Posted on Leave a comment

ေဒၚလာ ၁၀၀၀ ေလာက္ရွိမယ့္ Xiaomi ရဲ႕ ေခါက္ခ်ိဳးု ဖုန္း

ေရွာင္မီရဲ႕ ေခါက္ခ်ိဳး ဖုန္းကို Mi Flex သို႔မဟုတ္ Mi Fold လို႔ အမည္ေပးထားမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေစ်းဟာ ေဒၚလာ ၉၉၉ ေလာက္သာ ရွိမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီအတြက္ သူဟာ ေဒၚလာ ၂၀၀၀ တန္ Samsung Galaxy Fold ထက္ ထက္၀က္ေစ်းသက္သာမွာပါ။ Huawei Mate X ဟာ ၂၆၀၀ ေဒၚလာေလာက္ က်သင့္ပါတယ္။ ေရွာင္မီရဲ႕ ေခါက္ခ်ိဳး ဖုန္းကို ဧၿပီလနဲ႔ ဇြန္လအတြင္းမွာ ေရာင္းခ်ႏုိင္ပါတယ္။

ေရွာင္မီက LetsGoDigital အား သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို မၾကာခင္ကမွ်ေ၀လိုက္ပါတယ္။ LetsGoDigital က ေရွာင္မီရဲ႕ တရား၀င္ သတင္းအခ်က္အလက္မ်ားနဲ႔ ယခင္ေပါက္ၾကားထြက္ေပၚခဲ့တဲ့ သတင္းမ်ားကို အေျခခံၿပီး အဲဒီ ဖုန္းရဲ႕ ပံုမ်ားကို မၾကာခင္ကပဲ ဖန္တီးလိုက္ပါတယ္။ အဲဒီ ဒီဇိုင္းဟာ ေရွာင္မီ ေခါက္ခ်ိဳးု ဖုန္းရဲ႕ ဖိုင္နယ္ ဒီဇိုင္းနဲ႔ လံုး၀ တူညီႏုိင္ပါတယ္။ ကြဲျပားရင္ေတာင္ အနည္းငယ္သာ ကြဲျပားမွာပါ။

သူဟာ ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳး ဖုန္းနဲ႔ ဒီဇိုင္း ကြဲျပားပါတယ္။ ဆမ္ေဆာင္းရဲ႕ ေခါက္ခ်ိဳး ဖုန္းဟာ စာအုပ္တစ္အုပ္လို ေခါက္ခ်ိဳး အသံုးျပဳႏုိင္တာ ျဖစ္ၿပီး ေရွာင္မီရဲ႕ ဖုန္းက အစြန္းႏွစ္ဖက္ကို အေနာက္ဘက္သုိ႔ ေခါက္ခ်ိဳး အသံုးျပဳႏိုင္တဲ့ ဒီဇုိင္း ျဖစ္ပါတယ္။ သူ႔ကို ေခါက္ခ်ိဳးလိုက္တာနဲ႔ User Interface ဟာ သင့္ေတာ္တဲ့ အေနအထားကို လွ်င္ျမန္စြာ ေျပာင္းလဲသြားတာကို ျမင္ရပါတယ္။

ျဖန္႔ထားရင္ သူဟာ အရြယ္အစား ႀကီးမားၿပီး တက္ဘလက္တစ္လံုးလို အသံုးျပဳနုိင္ပါတယ္။ သူ႔ကို ျဖန္႔ထားရင္ မ်က္ႏွာျပင္ အခ်ိဳးမွာ 3:2 ျဖစ္ပါတယ္။ LetsGoDigital က ေရွာင္မီဟာ အဲဒီ စမတ္ဖုန္းရဲ႕ အမည္အတြက္ Xiaomi Dual Flex နဲ႔   Xiaomi MIX Flex တို႔ကို ေရြးခ်ယ္ထားတယ္လို႔ ေျပာပါတယ္။

unicode

ဒေါ်လာ ၁၀၀၀ လောက်ရှိမယ့် Xiaomi ရဲ့ ခေါက်ချိုးု ဖုန်း

ရှောင်မီရဲ့ ခေါက်ချိုး ဖုန်းကို Mi Flex သို့မဟုတ် Mi Fold လို့ အမည်ပေးထားမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ သူ့ရဲ့ ဈေးဟာ ဒေါ်လာ ၉၉၉ လောက်သာ ရှိမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် သူဟာ ဒေါ်လာ ၂၀၀၀ တန် Samsung Galaxy Fold ထက် ထက်ဝက်ဈေးသက်သာမှာပါ။ Huawei Mate X ဟာ ၂၆၀၀ ဒေါ်လာလောက် ကျသင့်ပါတယ်။ ရှောင်မီရဲ့ ခေါက်ချိုး ဖုန်းကို ဧပြီလနဲ့ ဇွန်လအတွင်းမှာ ရောင်းချနိုင်ပါတယ်။

ရှောင်မီက LetsGoDigital အား သူ့ရဲ့ ခေါက်ချိုး ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို မကြာခင်ကမျှဝေလိုက်ပါတယ်။ LetsGoDigital က ရှောင်မီရဲ့ တရားဝင် သတင်းအချက်အလက်များနဲ့ ယခင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများကို အခြေခံပြီး အဲဒီ ဖုန်းရဲ့ ပုံများကို မကြာခင်ကပဲ ဖန်တီးလိုက်ပါတယ်။ အဲဒီ ဒီဇိုင်းဟာ ရှောင်မီ ခေါက်ချိုးု ဖုန်းရဲ့ ဖိုင်နယ် ဒီဇိုင်းနဲ့ လုံး၀ တူညီနိုင်ပါတယ်။ ကွဲပြားရင်တောင် အနည်းငယ်သာ ကွဲပြားမှာပါ။

သူဟာ ဆမ်ဆောင်းရဲ့ ခေါက်ချိုး ဖုန်းနဲ့ ဒီဇိုင်း ကွဲပြားပါတယ်။ ဆမ်ဆောင်းရဲ့ ခေါက်ချိုး ဖုန်းဟာ စာအုပ်တစ်အုပ်လို ခေါက်ချိုး အသုံးပြုနိုင်တာ ဖြစ်ပြီး ရှောင်မီရဲ့ ဖုန်းက အစွန်းနှစ်ဖက်ကို အနောက်ဘက်သို့ ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူ့ကို ခေါက်ချိုးလိုက်တာနဲ့ User Interface ဟာ သင့်တော်တဲ့ အနေအထားကို လျှင်မြန်စွာ ပြောင်းလဲသွားတာကို မြင်ရပါတယ်။

ဖြန့်ထားရင် သူဟာ အရွယ်အစား ကြီးမားပြီး တက်ဘလက်တစ်လုံးလို အသုံးပြုနိုင်ပါတယ်။ သူ့ကို ဖြန့်ထားရင် မျက်နှာပြင် အချိုးမှာ 3:2 ဖြစ်ပါတယ်။ LetsGoDigital က ရှောင်မီဟာ အဲဒီ စမတ်ဖုန်းရဲ့ အမည်အတွက် Xiaomi Dual Flex နဲ့ Xiaomi MIX Flex တို့ကို ရွေးချယ်ထားတယ်လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.