းဆည္းပါတယ္။ အျခားသူေတြအတြက္ေတာ့ မျဖစ္ႏုိင္ေလာက္တဲ့အေနအထားပါ။

iOS 12 မွာေတာ့ Apple ဟာ update ေလးကိုသံုးဖို႕အတြက္ ဖုန္းအသစ္မလိုအပ္ေၾကာင္း ၊ ဟန္းဆက္အေဟာင္းေတြမွာသံုးမယ္ဆိုရင္ iOS 11 ထက္ေတာင္ ျမန္ဆန္ႏုိင္တယ္ဆိုတာ ျပသထားပါတယ္။ ဒါကေတာ့ စိတ္ကိုဆြဲေခၚလိုက္တဲ့သေဘာပါပဲ။

ေနာက္တစ္ခုက Apple recycles phone ေတြျဖစ္ပါတယ္။ iPhone မဟုတ္ရင္ေတာင္မွ trade in လုပ္သမွ်ဖုန္းေတြကို recycle ျပန္လုပ္မွာပါ။ ဒါဟာ material မ်ားမ်ားကို ျပန္သံုးႏုိင္သလို resource ေတြကိုလည္း နည္းနည္းပဲသံုးရေတာ့မွာျဖစ္ပါတယ္။

ဒီ advertising campaign ေလးကေတာ့ iPhone ေတြဟာ ျပိဳင္ဘက္ေတြၾကားမွာ တမူထူးျခားေနတယ္ဆိုတာ ျပသလုိက္တာျဖစ္ပါတယ္။ ဗြီဒီယိုေလးေတြကို စာဖတ္ရတာ အေႏွာင့္အယွက္မျဖစ္ေအာင္ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

Unicode Version

Apple က iPhone တွေနဲ့ပတ်သတ်ပြီး အထိအတွေ့ရှိနေအောင်လို့ လုပ်ဆောင်လိုက်တဲ့သဘောပါပဲ။ ယူကေမှာ ဗွီဒီယိုအသစ်လေးတွေကို တင်ဆက်ပေးလိုက်တာပါ။ “There’s More to iPhone” marketing campaign ကတော့ အရှိန်နှေးသွားတယ်လို့ ပြောရမှာပါ။
ဒီတစ်ကြိမ်မှာတော့ Apple က Face ID, iOS 12 နဲ့ recycle phone တွေကို ဦးစားပေးထားပါတယ်။
Face ID နဲ့ စပြီးတော့ Apple ဟာ ဒီစနစ်ကိုအသုံးပြုတဲ့အခါ သုံးစွဲသူရဲ့မျက်နှာကို ဘယ်နေရာမှာမှ သိမ်းဆည်းထားခြင်းမရှိဘူးဆိုတာကို ယုံကြည်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးကိုထိန်းချုပ်ထားတာကတော့ မှော်ဆန်တဲ့ သင်္ချာပညာပဲ ဖြစ်ပါတယ်။
ဓါတ်ပုံကိုသိမ်းဆည်းတာမဟုတ်ဘဲ Face ID ဟာ ဝိသေသလက္ခဏာတွေကို သင်္ချာကိန်းဂဏန်းအဖြစ် ပြောင်းလဲသိမ်းဆည်းပါတယ်။ အခြားသူတွေအတွက်တော့ မဖြစ်နိုင်လောက်တဲ့အနေအထားပါ။
iOS 12 မှာတော့ Apple ဟာ update လေးကိုသုံးဖို့အတွက် ဖုန်းအသစ်မလိုအပ်ကြောင်း ၊ ဟန်းဆက်အဟောင်းတွေမှာသုံးမယ်ဆိုရင် iOS 11 ထက်တောင် မြန်ဆန်နိုင်တယ်ဆိုတာ ပြသထားပါတယ်။ ဒါကတော့ စိတ်ကိုဆွဲခေါ်လိုက်တဲ့သဘောပါပဲ။
နောက်တစ်ခုက Apple recycles phone တွေဖြစ်ပါတယ်။ iPhone မဟုတ်ရင်တောင်မှ trade in လုပ်သမျှဖုန်းတွေကို recycle ပြန်လုပ်မှာပါ။ ဒါဟာ material များများကို ပြန်သုံးနိုင်သလို resource တွေကိုလည်း နည်းနည်းပဲသုံးရတော့မှာဖြစ်ပါတယ်။
ဒီ advertising campaign လေးကတော့ iPhone တွေဟာ ပြိုင်ဘက်တွေကြားမှာ တမူထူးခြားနေတယ်ဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။ ဗွီဒီယိုလေးတွေကို စာဖတ်ရတာ အနှောင့်အယှက်မဖြစ်အောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.