Social Trending

ဆယ္ေက်ာ္သက္ေတြလက္ထဲေရာက္မွ messaging app ျဖစ္သြားတဲ့ Google Docs

Zawgyi Version

Google Docs ဟာ ေက်ာင္းသားေတြနဲ႕ ပေရာ္ဖက္ရွင္နယ္၀န္ထမ္းေတြအတြက္ စြမ္းေဆာင္ရည္ျမင့္ ပူးေပါင္းလုပ္ေဆာင္ႏုိင္ေစမယ့္ tool ေလးအျဖစ္ကေန ဆယ္ေက်ာ္သက္ေတြအတြက္ အတန္းထဲမွာ စကားေျပာႏုိင္တဲ့ messaging app အျဖစ္နဲ႕ ေျပာင္းလဲလို႕လာပါျပီ။

ကၽြန္ေတာ္တို႕ငယ္ငယ္တုန္းက စာရြက္အပုိင္းေလးေတြမွာ စာေရးျပီး ပစ္ေပါက္ေျပာဆိုၾကတာကေန အခုဆိုရင္ Google Docs ကေန ဒီဂ်စ္တယ္မက္ေဆ့ခ်္ေတြေပးပို႕တဲ့အဆင့္ကို ေရာက္သြားပါျပီ။ laptop ေတြဟာ အလယ္တန္းနဲ႕ အထက္တန္းေက်ာင္းေတြအထိေတာင္ ေရာက္လာေနပါျပီ။

စာသင္ခန္းထဲမွာ ဖုန္းေတြမကိုင္ရေပမယ့္လည္း ဆယ္ေက်ာ္သက္ေတြဟာ Google Docs ကို အသံုးျပဳျပီးေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ဆက္သြယ္ေနၾကပါတယ္။ တစ္ခါတစ္ရံမွာ live chat function ကို အသံုးျပဳျပီးေတာ့ ဆက္သြယ္ၾကပါတယ္။ ဒါဟာ default အရ ပြင့္ေနတာမ်ိဳးမဟုတ္ပါဘူး။ တခ်ိဳ႕ဆရာဆရာမေတြဆိုရင္ ဖြင့္နည္းေတာင္ မသိပါဘူးတဲ့။ ဒီ၀န္ေဆာင္မႈေလးက သံုးစြဲသူေတြကုိ အခ်ိဳ႕႕ေသာ စကားလံုးေတြ၊ စကားစုေတြေတြကို Highlight ျပေပးႏုိင္ျပီးေတာ့ pop-up box ေတြကတစ္ဆင့္ comment ေတြ ေပးလို႕ရပါတယ္။ တကယ္လို႕ ဆရာမက ဖိုင္္တစ္ခုကို share လုိက္တယ္ဆုိရင္ သူတို႕ေတြက clone ပြားလိုက္ျပီးေတာ့ comment မွာ chat ရင္း စာမွတ္သလို ဟန္ေဆာင္ေနၾကပါတယ္။ ဆရာမက အနားကပ္လာျပီဆိုရင္ Resolve button ေလးကိုႏွိပ္ျပီးေတာ့ ေျပာထားသမွ်ေတြကို ဖ်က္လိုက္ၾကပါတယ္။

တစ္ခါတစ္ရံမွာ shared Google Doc file ကို ဖန္တီးျပီးေတာ့ ေက်ာင္းမွာ အခန္းမတူတဲ့သူေတြနဲ႕လည္း စကားေျပာၾကပါတယ္။ ဘယ္သူက ဘာေျပာတယ္ဆိုတာသိေအာင္လို႕ font မတူေအာင္ သံုးတတ္ၾကပါေသးတယ္။ အတန္းျပီးခ်ိန္မွာေတာ့ ဖိုင္ေလးကို ဖ်က္ခဲ့ျပီးေတာ့ ေနာက္တစ္ေန႕မွာ ေနာက္တစ္ဖုိင္ ဖန္တီးၾကပါတယ္။

Google Docs ကို secret messaging app အေနနဲ႕ အသံုးျပဳေနၾကတာကေတာ့ အိမ္စာမျပီးလို႕ ဖုန္းမကိုင္ရတဲ့သူေတြ၊ ဒါမွမဟုတ္ social media အပိတ္ခံထားရသူေတြပဲျဖစ္ပါတယ္။ မိဘေတြကေတာ့ ေက်ာင္းစာလုပ္ေနတယ္လို႕ပဲ ထင္ၾကမွာပါ။ ဒါေပမယ့္လည္း ကေလးေတြက သူငယ္ခ်င္းေတြနဲ႕ စကားေျပာေနတာကိုေတာ့ သိၾကမွာမဟုတ္ပါဘူး။

Google Docs ဟာ document ေတြဖန္တီးျပီးေတာ့ အျခားသူေတြနဲ႕ ပူးေပါင္းေဆာင္ရြက္ႏုိင္ေအာင္ ကူညီေပးထားပါတယ္။ အြန္လိုင္းကေန အသံုးျပဳလို႕ရေအာင္ဖန္တီးေပးထားတာမို႕ အသံုးတည့္ပါတယ္။ ဒါကို နည္းပညာအေၾကာင္းသေဘာေပါက္ေနတဲ့ ဆယ္ေက်ာ္သက္ေတြက chat အျဖစ္နဲ႕ အသံုးခ်လုိက္တာပါ။ software ေလးမွာ native grammar checker ပါ၀င္တဲ့အတြက္ေၾကာင့္ ကေလးေတြအတြက္ grammar ေကာင္းေကာင္းရႏုိင္တယ္လို႕ပဲ ေျဖသိမ့္ရမွာေပ့ါ။

