Posted on Leave a comment

ျပင္သစ္ ေလဆိပ္မွာ ကားပါကင္ထိုးေပးတဲ့ စက္ရုပ္မ်ားကို အသံုးျပဳေန

အလြန္ ႀကီးမားတဲ့ ေလဆိပ္မ်ားမွာ ကားပါကင္ ရွာရတာ အနည္းငယ္ ခက္ခဲပါတယ္။ အဲဒီအတြက္ ကားပါကင္ ထိုးေပးမယ့္ စက္ရုပ္မ်ားကို ဖန္တီး လာၾကပါတယ္။ ၂၀၁၆ ခုနွစ္မွာ ျပင္သစ္ ကုမၸဏီ Stanley Robotics က ဖန္တီးထားတဲ့ Stan Robots အမည္ရ ကားပါကင္ထိုးေပးတဲ့ စက္ရုပ္မ်ားကို ပဲရစ္ရဲ႕ ခ်ားလ္စ္ဒီေဂါ ေလဆိပ္မွာ အသံုးျပဳခဲ့ၾကပါတယ္။ ေနာက္တစ္ႏွစ္မွာ Ourdoor Parking မ်ားအတြက္ ဒီဇိုင္းထုတ္ထားတဲ့ စက္ရုပ္မ်ားကို ျပင္သစ္ရဲ႕ လိုင္ယြန္ ေလဆိပ္မွာ အသံုးျပဳခဲ့ၾကပါတယ္။ ၂၀၁၉ ခုႏွစ္  ေႏြရာသီမွာေတာ့ လန္ဒန္မွ Gatwick ေလဆိပ္မွာ သံုးလၾကာ စမ္းသပ္ အသံုးျပဳမွာ ျဖစ္ပါတယ္။ အခုေတာ့ အဲဒီ စက္ရုပ္ကို ျပင္သစ္မွ Lyon-Saint-Exupery Airport မွာ စတင္ အသံုးျပဳေနၿပီ ျဖစ္ပါတယ္။

ေလဆိပ္မွာ ကားကို ထားၿပီး ခရီးသြားမယ့္ လူမ်ား အဆင္ေျပေစဖို႔ အတြက္ ဒီ၀န္ေဆာင္မႈကို ျပဳလုပ္ေပးတာ ျဖစ္ပါတယ္။ စက္ရုပ္မ်ားဟာ ၁၈ ေပ အရွည္နဲ႔ ၃ တန္ အေလးခ်ိန္ ရွိတဲ့ကားမ်ားကို မသြားႏုိင္ပါတယ္။ စက္ရုပ္မ်ားဟာ ကားပါကင္မွာ ေနရာလြတ္မ်ား ရေအာင္ ေနရာခ်ထားႏုိင္ပါတယ္။ ကုမၸဏီက လူေတြထက္ေတာင္ က်ဥ္းက်ဥ္းၾကပ္ၾကပ္ ပါကင္ထိုးေပးႏုိင္တယ္လို႔ ေျပာပါတယ္။ လူေတြ ပါကင္ထိုးတာထက္ ၅၀ ရာခုိင္ႏႈန္း ပိုမို ကားမ်ား ပါကင္ထိုးႏုိင္ေအာင္စက္ရုပ္မ်ားက ျပဳလုပ္ႏုိင္ပါတယ္။

လက္ရွိမွာေတာ့ စက္ရုပ္ကားမ်ားမွာ အမွားအယြင္းမ်ား ရွိသလားဆိုတာကို လူမ်ားနဲ႔ အနီးကပ္ေစာင့္ၾကည့္ စစ္ေဆးေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ လူမ်ားက အနီးကပ္ ေစာင့္ၾကည့္စရာ မလိုေတာ့ပါဘူး။ အေ၀းကေနသာ ေစာင့္ၾကည့္ႏုိင္မယ္လို႔ ကုမၸဏီက ေျပာပါတယ္။  

