Posted on Leave a comment





unicode

192MP Camera Phone တွေ လာမည်

Qualcomm က သူ့ရဲ့ စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် Chipset များမှာ 192MP Camera ကို ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများမှာ Ultra-High Resolution Camera များ ပါလာတော့မှာ ဖြစ်ပါတယ်။ HDR10+ Video များ ရိုက်ကူးနိုင်စွမ်းကလည်း စမတ်ဖုန်းများမှာ ပုံသေစံနှုန်းနဲ့ ပါလာတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးထုတ်ထားတဲ့ စွမ်းရည်မြင့် Snapdragon 855 သာမက စွမ်းရည်သင့် Snapdragon 660 နဲ့ 670 များကလည်း ဒီလို Ultra-high Resolution Camera များကို ထောက်ပံ့ပေးနိုင်ပါတယ်။

192MP ဟာ လက်ရှိ စမတ်ဖုန်းများမှာ ထည့်သွင်းထားတဲ့ Resolution အမြင့်မားဆုံး ဖြစ်တဲ့ 48MP ထက် ၄ ဆ ပိုမြင့်ပါတယ်။ Qualcomm က 92MP Camera Phone များ မထွက်လာခင် ဒီနှစ်နှောင်းပိုင်းလောက်မှာ 64MP နဲ့ 100MP Camera Phone များ အရင်ဆုံး ထွက်လာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Qualcomm က လက်ရှိမှာ စမတ်ဖုန်း ကင်မရာ ထုတ်လုပ်သူများဟာ 192MP Sensor များကို ထုတ်လုပ်ရောင်းချခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ လက်ရှိ ထွက်ထားတဲ့ ဖုန်းတွေထဲမှာ Resolution အမြင့်ဆုံး ကင်မရာက 48MP ဖြစ်ပါတယ်။ Qualcomm က 48MP ထက် Resolution မြင့်မားတဲ့ ကင်မရာများ ထွက်ပေါ်လာဖို့ မျှော်လင့်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.