Enterprise Smartphone Trending

Huawei ဆီမွ ေလးေထာင့္ပံု second screen ပါ၀င္မယ့္ဖုန္းအတြက္ patent တစ္ခုထြက္ရွိလာ

Zawgyi Version

Huawei ဟာ စမတ္ဖုန္းဒီဇုိင္းေတြနဲ႕ပတ္သတ္ျပီးေတာ့ စြန္႕ဦးတီထြင္တာမ်ိဳးေတြ လုပ္ခဲပါတယ္။ Honor sub-brand ကိုေတာ့ အဆန္းေလးေတြ လုပ္တတ္တာေတာ့ရွိတာေပါ့ေလ။ ဒါေပမယ့္လည္း သူ႕စိတ္ကူးနဲ႕လုပ္တာမ်ိဳးက ရွားပါတယ္။ မၾကာေသးခင္က ထြက္ရွိလာတဲ့ patent တစ္ခုအရဆိုရင္ second display သံုးထားတဲ့ဖုန္းတစ္လံုးထြက္ရွိလာႏုိင္တယ္လို႕ ခန္႕မွန္းရပါတယ္။ second display ဆုိေပမယ့္လည္း ဆယ္လ္ဖီရုိက္ရံုေလာက္သာ အသံုးျပဳႏုိင္မယ့္အရြယ္အစားပါ။

Dual screen ဖုန္းေတြက အသစ္မဟုတ္သလို အဆန္းေတြလည္း မဟုတ္ေတာ့ပါဘူး။ ZTE nubia X နဲ႕ Vivo NEX Dual Display Edition တို႕ရွိပါတယ္။ ဒါေပမယ့္လည္း စိတ္ကူးကေတာ့ မတူဘူးလို႕ေျပာရမွာေပ့ါ။ Huawei patent ကေတာ့ ၂၀၁၇ခုႏွစ္တုန္းကထြက္ရွိထားတဲ့ Meizu PRO 7 ကေန ထြက္ေပၚလာတယ္လို႕ ေျပာရင္ မွားမယ္မထင္ပါဘူး။

Patent ကို ေလ့လာၾကည့္လုိက္ေတာ့ Huawei ရဲ႕စိတ္ကူးဟာ ဖုန္းရဲ႕အေနာက္ဘက္ တစ္၀က္ေလာက္မွာ ေလးေထာင့္ပံုစံ second screen ထည့္သြင္းမွာျဖစ္ပါတယ္။ ကင္မရာေတြကို သံုးလံုးဆက္ထားတဲ့ေအာက္နားေလးမွာပါ။ ဒါဟာ selfie ကုိ main ကင္မရာကေန ရုိက္ကူးခ်ိန္မွာ မွန္သဖြယ္ၾကည့္ႏုိင္ေအာင္လုပ္ေဆာင္ေပးထားတာျဖစ္ျပီး nubia X or NEX DDE တို႕လို full experience ရႏုိင္မွာေတာ့ မဟုတ္ပါဘူး။

Patent အရ triple camera setup ကို ေတြ႕ျမင္ရပါတယ္။ ကင္မရာေတြဟာ ေလးေထာင့္မွန္ေတြကိုအသံုးျပဳထားျပီးေတာ့ periscope-style zoom len ပါ၀င္မယ္လို႕ သိရပါတယ္။ Huawei P30 Pro မွာ ပထမဆံုးေတြ႕ျမင္ရမယ့္ကင္မရာမ်ိဳးေတြ ျဖစ္ပါတယ္။

အေရွ႕ျခမ္းမွာေတာ့ လံုး၀ကို ေဘာင္ေပ်ာက္ျဖစ္သြားမွာပါ။ ဒီလိုေမွ်ာ္လင့္ထားတယ္ဆိုရင္ေတာ့ စိတ္ပ်က္မွာၾကိမ္းေသပါပဲ။ ထိပ္မွာ ေရစက္ပံုNotch ပါ၀င္ျပီးေတာ့ Time-of-Flight (ToF) sensor ေလး ထည့္သြင္းေပးထားေတာ့ 3D face recognition လည္း အသံုးျပဳထားမယ္လို႕ ခန္႕မွန္းရပါတယ္။

Unicode Version

Huawei ဟာ စမတ်ဖုန်းဒီဇိုင်းတွေနဲ့ပတ်သတ်ပြီးတော့ စွန့်ဦးတီထွင်တာမျိုးတွေ လုပ်ခဲပါတယ်။ Honor sub-brand ကိုတော့ အဆန်းလေးတွေ လုပ်တတ်တာတော့ရှိတာပေါ့လေ။ ဒါပေမယ့်လည်း သူ့စိတ်ကူးနဲ့လုပ်တာမျိုးက ရှားပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ patent တစ်ခုအရဆိုရင် second display သုံးထားတဲ့ဖုန်းတစ်လုံးထွက်ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ second display ဆိုပေမယ့်လည်း ဆယ်လ်ဖီရိုက်ရုံလောက်သာ အသုံးပြုနိုင်မယ့်အရွယ်အစားပါ။
Dual screen ဖုန်းတွေက အသစ်မဟုတ်သလို အဆန်းတွေလည်း မဟုတ်တော့ပါဘူး။ ZTE nubia X နဲ့ Vivo NEX Dual Display Edition တို့ရှိပါတယ်။ ဒါပေမယ့်လည်း စိတ်ကူးကတော့ မတူဘူးလို့ပြောရမှာပေ့ါ။ Huawei patent ကတော့ ၂၀၁၇ခုနှစ်တုန်းကထွက်ရှိထားတဲ့ Meizu PRO 7 ကနေ ထွက်ပေါ်လာတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။
Patent ကို လေ့လာကြည့်လိုက်တော့ Huawei ရဲ့စိတ်ကူးဟာ ဖုန်းရဲ့အနောက်ဘက် တစ်ဝက်လောက်မှာ လေးထောင့်ပုံစံ second screen ထည့်သွင်းမှာဖြစ်ပါတယ်။ ကင်မရာတွေကို သုံးလုံးဆက်ထားတဲ့အောက်နားလေးမှာပါ။ ဒါဟာ selfie ကို main ကင်မရာကနေ ရိုက်ကူးချိန်မှာ မှန်သဖွယ်ကြည့်နိုင်အောင်လုပ်ဆောင်ပေးထားတာဖြစ်ပြီး nubia X or NEX DDE တို့လို full experience ရနိုင်မှာတော့ မဟုတ်ပါဘူး။


Patent အရ triple camera setup ကို တွေ့မြင်ရပါတယ်။ ကင်မရာတွေဟာ လေးထောင့်မှန်တွေကိုအသုံးပြုထားပြီးတော့ periscope-style zoom len ပါဝင်မယ်လို့ သိရပါတယ်။ Huawei P30 Pro မှာ ပထမဆုံးတွေ့မြင်ရမယ့်ကင်မရာမျိုးတွေ ဖြစ်ပါတယ်။
အရှေ့ခြမ်းမှာတော့ လုံးဝကို ဘောင်ပျောက်ဖြစ်သွားမှာပါ။ ဒီလိုမျှော်လင့်ထားတယ်ဆိုရင်တော့ စိတ်ပျက်မှာကြိမ်းသေပါပဲ။ ထိပ်မှာ ရေစက်ပုံNotch ပါဝင်ပြီးတော့ Time-of-Flight (ToF) sensor လေး ထည့်သွင်းပေးထားတော့ 3D face recognition လည်း အသုံးပြုထားမယ်လို့ ခန့်မှန်းရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.