Posted on Leave a comment

sapphire glass ကို စိန္ေခၚတဲ့အေနနဲ႕ စမ္းသပ္ခဲ့တဲ့ Xiaomi Mi 9 durability test

Zawgyi Version

ေစ်းသက္သာျပီး အရည္အေသြးနဲ႕ ၾကံ႕ခုိင္မႈပိုင္းမွာ ညီမွ်ေအာင္လုပ္ေဆာင္ေပးထားတဲ့လုပ္ငန္းတစ္ခုဆိုရင္ Xiaomi ကို ေျပးျမင္မိၾကမွာပါ။ အဲဒီစိတ္ထားေလးက စမတ္ဖုန္းအေတာ္မ်ားမ်ားမွာ စီးဆင္းေနျပီးေတာ့ တရုတ္စမတ္ဖုန္းေစ်းကြက္ကိုလည္း လႊမ္းမိိုးနုိင္ေအာင္ ကူညီေပးခဲ့ပါတယ္။ ဒီေန႕ခတ္မွာ Xiaomi, OPPO, Vivo နဲ႕ အဲလိုမ်ိဳးလုပ္ငန္းေတြဆီက ထြက္လာတဲ့ဖုန္းေတြက သူတို႕ကို အနည္းငယ္ျဖစ္ျဖစ္ အရွက္ရေအာင္လုပ္ေနသလိုျဖစ္ေနပါတယ္။ Mi 9 flagship မွာေတာ့ Xiaomi ဟာ main camera အတြက္ “sapphire glass” သံုးေပးထားတယ္လုို႕ ေၾကညာထားပါတယ္။ ဒါဟာ JerryRigEverything အတြက္ေတာ့ စိန္ေခၚမႈတစ္ခုျဖစ္လာခဲ့ပါတယ္။

ဖုန္းရဲ႕ အစိတ္အပိုင္းငယ္ေလးတစ္ခုအတြက္ ေစ်းၾကီးတဲ့ပစၥည္းကို ဘာေၾကာင့္သံုးရမွာလဲ။ ဒီေန႕ေခတ္မွာ ကင္မရာေတြက ဖုန္းရဲ႕ကိုယ္ထည္ကေနအျပင္ကို ထြက္ေနတဲ့ပံုစံျဖစ္တဲ့အတြက္ေၾကာင့္ ဖုန္းေတြကို စားပြဲေပၚတင္ထားမယ္ဆုိရင္ အနည္းနဲ႕အမ်ားေတာ့ ထိခိုက္မႈရွိႏုိင္ပါတယ္။ ျခစ္ရာပြန္းရာေတြဟာ Lens ထဲကို အလင္း၀င္မႈအေပၚ အက်ိဳးသက္ေရာက္မႈရွိႏုိင္တဲ့အတြက္ေၾကာင့္ သူတို႕ကို ၾကံ႕ခိုင္ေအာင္ လုပ္ေဆာင္ေပးထားတယ္လို႕ ျမင္ရမွာပါ။ ဆိုလိုတာက ကင္မရာရဲ႕ အရည္အေသြးကို ကာကြယ္ခ်င္တာေပ့ါ။

Xiaomi ဟာ ကင္မရာအတြက္ sapphire ကို ပထမဆံုးအသံုးျပဳခဲ့တဲ့လုပ္ငန္းေတာ့ မဟုတ္ပါဘူး။ Apple လည္း သံုးခဲ့ဖူးပါတယ္။ JerryRigEverything အေနနဲ႕ sapphire သံုးထားတဲ့ဖုန္းေတြကို စမ္းသပ္ျပခဲ့တာလည္း မနည္းေတာ့ပါဘူး။ Xiaomi အလွည့္မွ ထူးျပီးလုပ္ေဆာင္တာမ်ိဳးမဟုတ္ေတာ့ စိတ္ရွင္းရွင္းနဲ႕ၾကည့္လို႕ရပါတယ္။

စမ္းသပ္မႈအရဆိုရင္ Xiaomi ရဲ႕ “sapphire glass” ဟာ sapphire ဆိုတာထက္ ဖန္သားပိုဆန္ပါတယ္။ level 6 မွာ အစင္းရာထင္သြားျပီးေတာ့ level 7 ကို မခံႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္ sapphire နဲ႕ glass ကို ေရာေႏွာထားတယ္္ဆိုတာ ျမင္လုိက္ရပါတယ္။ ဒါေပမယ့္လည္း လံုး၀လိမ္ညာခဲ့တာေတာ့ မဟုတ္ပါဘူး။