ကားပိုင္ရွင္မ်ားက ေလဆိပ္ရဲ႕ သတ္မွတ္ ဧရိယာမွာ ကားကို ထားရွိၿပီးရင္ လိုရာခရီးကို သြားႏုိင္ပါၿပီ။ စက္ရုပ္က ကားရဲ႕ အရြယ္အစားကို တိုင္းတာတြက္ခ်က္ၿပီးရင္ လက္တံမ်ားျဖင့္ ကားကို သယ္မၿပီး သင့္ေတာ္တဲ့ ေနရာမွာ ကားကို ထားရွိေပးထားမွာ ျဖစ္ပါတယ္။  ကားပိုင္ရွင္ ျပန္လာမယ့္ ေန႔ကို စက္ရုပ္က သိထားၿပီး ကားကို အဆင္သင့္ ထုတ္ေပးမွာ ျဖစ္ပါတယ္။

unicode

ပြင်သစ် လေဆိပ်မှာ ကားပါကင်ထိုးပေးတဲ့ စက်ရုပ်များကို အသုံးပြုနေ

အလွန် ကြီးမားတဲ့ လေဆိပ်များမှာ ကားပါကင် ရှာရတာ အနည်းငယ် ခက်ခဲပါတယ်။ အဲဒီအတွက် ကားပါကင် ထိုးပေးမယ့် စက်ရုပ်များကို ဖန်တီး လာကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြင်သစ် ကုမ္ပဏီ Stanley Robotics က ဖန်တီးထားတဲ့ Stan Robots အမည်ရ ကားပါကင်ထိုးပေးတဲ့ စက်ရုပ်များကို ပဲရစ်ရဲ့ ချားလ်စ်ဒီဂေါ လေဆိပ်မှာ အသုံးပြုခဲ့ကြပါတယ်။ နောက်တစ်နှစ်မှာ Ourdoor Parking များအတွက် ဒီဇိုင်းထုတ်ထားတဲ့ စက်ရုပ်များကို ပြင်သစ်ရဲ့ လိုင်ယွန် လေဆိပ်မှာ အသုံးပြုခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်  နွေရာသီမှာတော့ လန်ဒန်မှ Gatwick လေဆိပ်မှာ သုံးလကြာ စမ်းသပ် အသုံးပြုမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ စက်ရုပ်ကို ပြင်သစ်မှ Lyon-Saint-Exupery Airport မှာ စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

လေဆိပ်မှာ ကားကို ထားပြီး ခရီးသွားမယ့် လူများ အဆင်ပြေစေဖို့ အတွက် ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ စက်ရုပ်များဟာ ၁၈ ပေ အရှည်နဲ့ ၃ တန် အလေးချိန် ရှိတဲ့ကားများကို မသွားနိုင်ပါတယ်။ စက်ရုပ်များဟာ ကားပါကင်မှာ နေရာလွတ်များ ရအောင် နေရာချထားနိုင်ပါတယ်။ ကုမ္ပဏီက လူတွေထက်တောင် ကျဉ်းကျဉ်းကြပ်ကြပ် ပါကင်ထိုးပေးနိုင်တယ်လို့ ပြောပါတယ်။ လူတွေ ပါကင်ထိုးတာထက် ၅၀ ရာခိုင်နှုန်း ပိုမို ကားများ ပါကင်ထိုးနိုင်အောင်စက်ရုပ်များက ပြုလုပ်နိုင်ပါတယ်။

လက်ရှိမှာတော့ စက်ရုပ်ကားများမှာ အမှားအယွင်းများ ရှိသလားဆိုတာကို လူများနဲ့ အနီးကပ်စောင့်ကြည့် စစ်ဆေးနေပါတယ်။ နောက်ပိုင်းမှာတော့ လူများက အနီးကပ် စောင့်ကြည့်စရာ မလိုတော့ပါဘူး။ အဝေးကနေသာ စောင့်ကြည့်နိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။  

ကားပိုင်ရှင်များက လေဆိပ်ရဲ့ သတ်မှတ် ဧရိယာမှာ ကားကို ထားရှိပြီးရင် လိုရာခရီးကို သွားနိုင်ပါပြီ။ စက်ရုပ်က ကားရဲ့ အရွယ်အစားကို တိုင်းတာတွက်ချက်ပြီးရင် လက်တံများဖြင့် ကားကို သယ်မပြီး သင့်တော်တဲ့ နေရာမှာ ကားကို ထားရှိပေးထားမှာ ဖြစ်ပါတယ်။  ကားပိုင်ရှင် ပြန်လာမယ့် နေ့ကို စက်ရုပ်က သိထားပြီး ကားကို အဆင်သင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.