Galaxy S10 Plus ceramic vs. glass ဘယ်ဖုန်းက drop test ခံနိုင်မလဲ

0
347

Ceramic မော်ဒယ်လ်က ဒေါ်လာ၂၅၀ အပိုပေးဖို့ ထိုက်တန်ရဲ့လား။ ဒီတော့ ကျွန်တော်တို့ drop test ကို စမ်းသပ်ထားပါတယ်။

Samsung Galaxy S10 Plus ဟာ အရင်မော်ဒယ်လ်တွေလို အကွေးတွေ၊ အလူမီနီယမ်ဖရိန်တွေက အတူတူပါပဲ။ ကြည့်ပျော်ရှုပျော်ရှိတဲ့ ပေါင်းစပ်မှုတွေဖြစ်တာမို့ ကျွန်တော်တို့ရဲ့ drop test ကိုတော့ ခံနိုင်လောက်မယ်အထင်ပါဘူး။ Galaxy S8 နဲ့ S9 တို့ရဲ့ အနောက်ဘက်ဖန်သားပြင်ကတော့ ပထမဆုံး drop level မှာတင် ကွဲခဲ့ဖူးပါတယ်။

ဒီတစ်ကြိမ်မှာတော့ S10 Plus ရဲ့အရှေ့မှာ Gorilla Glass 6 ကို အသုံးပြုထားပြီးတော့ အနောက်ဘက်မှာ Gorilla Glass 5 ဒါမှမဟုတ် ceramic ကို သင့်ရွေးချယ်မှုအရ အသုံးပြုပေးထားမှာပါ။ အရင်မော်ဒယ်လ်တွေမှာတော့ အနောက်ဘက်မှာ Gorilla Glass 5 ကို အသုံးပြုပေးထားပါတယ်။

Ceramic S10 Plus ကို ၀ယ်ယူမယ်ဆိုရင်တော့ သင့်ကို Glass S10 Plus ထက် ဒေါ်လာ၂၅၀ ထက် ပိုကုန်ကျဖွယ်ရှိနေပါတယ်။ ဒီတော့ ဒေါ်လာ၉၉၉ တန် 128GB storage ဟာ glass အတွက်ပဲ ဖြစ်ပါတယ်။ 512 GB or 1TB မော်ဒယ်လ်ဆိုရင်တော့ ceramic ကို အလိုအလျောက်ပြောင်းသွားမှာပါ။ storage ပိုများလာတဲ့အပြင် အဓိကအချက်ကတော့ ကြံ့ခိုင်မှုလည်းပိုများလာတယ်လို့ ဆိုရမှာပါ။ glass နဲ့ယှဉ်လိုက်ရင်တော့ ceramic model က ခံနိုင်ရည်ပိုများတယ်လို့ Samsung က ပြောထားပါတယ်။

Samsung ရဲ့ အပြောဆိုစမ်းသပ်ဖို့နဲ့ ceramic S10 Plus ဟာ glass ထက် ဘယ်လောက်မာသလဲဆိုတာ စမ်းကြည့်ချင်တာမို့ glass S10 Plus prism blue နဲ့ black ceramic S10 Plus လေးကို drop test လုပ်ခဲ့ကြပါတယ်။

ပြောရဦးမယ်။ ဘူးထဲကထုတ်လိုက်တာနဲ့ နှစ်လုံးစလုံးဟာ in-screen protector လေးတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ Samsung ကတော့ ကပ်ထားစေချင်ပါတယ်။

အဆင့် တစ် – အမြင့်သုံးပေကနေ ကျောပေးပစ်ချခြင်း

အိတ်ထောင်အမြင့်လောက်ကနေ ပစ်ချကြည့်ပါတယ်။ အမြင့်အနေအထားအရဆိုရင်တော့ သုံးပေလောက်ရှိပါတယ်။ ဖုန်းနှစ်လုံးကို စမ်းသပ်တော့မှာပါ။ ဒါဟာ ဖုန်းပြုတ်ကျလေ့ရှိတဲ့ ပုံမှန်အမြင့်လောက်ဖြစ်ပါတယ်။ နောက်ပြီး Galaxy S9 နဲ့ Galaxy S8 တို့ရဲ့နောက်မှန်တွေကို ကွဲသွားစေနိုင်တဲ့အနေအထားလည်း ဖြစ်ပြန်ပါတယ်။

