Posted on Leave a comment

User အခ်ိဳ႕မွာ Facebook ရဲ႕ လုပ္ေဆာင္ခ်က္အခ်ိဳ႕ သံုးမရတဲ့ ျပႆနာ ျဖစ္ေန

ကမာၻအ၀န္းမွ User အခ်ိဳ႕မွာ Facebook နဲ႔ Instagram ရဲ႕ လုပ္ေဆာင္ခ်က္ အခ်ိဳ႕ကို သံုးမရ ျဖစ္ေနပါတယ္။ App မ်ားကို ဖြင့္လို႔ရေပမယ့္လည္း အခ်ိဳ႕ လုပ္ေဆာင္ခ်က္မ်ားဟာ Error မ်ား ျဖစ္ပြားေနပါတယ္။

ပလက္ေဖာင္း ႏွစ္ခုစလံုးမွာ အဓိက ျဖစ္ပြားေနတဲ့ ျပႆနာက မက္ေဆ့မ်ား ပို႔မရျခင္းနဲ႔ ပို႔စ္မ်ား တင္မရျခင္းမ်ား ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း မက္ဆင္ဂ်ာ ျပႆနာတက္ေနတယ္ဆိုတဲ့ ပို႔စ္မ်ားကို မေန႔က ေတြ႕ခဲ့ရပါတယ္။ အက္မင္မ်ားက Page မ်ားမွာ ပို႔စ္တင္ရာမွာလည္း အဆင္မေျပ ျဖစ္ခဲ့ပါတယ္။

ဒ့ါအျပင္ Facebook ပိုင္တဲ့ WhatsApp မွာလည္း မက္ေဆ့ ပို႔မရတဲ့ ျပႆနာမ်ား ျဖစ္ပြားေနပါတယ္။ အေမရိကန္မွာေတာ့ ဒီျပႆနာ မျဖစ္ပြားပါဘူး။ ဒါေပမယ့္ Paraguay, India, Bangladesh, Argentina တု႔ိမွာ ဒီျပႆနာ ျဖစ္ပြားေၾကာင္း သတင္းပို႔ထားပါတယ္။ Facebook ျပႆနာတက္တဲ့အဓိက ႏုိင္ငံမ်ားမွာ New England , Texas, Seattle , Washington , UK , India, Philippines , Latin America တို႔ ျဖစ္တယ္လို႔ DownDetector က ေျပာပါတယ္။ Canada , Las Vegas နဲ႔ Turkey တို႔မွာလည္း ျပႆနာ ျဖစ္တယ္လို႔ သတင္းပို႔ထားၾကပါတယ္။

လူတိုင္းမွာေတာ့ ဒီျပႆနာျဖစ္ပြားေနတာ မဟုတ္ပါဘူး။ ဒါ့အျပင္ လုပ္ေဆာင္ခ်က္ အခ်ိဳ႕သာ Error ျဖစ္ေနတာ ျဖစ္ၿပီး အျခား လုပ္ေဆာင္ခ်က္မ်ားက အိုေကေနပါတယ္။ ျမန္မာ လူမႈကြန္ရက္ အသိုင္းအ၀ိုင္းမွာ မေန႔က မနက္ပိုင္းက မက္ဆင္ဂ်ာ အလုပ္မလုပ္တဲ့ အေၾကာင္းကို ပို႔စ္တင္ထားၾကပါတယ္။ ဒါေပမယ့္ ညေနပိုင္းေလာက္မွာ အဆင္ေျပသြားၿပီ ဆိုတဲ့ ပို႔စ္မ်ား တက္လာပါတယ္။

unicode

User အချို့မှာ Facebook ရဲ့ လုပ်ဆောင်ချက်အချို့ သုံးမရတဲ့ ပြဿနာ ဖြစ်နေ

ကမ္ဘာအဝန်းမှ User အချို့မှာ Facebook နဲ့ Instagram ရဲ့ လုပ်ဆောင်ချက် အချို့ကို သုံးမရ ဖြစ်နေပါတယ်။ App များကို ဖွင့်လို့ရပေမယ့်လည်း အချို့ လုပ်ဆောင်ချက်များဟာ Error များ ဖြစ်ပွားနေပါတယ်။

ပလက်ဖောင်း နှစ်ခုစလုံးမှာ အဓိက ဖြစ်ပွားနေတဲ့ ပြဿနာက မက်ဆေ့များ ပို့မရခြင်းနဲ့ ပို့စ်များ တင်မရခြင်းများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မက်ဆင်ဂျာ ပြဿနာတက်နေတယ်ဆိုတဲ့ ပို့စ်များကို မနေ့က တွေ့ခဲ့ရပါတယ်။ အက်မင်များက Page များမှာ ပို့စ်တင်ရာမှာလည်း အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

ဒ့ါအပြင် Facebook ပိုင်တဲ့ WhatsApp မှာလည်း မက်ဆေ့ ပို့မရတဲ့ ပြဿနာများ ဖြစ်ပွားနေပါတယ်။ အမေရိကန်မှာတော့ ဒီပြဿနာ မဖြစ်ပွားပါဘူး။ ဒါပေမယ့် Paraguay, India, Bangladesh, Argentina တု့ိမှာ ဒီပြဿနာ ဖြစ်ပွားကြောင်း သတင်းပို့ထားပါတယ်။ Facebook ပြဿနာတက်တဲ့အဓိက နိုင်ငံများမှာ New England , Texas, Seattle , Washington , UK , India, Philippines , Latin America တို့ ဖြစ်တယ်လို့ DownDetector က ပြောပါတယ်။ Canada , Las Vegas နဲ့ Turkey တို့မှာလည်း ပြဿနာ ဖြစ်တယ်လို့ သတင်းပို့ထားကြပါတယ်။

လူတိုင်းမှာတော့ ဒီပြဿနာဖြစ်ပွားနေတာ မဟုတ်ပါဘူး။ ဒါ့အပြင် လုပ်ဆောင်ချက် အချို့သာ Error ဖြစ်နေတာ ဖြစ်ပြီး အခြား လုပ်ဆောင်ချက်များက အိုကေနေပါတယ်။ မြန်မာ လူမှုကွန်ရက် အသိုင်းအဝိုင်းမှာ မနေ့က မနက်ပိုင်းက မက်ဆင်ဂျာ အလုပ်မလုပ်တဲ့ အကြောင်းကို ပို့စ်တင်ထားကြပါတယ်။ ဒါပေမယ့် ညနေပိုင်းလောက်မှာ အဆင်ပြေသွားပြီ ဆိုတဲ့ ပို့စ်များ တက်လာပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.