သတင္းေကာင္းကေတာ့ Xiaomi Mi 9 ဟာ စမတ္ဖုန္းေစ်းကြက္ထဲမွာ ေစ်းအသက္သာဆံုးျဖစ္ျပီးတာ့ ၾကံ႕ခိုင္မႈအရွိဆံုးလို႕လည္း ေျပာရမွာပါ။ သူ႕ေစ်းတန္းနဲ႕ေပ့ါ။ အဲဒီေစ်းမွာကို အခ်က္အလက္အျမင့္ေတြလည္း သံုးေပးထားပါတယ္။ အားနည္းခ်က္ကေတာ့ ဒီေန႕ေခတ္ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းေတြလိုပဲ headphone jack ျဖဳတ္ထားပါတယ္။ ဒါေပမယ့္ microSD storage ကိုေတာ့ အသံုးျပဳႏုိင္ဦးမွာပါ။

Unicode Version

ဈေးသက်သာပြီး အရည်အသွေးနဲ့ ကြံ့ခိုင်မှုပိုင်းမှာ ညီမျှအောင်လုပ်ဆောင်ပေးထားတဲ့လုပ်ငန်းတစ်ခုဆိုရင် Xiaomi ကို ပြေးမြင်မိကြမှာပါ။ အဲဒီစိတ်ထားလေးက စမတ်ဖုန်းအတော်များများမှာ စီးဆင်းနေပြီးတော့ တရုတ်စမတ်ဖုန်းဈေးကွက်ကိုလည်း လွှမ်းမိုးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒီနေ့ခတ်မှာ Xiaomi, OPPO, Vivo နဲ့ အဲလိုမျိုးလုပ်ငန်းတွေဆီက ထွက်လာတဲ့ဖုန်းတွေက သူတို့ကို အနည်းငယ်ဖြစ်ဖြစ် အရှက်ရအောင်လုပ်နေသလိုဖြစ်နေပါတယ်။ Mi 9 flagship မှာတော့ Xiaomi ဟာ main camera အတွက် “sapphire glass” သုံးပေးထားတယ်လို့ ကြေညာထားပါတယ်။ ဒါဟာ JerryRigEverything အတွက်တော့ စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
ဖုန်းရဲ့ အစိတ်အပိုင်းငယ်လေးတစ်ခုအတွက် ဈေးကြီးတဲ့ပစ္စည်းကို ဘာကြောင့်သုံးရမှာလဲ။ ဒီနေ့ခေတ်မှာ ကင်မရာတွေက ဖုန်းရဲ့ကိုယ်ထည်ကနေအပြင်ကို ထွက်နေတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့် ဖုန်းတွေကို စားပွဲပေါ်တင်ထားမယ်ဆိုရင် အနည်းနဲ့အများတော့ ထိခိုက်မှုရှိနိုင်ပါတယ်။ ခြစ်ရာပွန်းရာတွေဟာ Lens ထဲကို အလင်းဝင်မှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်တဲ့အတွက်ကြောင့် သူတို့ကို ကြံ့ခိုင်အောင် လုပ်ဆောင်ပေးထားတယ်လို့ မြင်ရမှာပါ။ ဆိုလိုတာက ကင်မရာရဲ့ အရည်အသွေးကို ကာကွယ်ချင်တာပေ့ါ။
Xiaomi ဟာ ကင်မရာအတွက် sapphire ကို ပထမဆုံးအသုံးပြုခဲ့တဲ့လုပ်ငန်းတော့ မဟုတ်ပါဘူး။ Apple လည်း သုံးခဲ့ဖူးပါတယ်။ JerryRigEverything အနေနဲ့ sapphire သုံးထားတဲ့ဖုန်းတွေကို စမ်းသပ်ပြခဲ့တာလည်း မနည်းတော့ပါဘူး။ Xiaomi အလှည့်မှ ထူးပြီးလုပ်ဆောင်တာမျိုးမဟုတ်တော့ စိတ်ရှင်းရှင်းနဲ့ကြည့်လို့ရပါတယ်။
စမ်းသပ်မှုအရဆိုရင် Xiaomi ရဲ့ “sapphire glass” ဟာ sapphire ဆိုတာထက် ဖန်သားပိုဆန်ပါတယ်။ level 6 မှာ အစင်းရာထင်သွားပြီးတော့ level 7 ကို မခံနိုင်တော့ပါဘူး။ ဒါကြောင့် sapphire နဲ့ glass ကို ရောနှောထားတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ဒါပေမယ့်လည်း လုံးဝလိမ်ညာခဲ့တာတော့ မဟုတ်ပါဘူး။


သတင်းကောင်းကတော့ Xiaomi Mi 9 ဟာ စမတ်ဖုန်းဈေးကွက်ထဲမှာ ဈေးအသက်သာဆုံးဖြစ်ပြီးတာ့ ကြံ့ခိုင်မှုအရှိဆုံးလို့လည်း ပြောရမှာပါ။ သူ့ဈေးတန်းနဲ့ပေ့ါ။ အဲဒီဈေးမှာကို အချက်အလက်အမြင့်တွေလည်း သုံးပေးထားပါတယ်။ အားနည်းချက်ကတော့ ဒီနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေလိုပဲ headphone jack ဖြုတ်ထားပါတယ်။ ဒါပေမယ့် microSD storage ကိုတော့ အသုံးပြုနိုင်ဦးမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.