ဖုန်းနှစ်ခုလုံးရဲ့ အလူမီနီယမ်ဖရိန်တွေက ကျကွဲမှုကို အနည်းငယ်လောက်တော့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ရိုက်ချက်ကတော့ နောက်ကျောကိုအရင်ထိပါတယ်။ ဖန်သားပြင်ကတော့ မြေပြင်ကိုတစစ်ချက်ထောက်ပြီး လေထဲမှာတစ်ဖက်လည်သွားပါတယ်။ ပြီးတော့ ရှေ့မှန်နဲ့ကျပါတယ်။

Glass S10 Plus

ဒီဖုန်းရဲ့အနောက်မှန်ဟာ လျှောက်လမ်းရဲ့ရိုက်ချက်ကို ခံနိုင်ရည်ရှိပြီးတော့ ဖန်သားပြင်မှာ ခြစ်ရာအနည်းငယ်လောက်သာ ထင်သွားပြီးတော့ အဲဒီခြစ်ရာကလည်း အလူမီနီယမ်ဖရိန်နဲ့ အစပ်နားမှာဖြစ်ပါတယ်။ glass S10 Plus ရဲ့ screen protector ကတော့ အဖုအဖောင်းတွေ ဖြစ်လာပါတယ်။ အရှေ့ဘက်ကတော့ ဘာမှမဖြစ်ပါဘူး။ ဖရိန်ပိုင်းမှာတော့ အနည်းငယ်ထိချက်လေးတွေ ဖြစ်ပေါ်တာကို တွေ့မြင်ရပါတယ်။

Ceramic S10 Plus

ceramic S10 Plus ကလည်း အတူတူလောက်ပါပဲ။ ညာဘက်အပေါ်နားလောက်မှာ အစက်လေးနှစ်စက်လောက် ထင်သွားပါတယ်။ အလူမီနီယမ်ဖရိန်မှာတော့ ခြစ်ရာပိန့်ရာလေးတွေ ဖြစ်သွားပါတယ်။

အဆင့် နှစ် – အမြင့်သုံးပေလောက်မှ မျက်နှာအပ်ပစ်ချခြင်း

နောက်တစ်ကြိမ်မှာတော့ အရင်အတိုင်းဆက်လုပ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရှေ့မှန်အနေအထားနဲ့ ပစ်ချဖြစ်ပါတယ်။ နှစ်လုံးစလုံးမှာတော့ screen protector တပ်ဆင်ထားပါတယ်။

ကြမ်းပြင်မှာ လဲလျက်သားတော့ မကျပါဘူး။ ဒါပေမယ့် မျက်နှာပြင်နဲ့တော့ ပထမဆုံးရိုက်ခတ်ပြီး ခုန်သွားပါတယ်။ ပြီးတော့ တစ်ပတ်လည်ကာ ပြန်ကျပါတယ်။

Glass S10 Plus

screen protector ကတော့ လုံးဝပျက်စီးသွားပါတယ်။ ဒါကြောင့်ခွာလိုက်ပြီးတော့ အောက်ခြေရဲ့ထိခိုက်မှုကို သေချာလေးစစ်ဆေးကြည့်လိုက်ပါတယ်။ screen protector မကာကွယ်ပေးနိုင်တဲ့ glass screen ကတော့ ထိခိုက်မှုတွေ တွေ့မြင်နေရပါတယ်။ glass ရဲ့ အောက်ထောင့်နားလေးမှာတော့ ခြစ်ရာအနည်းငယ်ထင်နေပါတယ်။ အများစုကတော့ ဖရိန်မှာ တွေ့မြင်ရပါတယ်။

bubbles

Ceramic S10 Plus

ceramic model မှာလည်း screen protector ခွာကြည့်လိုက်တော့ glass ရဲ့ ညာဘက်အောက်ခြေနားလေးမှာ ထိခိုက်မှုအနည်းငယ်တွေ့မြင်ရပါတယ်။ glass နဲ့ screen protector ဆုံတဲ့နားလေးမှာပေါ့။ သေချာမကြည့်ရင်တော့ မသိသာပါဘူး။ ဒါပေမယ့်လည်း glass ရဲ့ အရည်အသွေးကိုတော့ ဆုံးဖြတ်လို့ရပါတယ်။

