ဂ်ာမနီ ေထာက္လွမ္းေရးက Huawei ရဲ႕ 5G Network မ်ားဟာ မယံုရဘူးလို႔ ေျပာ

0
402

ဂ်ာမနီ ေထာက္လွမ္းေရး ေအဂ်င္စီ BND က ဟြာေ၀းဟာ ယံုလို႔ရတဲ့ ပါတနာ မဟုတ္ဘဲ ဂ်ာမနီရဲ႕ 5G ကြန္ရက္ တည္ေဆာက္ရာမွာ ဟြာေ၀း မပါသင့္ဘူးလို႔  ေျပာလိုက္ပါတယ္။ ေအဂ်င္စီက အတိတ္မွ လံုျခံဳေရးနဲ႔ သက္ဆိုင္တဲ့ ျဖစ္ရပ္မ်ားကို သံုးသပ္ၿပီး ဒီလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ ယခင္ကလည္း ေနာ္ေ၀း ေထာက္လွမ္းေရးက အလားတူ စိုးရိမ္မႈမ်ားကို ေျပာခဲ့ပါတယ္။ ဒိန္းမတ္ကလည္း ဒီလိုပဲ ေျပာပါတယ္။

အႀကီးမားဆံုး ဖိအားေပးေနတာက အေမရိကန္ပါ။ ဘာလင္မွ အေမရိကန္ သံရံုးက ဂ်ာမနီသာ ဟြာေ၀းရဲ႕ 5G ကြန္ရက္မ်ားကို သံုးမယ္ဆိုရင္ အေမရိကန္နဲ႔ ဂ်ာမနီ ႏုိင္ငံအၾကားမွာ ေထာက္လွမ္းေရး သတင္းအခ်က္အလက္မ်ား မွ်ေ၀မွာ မဟုတ္ဘူးလို႔ သတိေပးထားၿပီးပါၿပီ။

ဟြာေ၀းဟာ သူ႔ရဲ႕ ဟာ့ဒ္၀ဲမ်ားကေန သတင္းအခ်က္အလက္မ်ား ခိုးယူၿပီး တရုတ္ အစိုးရကို ေပးပို႔မွာကို စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။ ဟြာေ၀းကေတာ့ ဒါကို မၾကာခဏ ျငင္းဆန္ထားပါတယ္။ ဟြာေ၀းက သူ႔ကို သက္ေသ မရွိဘဲ ပိတ္ပင္တဲ့ အေမရိကန္ကိုလည္း မၾကာခင္က တရားစြဲထားပါတယ္။

သတင္းအခ်က္အလက္ ဆက္သြယ္ေရး အတြက္ တာ၀န္ရွိတဲ့ ဂ်ာမနီရဲ႕ အာဏာပိုင္ အဖြဲ႕အစည္း ျဖစ္တဲ့ BnetzA က မတ္လ ၁၉ ရက္ေန႔မွာ ဂ်ာမနီရဲ႕ 5G ကြန္ရက္အတြက္ ပါတနာမ်ားကို ေရြးခ်ယ္ေတာ့မွာ ျဖစ္ပါတယ္။ Carrier ၄ ခုက ေလလံပြဲမွာ ပါ၀င္ထားၾကၿပီး သူတို႔က Drillisch Netz, Telefonica, Deutsche Telekom (T-Mobile) နဲ႔  Vodafone တို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ ဟာ့ဒ္၀ဲကို ထုတ္လုပ္ေပးမယ့္ ကုမၸဏီက မေသခ်ာေသးတဲ့ အတြက္ ေလလံပြဲဟာ ေႏွာင့္ေႏွးသြားႏုိင္ပါတယ္။

unicode

ဂျာမနီ ထောက်လှမ်းရေးက Huawei ရဲ့ 5G Network များဟာ မယုံရဘူးလို့ ပြော

ဂျာမနီ ထောက်လှမ်းရေး အေဂျင်စီ BND က ဟွာဝေးဟာ ယုံလို့ရတဲ့ ပါတနာ မဟုတ်ဘဲ ဂျာမနီရဲ့ 5G ကွန်ရက် တည်ဆောက်ရာမှာ ဟွာဝေး မပါသင့်ဘူးလို့ ပြောလိုက်ပါတယ်။ အေဂျင်စီက အတိတ်မှ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်များကို သုံးသပ်ပြီး ဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ယခင်ကလည်း နော်ဝေး ထောက်လှမ်းရေးက အလားတူ စိုးရိမ်မှုများကို ပြောခဲ့ပါတယ်။ ဒိန်းမတ်ကလည်း ဒီလိုပဲ ပြောပါတယ်။

အကြီးမားဆုံး ဖိအားပေးနေတာက အမေရိကန်ပါ။ ဘာလင်မှ အမေရိကန် သံရုံးက ဂျာမနီသာ ဟွာဝေးရဲ့ 5G ကွန်ရက်များကို သုံးမယ်ဆိုရင် အမေရိကန်နဲ့ ဂျာမနီ နိုင်ငံအကြားမှာ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေမှာ မဟုတ်ဘူးလို့ သတိပေးထားပြီးပါပြီ။

ဟွာဝေးဟာ သူ့ရဲ့ ဟာ့ဒ်ဝဲများကနေ သတင်းအချက်အလက်များ ခိုးယူပြီး တရုတ် အစိုးရကို ပေးပို့မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဟွာဝေးကတော့ ဒါကို မကြာခဏ ငြင်းဆန်ထားပါတယ်။ ဟွာဝေးက သူ့ကို သက်သေ မရှိဘဲ ပိတ်ပင်တဲ့ အမေရိကန်ကိုလည်း မကြာခင်က တရားစွဲထားပါတယ်။

သတင်းအချက်အလက် ဆက်သွယ်ရေး အတွက် တာဝန်ရှိတဲ့ ဂျာမနီရဲ့ အာဏာပိုင် အဖွဲ့အစည်း ဖြစ်တဲ့ BnetzA က မတ်လ ၁၉ ရက်နေ့မှာ ဂျာမနီရဲ့ 5G ကွန်ရက်အတွက် ပါတနာများကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ Carrier ၄ ခုက လေလံပွဲမှာ ပါဝင်ထားကြပြီး သူတို့က Drillisch Netz, Telefonica, Deutsche Telekom (T-Mobile) နဲ့ Vodafone တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာ့ဒ်ဝဲကို ထုတ်လုပ်ပေးမယ့် ကုမ္ပဏီက မသေချာသေးတဲ့ အတွက် လေလံပွဲဟာ နှောင့်နှေးသွားနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.