iPhone ေတြမွာ Qualcomm patent သံုးခုခ်ိဳးေဖာက္ထားတယ္လို႕ တရားရံုးက ဆံုးျဖတ္ခ်က္ခ်

0
323
Close-up of blue logo on sign with facade of headquarters buildings in background near the headquarters of Apple Computers in the Silicon Valley, Cupertino, California, August 26, 2018. (Photo by Smith Collection/Gado/Getty Images)

Zawgyi Version

Apple ကေတာ့ ေဒၚလာ၃၁မီလ်ံ ေပးရေတာ့မွာပါ။

ႏွစ္ပတ္စစ္ေဆးမႈအျပီးမွာေတာ့ Apple ဟာ Qualcomm patent သံုးခုကို အခ်ိဳ႕ iPhone ေတြမွာ ခ်ိဳးေဖာက္ထားတယ္လို႕ ဆံုးျဖတ္ေပးလိုက္ပါတယ္။ တရားရံုးဟာ Qualcomm ကုိ ေဒၚလာ၃၁မီလ်ံေလ်ာ္ေၾကးေငြ ခံစားခြင့္သတ္မွတ္ေပးလိုက္ျပီးေတာ့ Apple နဲ႕အေရးကိစၥကို ေျဖရွင္းေပးလိုက္ပါတယ္။

Qualcomm က ဒီကိစၥကို ၂၀၁၇ခုႏွစ္ကတည္းက တုိင္ၾကားထားတာပါ။ patent ကေတာ့ ဖုန္းဖြင့္အျပီး အင္တာနက္နဲ႕ လြယ္လင့္တကူခ်ိတ္ဆက္ႏုိင္ေအာင္လုပ္ေဆာင္ေပးျခင္း၊ battery efficiency နဲ႕ graphic ပိုင္းဆုိင္ရာလုပ္ေဆာင္ခ်က္မ်ား၊ data ကို ျမန္ဆန္စြာေဒါင္းလုတ္ဆြဲႏုိင္ေအာင္ app ေတြကိုျပင္ဆင္ေပးထားျခင္း စတဲ့လုပ္ေဆာင္ခ်က္ေတြ ပါ၀င္ေနပါတယ္။

Apple ကေတာ့ Arjuna Siva လို႕ေခၚတဲ့အင္ဂ်င္နီယာက boot-up နည္းပညာအတြက္ လုပ္ေဆာင္ခဲ့တာျဖစ္လို႕ အဲဒီ patent အတြက္ နာမည္ရသင့္တယ္လ္ို႕ ေျပာထားပါတယ္။ ဒါေပမယ့္လည္း Siva ဟာ တရားရံုးမွာေတာ့ စစ္ေဆးေမးျမန္းျခင္း မျပဳလုပ္ခဲ့ပါဘူး။ ဒါေၾကာင့္ Apple ရဲ႕ ျငင္းဆိုခ်က္ကို တရားရံုုးက ပယ္ခ်ခဲ့ပါတယ္။

Apple က Qualcomm နဲ႕ ဆက္ဆံေရးမွာ Intel ကို ထပ္မံခ်ိတ္ဆက္လိုက္တဲ့အတြက္ေၾကာင့္ ၂၀၁၆ ခုႏွစ္မွာလည္း တရားရံုးတက္ရပါေသးတယ္။ Qualcomm ဟာ ၂၀၁၁ခုႏွစ္တည္းက Apple exclusive supplier အေနနဲ႕ တည္ရွိခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာေတာ့ Intel ကိုသာ ေျပာင္းလဲသံုးစြဲေနပါျပီ။

ဒီလိုလုပ္ေဆာင္လိုက္ျခင္းက လုပ္ငန္းႏွစ္ခုအတြင္းမွာ ထားရွိထားတဲ့ payment ေတြကိုလည္း ဆိုးရြားသြားေစခဲ့ပါတယ္။ ေနာက္လမွာရင္ဆုိင္ရမယ့္အမႈတစ္ခုမွာလည္း ေဒၚလာဘီလ်ံေပါင္းမ်ားစြာ ရင္းရမွာပါ။ ဇန္န၀ါရီတုန္းက ရင္ဆိုင္ထားတဲ့အမႈကလည္း ေရႊ႕ဆိုင္းထားတုန္းပါပဲ။ Apple ၊ Intel နဲ႕ Federal Trade Commission တို႕က ဖုန္းေတြရဲ႕ modem ေတြကို အပုိင္သိမ္းထားျခင္းအတြက္ စြဲဆိုထားပါေသးတယ္။