Unicode Version

Google Docs ဟာ ကျောင်းသားတွေနဲ့ ပရော်ဖက်ရှင်နယ်ဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်မြင့် ပူးပေါင်းလုပ်ဆောင်နိုင်စေမယ့် tool လေးအဖြစ်ကနေ ဆယ်ကျော်သက်တွေအတွက် အတန်းထဲမှာ စကားပြောနိုင်တဲ့ messaging app အဖြစ်နဲ့ ပြောင်းလဲလို့လာပါပြီ။
ကျွန်တော်တို့ငယ်ငယ်တုန်းက စာရွက်အပိုင်းလေးတွေမှာ စာရေးပြီး ပစ်ပေါက်ပြောဆိုကြတာကနေ အခုဆိုရင် Google Docs ကနေ ဒီဂျစ်တယ်မက်ဆေ့ချ်တွေပေးပို့တဲ့အဆင့်ကို ရောက်သွားပါပြီ။ laptop တွေဟာ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေအထိတောင် ရောက်လာနေပါပြီ။
စာသင်ခန်းထဲမှာ ဖုန်းတွေမကိုင်ရပေမယ့်လည်း ဆယ်ကျော်သက်တွေဟာ Google Docs ကို အသုံးပြုပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်နေကြပါတယ်။ တစ်ခါတစ်ရံမှာ live chat function ကို အသုံးပြုပြီးတော့ ဆက်သွယ်ကြပါတယ်။ ဒါဟာ default အရ ပွင့်နေတာမျိုးမဟုတ်ပါဘူး။ တချို့ဆရာဆရာမတွေဆိုရင် ဖွင့်နည်းတောင် မသိပါဘူးတဲ့။ ဒီဝန်ဆောင်မှုလေးက သုံးစွဲသူတွေကို အချို့သော စကားလုံးတွေ၊ စကားစုတွေတွေကို Highlight ပြပေးနိုင်ပြီးတော့ pop-up box တွေကတစ်ဆင့် comment တွေ ပေးလို့ရပါတယ်။ တကယ်လို့ ဆရာမက ဖိုင်တစ်ခုကို share လိုက်တယ်ဆိုရင် သူတို့တွေက clone ပွားလိုက်ပြီးတော့ comment မှာ chat ရင်း စာမှတ်သလို ဟန်ဆောင်နေကြပါတယ်။ ဆရာမက အနားကပ်လာပြီဆိုရင် Resolve button လေးကိုနှိပ်ပြီးတော့ ပြောထားသမျှတွေကို ဖျက်လိုက်ကြပါတယ်။
တစ်ခါတစ်ရံမှာ shared Google Doc file ကို ဖန်တီးပြီးတော့ ကျောင်းမှာ အခန်းမတူတဲ့သူတွေနဲ့လည်း စကားပြောကြပါတယ်။ ဘယ်သူက ဘာပြောတယ်ဆိုတာသိအောင်လို့ font မတူအောင် သုံးတတ်ကြပါသေးတယ်။ အတန်းပြီးချိန်မှာတော့ ဖိုင်လေးကို ဖျက်ခဲ့ပြီးတော့ နောက်တစ်နေ့မှာ နောက်တစ်ဖိုင် ဖန်တီးကြပါတယ်။
Google Docs ကို secret messaging app အနေနဲ့ အသုံးပြုနေကြတာကတော့ အိမ်စာမပြီးလို့ ဖုန်းမကိုင်ရတဲ့သူတွေ၊ ဒါမှမဟုတ် social media အပိတ်ခံထားရသူတွေပဲဖြစ်ပါတယ်။ မိဘတွေကတော့ ကျောင်းစာလုပ်နေတယ်လို့ပဲ ထင်ကြမှာပါ။ ဒါပေမယ့်လည်း ကလေးတွေက သူငယ်ချင်းတွေနဲ့ စကားပြောနေတာကိုတော့ သိကြမှာမဟုတ်ပါဘူး။
Google Docs ဟာ document တွေဖန်တီးပြီးတော့ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကူညီပေးထားပါတယ်။ အွန်လိုင်းကနေ အသုံးပြုလို့ရအောင်ဖန်တီးပေးထားတာမို့ အသုံးတည့်ပါတယ်။ ဒါကို နည်းပညာအကြောင်းသဘောပေါက်နေတဲ့ ဆယ်ကျော်သက်တွေက chat အဖြစ်နဲ့ အသုံးချလိုက်တာပါ။ software လေးမှာ native grammar checker ပါဝင်တဲ့အတွက်ကြောင့် ကလေးတွေအတွက် grammar ကောင်းကောင်းရနိုင်တယ်လို့ပဲ ဖြေသိမ့်ရမှာပေ့ါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.