ပိန့်ရာ၊ ခြစ်ရာရှိနေတောင်မှ အရင်ဖုန်းတွေထက်တော့ ကြံ့ခိုင်တယ်ဆိုတာ ပြသနေတယ်လို့ မြင်နိုင်ပါတယ်။

အဆင့် သုံး – ငါးပေမှ ပစ်ချကြည့်ခြင်း

အပေါ်ကိုမြှောက်ပြီးမှ ပစ်ချတဲ့သဘောဖြစ်ပါတယ်။ glass S10 Plus ကတော့ ကြမ်းပြင်မှာ ကွက်တိမျက်နှာအပ်ပြီးကျပါတယ်။ ceramic ကတော့ မှောက်သွားပြီး မျက်နှာပြင်နဲ့ ကျတာပါ။ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်းတော့ မဟုတ်ပါဘူး။

Glass S10 Plus

ဘာဖြစ်သွားလဲဆိုတာ လှန်ကြည့်ဖို့တောင်မလိုအပ်တော့ပါဘူး။ အသံနားထောင်လိုက်တာနဲ့ သိနေပါပြီ။ glass ကတော့ လုံးဝကို ကွဲသွားပါပြီ။ ညာဘက်အစွန်းနားက ပင့်ကူအိမ်ကိုအကွက်မျိုးဖြစ်နေပြီးတော့ အလယ်နဲ့ အခြားတစ်ဘက်အထိ ကွဲကြေနေပါတယ်။ ကင်မရာပိုင်းရဲ့ သုံးပုံနှစ်ပုံကလည်း မှန်ကွဲတွေနဲ့ ဖုံးနေပါတယ်။ အလူမီနီယမ်ဖရိန်ကတော့ ပိန့်သွားပါတယ်။ display ကတော့ မရိုက်မိတာမို့ အလုပ်လုပ်နေတုန်းပါပဲ။

galaxy-s10-plus-drop-test-8

Ceramic S10 Plus

Ceramic ကတော့ အခြေအနေမဆိုးပါဘူး။ screen ကတော့ ကွဲသွားပါတယ်။ glass နဲ့ AMOLED module ကတော့ ပွင့်ကိုမလာတော့ပါဘူး။ screen အလုပ်လုပ်နေသေးတယ်ဆိုတာကိုတော့ အပေါ်နားမှာ လိုင်းလေးတစ်ကြောင်းမြင်ရပါတယ်။ ကျန်တဲ့အပိုင်းကတော့ black ဖြစ်နေပါပြီ။ ဆံချည်မျှင်လို ထိခိုက်ရာလေးတွေက အနှံ့အပြားမှာ တွေ့မြင်ရပါတယ်။ အဆိုးဆုံးကတော့ ထောင့်တွေပါ။ glass ရဲ့ ထိပ်ပိုင်းတွေဟာ ကွဲကြေနေပြီးတော့ အောက်ဘက်ထောင့်တွေက ခဲတံရဲ့ခဲအဆံလောက်နီးနီး ဖုန်းအတွင်းဘက်ကို ၀င်နေပါတယ်။ အလူမီနီယမ်ဖရိန်ကတော့ ပိန့်နေပါပြီ။

20190310-003645

အဆင့် လေး – အမြင့်ငါးပေမှ ပစ်ချခြင်း

ကျွန်တော်တို့စိတ်ဝင်စားတာက ကျောဘက်ကိုဆိုတော့ glass S10 Plus ကို ထပ်မစမ်းချင်တော့ပါဘူး။