Qualcomm နဲ႕ Apple တို႕ႏွစ္ဦးၾကားကိစၥေတြဟာ အျခားႏုိင္ငံေတြအထိပါ ပါ၀င္ေနပါတယ္။ Qualcomm ဟာ Apple နဲ႕ ဒီဇင္ဘာတုန္းက ထိပ္တုိက္ေတြ႕မႈမွာ အႏုိင္ရထားပါတယ္။ ဒါေၾကာင့္ ဂ်ာမနီမွာ အခ်ိဳ႕ေသာ iPhone မ်ိဳးဆက္ေတြကို ေရာင္းခ်ခြင့္ပိတ္ပင္ခံထားရပါတယ္။ Apple ကေတာ့ ဂ်ာမနီအတြက္ iPhone 7,8 တို႕ကို စတင္ေရာင္းခ်လို႕ ရေနပါျပီ။

Unicode Version

Apple ကတော့ ဒေါ်လာ၃၁မီလျံ ပေးရတော့မှာပါ။
နှစ်ပတ်စစ်ဆေးမှုအပြီးမှာတော့ Apple ဟာ Qualcomm patent သုံးခုကို အချို့ iPhone တွေမှာ ချိုးဖောက်ထားတယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ တရားရုံးဟာ Qualcomm ကို ဒေါ်လာ၃၁မီလျံလျော်ကြေးငွေ ခံစားခွင့်သတ်မှတ်ပေးလိုက်ပြီးတော့ Apple နဲ့အရေးကိစ္စကို ဖြေရှင်းပေးလိုက်ပါတယ်။
Qualcomm က ဒီကိစ္စကို ၂၀၁၇ခုနှစ်ကတည်းက တိုင်ကြားထားတာပါ။ patent ကတော့ ဖုန်းဖွင့်အပြီး အင်တာနက်နဲ့ လွယ်လင့်တကူချိတ်ဆက်နိုင်အောင်လုပ်ဆောင်ပေးခြင်း၊ battery efficiency နဲ့ graphic ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များ၊ data ကို မြန်ဆန်စွာဒေါင်းလုတ်ဆွဲနိုင်အောင် app တွေကိုပြင်ဆင်ပေးထားခြင်း စတဲ့လုပ်ဆောင်ချက်တွေ ပါဝင်နေပါတယ်။
Apple ကတော့ Arjuna Siva လို့ခေါ်တဲ့အင်ဂျင်နီယာက boot-up နည်းပညာအတွက် လုပ်ဆောင်ခဲ့တာဖြစ်လို့ အဲဒီ patent အတွက် နာမည်ရသင့်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း Siva ဟာ တရားရုံးမှာတော့ စစ်ဆေးမေးမြန်းခြင်း မပြုလုပ်ခဲ့ပါဘူး။ ဒါကြောင့် Apple ရဲ့ ငြင်းဆိုချက်ကို တရားရုံးက ပယ်ချခဲ့ပါတယ်။
Apple က Qualcomm နဲ့ ဆက်ဆံရေးမှာ Intel ကို ထပ်မံချိတ်ဆက်လိုက်တဲ့အတွက်ကြောင့် ၂၀၁၆ ခုနှစ်မှာလည်း တရားရုံးတက်ရပါသေးတယ်။ Qualcomm ဟာ ၂၀၁၁ခုနှစ်တည်းက Apple exclusive supplier အနေနဲ့ တည်ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Intel ကိုသာ ပြောင်းလဲသုံးစွဲနေပါပြီ။
ဒီလိုလုပ်ဆောင်လိုက်ခြင်းက လုပ်ငန်းနှစ်ခုအတွင်းမှာ ထားရှိထားတဲ့ payment တွေကိုလည်း ဆိုးရွားသွားစေခဲ့ပါတယ်။ နောက်လမှာရင်ဆိုင်ရမယ့်အမှုတစ်ခုမှာလည်း ဒေါ်လာဘီလျံပေါင်းများစွာ ရင်းရမှာပါ။ ဇန်နဝါရီတုန်းက ရင်ဆိုင်ထားတဲ့အမှုကလည်း ရွှေ့ဆိုင်းထားတုန်းပါပဲ။ Apple ၊ Intel နဲ့ Federal Trade Commission တို့က ဖုန်းတွေရဲ့ modem တွေကို အပိုင်သိမ်းထားခြင်းအတွက် စွဲဆိုထားပါသေးတယ်။
Qualcomm နဲ့ Apple တို့နှစ်ဦးကြားကိစ္စတွေဟာ အခြားနိုင်ငံတွေအထိပါ ပါဝင်နေပါတယ်။ Qualcomm ဟာ Apple နဲ့ ဒီဇင်ဘာတုန်းက ထိပ်တိုက်တွေ့မှုမှာ အနိုင်ရထားပါတယ်။ ဒါကြောင့် ဂျာမနီမှာ အချို့သော iPhone မျိုးဆက်တွေကို ရောင်းချခွင့်ပိတ်ပင်ခံထားရပါတယ်။ Apple ကတော့ ဂျာမနီအတွက် iPhone 7,8 တို့ကို စတင်ရောင်းချလို့ ရနေပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.