Smartphone Trending

PUBG ကစားေနတဲ့ Black Shark 2 ရဲ႕ ဗီဒီယိုကို Xiaomi ျပသ


Black Shark Gaming Brand ရဲ႕ စီအီးအို ျဖစ္သူက Black Shark 2 နဲ႔ နာမည္ေက်ာ္ PUBG Game ကို ကစားေနတဲ့ ဗီဒီယိုတစ္ခုကို မွ်ေ၀လိုက္ပါတယ္။  အဲဒီ ဖုန္းကို ဒီလ ၁၈ ရက္မွာ ေၾကညာမွာပါ။ အဲဒီပြဲမွာ ကုမၸဏီက အလံုး ၁၀၀ ကို ၀ီဘိုကေန ကံစမ္းမဲေဖာက္ေပးမွာ ျဖစ္ပါတယ္။

မၾကာခင္ကပဲ စီအီးအို Peter Wu က Black Shark 2 မွာ Qualcomm Snapdragon 855 Chipset , 12GB RAM မ်ား ပါလာမယ္လို႔ ၀ီဘိုမွာ အရိပ္အျမြက္ ေၾကညာထားပါတယ္။ သူက ယခင္မ်ိဳးဆက္ထက္ စြမ္းရည္ ၆၀ ရာခုိင္ႏႈန္း တိုးတက္လာတဲ့ e-sports grade battery ပါမယ္လို႔လည္း ေျပာထားပါတယ္။ Black Shark က ၀ီဘိုမွာ ေနာက္ထုတ္မယ့္ ဂိမ္း ဖုန္းမွာ Liquid Cool 3.0 နည္းပညာ ပါမယ္လို႔ အတည္ျပဳခဲ့ၿပီးပါၿပီ။ ဒီနည္းပညာက ဂိမ္း ကစားရင္ ဖုန္းကို အပူမလြန္ကဲေစဘဲ ေခ်ာမြတ္စြာ ကစားႏိုင္မွာ ျဖစ္ပါတယ္။

ယခင္လကလည္း TENAA ကေန သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို သိခဲ့ရပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ အရြယ္အစား ၊ မ်က္ႏွာျပင္ အရြယ္အစား၊ ဘက္ထရီ ပမာဏမ်ားလို သတင္းအခ်က္အလက္ အနည္းငယ္ကိုသာ သိရပါေသးတယ္။ သူဟာ ပထမမ်ိဳးဆက္နဲ႔ ဒီဇိုင္းအပိုင္းမွာ တူညီပါတယ္။ အေနာက္ဘက္မွာ Pattern မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးကို ေဒါင္လိုက္ ျပင္ဆင္ ထည့္သြင္းထားသလို လက္ေဗြရာ အာရံုခံ ကိရိယာလည္း ပါပါတယ္။ Shark Key ကိုလည္း မူလ ေနရာမွာ ထည့္သြင္းထားပါတယ္။

Black Shark 2 မွာ မူလေမာ္ဒယ္လိုပဲ ၅.၉၉ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ TENAA မွာ ေဖာ္ျပထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ပါတယ္။ ဒါေပမယ့္ အရြယ္အစားက ပိုရွည္သြားၿပီး ပိုထူလာပါတယ္။ 8GB RAM Model လည္း ပါလာနုိင္ပါတယ္။

unicode

PUBG ကစားနေတဲ့ Black Shark 2 ရဲ့ ဗီဒီယိုကို Xiaomi ပြသ

Black Shark Gaming Brand ရဲ့ စီအီးအို ဖြစ်သူက Black Shark 2 နဲ့ နာမည်ကျော် PUBG Game ကို ကစားနေတဲ့ ဗီဒီယိုတစ်ခုကို မျှဝေလိုက်ပါတယ်။  အဲဒီ ဖုန်းကို ဒီလ ၁၈ ရက်မှာ ကြေညာမှာပါ။ အဲဒီပွဲမှာ ကုမ္ပဏီက အလုံး ၁၀၀ ကို ဝီဘိုကနေ ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပါတယ်။

မကြာခင်ကပဲ စီအီးအို Peter Wu က Black Shark 2 မှာ Qualcomm Snapdragon 855 Chipset , 12GB RAM များ ပါလာမယ်လို့ ဝီဘိုမှာ အရိပ်အမြွက် ကြေညာထားပါတယ်။ သူက ယခင်မျိုးဆက်ထက် စွမ်းရည် ၆၀ ရာခိုင်နှုန်း တိုးတက်လာတဲ့ e-sports grade battery ပါမယ်လို့လည်း ပြောထားပါတယ်။ Black Shark က ဝီဘိုမှာ နောက်ထုတ်မယ့် ဂိမ်း ဖုန်းမှာ Liquid Cool 3.0 နည်းပညာ ပါမယ်လို့ အတည်ပြုခဲ့ပြီးပါပြီ။ ဒီနည်းပညာက ဂိမ်း ကစားရင် ဖုန်းကို အပူမလွန်ကဲစေဘဲ ချောမွတ်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။

ယခင်လကလည်း TENAA ကနေ သူ့ရဲ့ သတင်းအချက်အလက်များကို သိခဲ့ရပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရွယ်အစား ၊ မျက်နှာပြင် အရွယ်အစား၊ ဘက်ထရီ ပမာဏများလို သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရပါသေးတယ်။ သူဟာ ပထမမျိုးဆက်နဲ့ ဒီဇိုင်းအပိုင်းမှာ တူညီပါတယ်။ အနောက်ဘက်မှာ Pattern များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ပြင်ဆင် ထည့်သွင်းထားသလို လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Shark Key ကိုလည်း မူလ နေရာမှာ ထည့်သွင်းထားပါတယ်။

Black Shark 2 မှာ မူလမော်ဒယ်လိုပဲ ၅.၉၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ပိုရှည်သွားပြီး ပိုထူလာပါတယ်။ 8GB RAM Model လည်း ပါလာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.