Ceramic S10 Plus

ceramic back ကို ထင်ထားသလိုတော့ ထိသွားပါတယ်။ တစ်ချက်လောက်တော့ ထောက်သွားပါသေးတယ်။ screen က ဒီတစ်ကြိမ်မှာ သုံးလို့မရတော့ပေမယ့်လည်း back ကတော့ ကျထားသလိုတောင် မထင်ရပါဘူး။ ထိခိုက်သွားတာကို ပြူးပြဲရှာရပါတယ်။ ကင်မရာဖရိန်နားလောက်မှာသာ တွေ့ရပါတယ်။ ဒါလည်း သေးသေးလေးပါပဲ။

အဆင့် ငါး – ခေါင်းပေါ်မှ ပစ်ချခြင်း

လက်နှစ်ဖက်နဲ့ အမြင့်ဆုံးအထိရောက်အောင် မြှောက်ပြီးတော့မှ ပစ်ချလိုက်တာပါ။

Ceramic S10 Plus

ဒီတစ်ခေါက်မှာ ကျောဘက်နဲ့ကျသွားပြီးတော့ ခုန်သွားတာမို့ ဘေးဘောင်တွေလည်း ထိခိုက်သွားပါတယ်။ ceramic မှာ ထိခိုက်မှု ထပ်မတွေ့တာမို့ စိတ်တောင်မကောင်းဘူးဖြစ်သွားတယ်။ ကင်မရာပေါ်က အလူမီနီယမ်ဖရိန်ကတော့ နည်းနည်းပိုကွေးသွားပါတယ်။ ဒါဟာ လေးကြိမ်မြောက်ကျခြင်းဆိုတော့ ဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ်လောက် ထပ်ပစ်ကြည့်မယ်။

အဆင့် ငါး – ခေါင်းပေါ်မှ နောက်ထပ် ပစ်ချခြင်း

ကြမ်းပြင်ပေါ်ကို မကျခင်မှာ အောက်ထောင့်နဲ့ ထောက်သွားပါသေးတယ်။

Ceramic S10 Plus

ဖုန်းလေးကို ကောက်ကိုင်ကြည့်လိုက်တဲ့အခါမှာတော့ ကျောပြင်မှာ ထိခိုက်ဒဏ်ရာဆိုတာ မမြင်ရပါဘူး။ ဒီတစ်ချက်တော့ ယုံဖို့ခက်ပါတယ်။ ဒါပေမယ့် သေချာလေးကြည့်လိုက်တော့မှ ကင်မရာကိုဖုံးထားတဲ့အပိုင်းလေးမှာ ဆံချည်မျှင်လို လိုင်းကြောင်းလေးတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ceramic လေးကတော့ ဖရိန်နဲ့ ဆုံချက်ဖြစ်တဲ့နေရာလေးတွေမှာ သဲမှုန်လေးတွေကပ်ထားသလို အပွန်းလေးတွေတော့ ဖြစ်နေပါတယ်။

galaxy-s10-plus-drop-test-4

ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း

စမ်းသပ်ချက်ကိုအခြေခံပြီးတော့ ပြောရမယ်ဆိုရင်တော့ Samsung ပြောတာမှန်ပါတယ်။ S10 Plus ရဲ့ ကျောပြင်မှာသုံးထားတဲ့ ceramic က glass ထက် အကြမ်းခံပါတယ်။ မတော်တဆပြုတ်ကျတတ်တယ်ဆိုရင်တော့ ဒါမှမဟုတ် ကာဗာတပ်ချင်တယ်ဆိုရင်တော့ နည်းနည်းပိုကုန်ပါမယ်။

ကျွန်တော်တို့စမ်းသပ်ချက်မှာ တွေ့မြင်ရသလိုမျိုးပဲ ကျောပြင်တောင့်တင်းတာလောက်နဲ့ screen လည်း တောင့်မယ်လို့ မပြောနိုင်ပါဘူး။ ceramic S10 Plus ကို ကိုင်တော့မယ်ဆိုရင်တော့ screen protector သုံးပါ။ third-party screen protector လည်း သုံးကြည့်ပါ။ အစွန်းတွေအထိ လုံခြုံတဲ့ ကာဗာတပ်ပါ။ ကာဗာမတပ်ဘဲ မသုံးစေချင်ဘူး။ warranty ရစေလို့ပြောတာမှတ်ပါ။

Angela 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.