Donald Trump ကလည္း အေမရိကန္မွာ Boeing 737 Model မ်ားကို ပိတ္ၿပီ

0
534

အေမရိကန္မွာ Boeing 737 ကို မပိတ္ပင္တဲ့အတြက္ ထရမ့္ အစိုးရကို ေ၀ဖန္ျပစ္တင္မႈမ်ား ၿပီးခဲ့တဲ့ နာရီပိုင္းကပဲ ျပင္းထန္ခဲ့ပါတယ္။ အခုေတာ့ ထရမ့္က “ Boeing 737 Max 8 , Max 9 အျပင္ အဲဒီ ေမာ္ဒယ္္မ်ားနဲ႔ ဆက္စပ္ေနတဲ့ ေလယာဥ္အားလံုးကို အျမန္ဆံုး ပိတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိ ေ၀ဟင္မွာ ပ်ံသန္းေနတဲ့ ေလယာဥ္မ်ားဟာ ဦးတည္ရာကို ေရာက္ၿပီးရင္ ျပန္ထြက္လို႔ မရေတာ့ပါဘူး။ “ လို႔ ေၾကညာလိုက္ပါတယ္။

Boeing 737 Max 8 အသံုးျပဳျခင္းအား ပိတ္ပင္တဲ့ ႏိုင္ငံေတြ တိုးလာပါၿပီ။ ၿဗိတိန္၊ ၾသစေၾတးလ်၊ ပိုလန္နဲ႔ စင္ကာပူတို႔ကလည္း သူ႔ကို အသံုးျပဳျခင္းအား မေန႔က ပိတ္ပင္ထားပါတယ္။ သိပ္မၾကာခင္မွာပဲ  ၿဗိတိန္၊ ဂ်ာမနီ၊ ျပင္သစ္တို႔ကို ကိုယ္စားျပဳတဲ့ ဥေရာပ သမဂၢ ေလေၾကာင္း လံုျခံဳေရး ေအဂ်င္စီကလည္း Boeing 737 Max 8 ပ်ံသန္းမႈကို ပိတ္ပင္ခဲ့ပါတယ္။

အခုဆိုရင္ ကမာၻအ၀န္းမွာ အသံုးျပဳေနတဲ့ Boeing 737 Max 8 ေလယာဥ္မ်ားရဲ႕ ထက္၀က္နီးပါးကို ပိတ္ပင္ထားပါတယ္။ Boeing 737 Max 8 ဟာ ၂၀၁၇ ခုႏွစ္မွာ စတင္ ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး ပထမ ၆ လအတြင္းမွာပဲ အစီးေရ ၄၀၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေလာက္ေအာင္ လူႀကိဳက္မ်ားခဲ့ပါတယ္။  

Boeing ရဲ႕ ေနာက္ဆံုးထုတ္ 737 Airplane တစ္စီးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ အီသီယိုးပီးယားမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၅၇ ဦး ေသဆံုးၿပီးေနာက္မွာ တရုတ္၊ အင္ဒိုနီးရွားနဲ႔ အီသီယိုးပီးယား ႏိုင္ငံမ်ားမွာ အဲဒီေလယာဥ္မ်ား ပ်ံသန္းျခင္းကို ပိတ္ပင္လိုက္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ငါးလအတြင္း Boeing 737 Max 8 ေလယာဥ္  ဒုတိယ အႀကိမ္ေျမာက္ ပ်က္က်ျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာလည္း တန္ဖိုးနည္း ေလေၾကာင္းလိုင္း Lion Air ရဲ႕ 737 Max 8 တစ္စီးဟာ ေ၀ဟင္သို႔ ပ်ံတက္ၿပီး သိပ္မၾကာခင္မွာပဲ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး ေသဆံုးသြားခဲ့ပါတယ္။

unicode

Donlad Trump ကလည်း အမေရိကန်မှာ Boeing 737 Model များကို ပိတ်ပြီ

အမေရိကန်မှာ Boeing 737 ကို မပိတ်ပင်တဲ့အတွက် ထရမ့် အစိုးရကို ဝေဖန်ပြစ်တင်မှုများ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ပြင်းထန်ခဲ့ပါတယ်။ အခုတော့ ထရမ့်က “ Boeing 737 Max 8 , Max 9 အပြင် အဲဒီ မော်ဒယ်များနဲ့ ဆက်စပ်နေတဲ့ လေယာဉ်အားလုံးကို အမြန်ဆုံး ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ဝေဟင်မှာ ပျံသန်းနေတဲ့ လေယာဉ်များဟာ ဦးတည်ရာကို ရောက်ပြီးရင် ပြန်ထွက်လို့ မရတော့ပါဘူး။ “ လို့ ကြေညာလိုက်ပါတယ်။

Boeing 737 Max 8 အသုံးပြုခြင်းအား ပိတ်ပင်တဲ့ နိုင်ငံတွေ တိုးလာပါပြီ။ ဗြိတိန်၊ သြစတြေးလျ၊ ပိုလန်နဲ့ စင်ကာပူတို့ကလည်း သူ့ကို အသုံးပြုခြင်းအား မနေ့က ပိတ်ပင်ထားပါတယ်။ သိပ်မကြာခင်မှာပဲ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်တို့ကို ကိုယ်စားပြုတဲ့ ဥရောပ သမဂ္ဂ လေကြောင်း လုံခြုံရေး အေဂျင်စီကလည်း Boeing 737 Max 8 ပျံသန်းမှုကို ပိတ်ပင်ခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘာအဝန်းမှာ အသုံးပြုနေတဲ့ Boeing 737 Max 8 လေယာဉ်များရဲ့ ထက်ဝက်နီးပါးကို ပိတ်ပင်ထားပါတယ်။ Boeing 737 Max 8 ဟာ ၂၀၁၇ ခုနှစ်မှာ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး ပထမ ၆ လအတွင်းမှာပဲ အစီးရေ ၄၀၀၀ ကျော် ရောင်းချနိုင်ခဲ့လောက်အောင် လူကြိုက်များခဲ့ပါတယ်။

Boeing ရဲ့ နောက်ဆုံးထုတ် 737 Airplane တစ်စီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီသီယိုးပီးယားမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးပြီးနောက်မှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယား နိုင်ငံများမှာ အဲဒီလေယာဉ်များ ပျံသန်းခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးလအတွင်း Boeing 737 Max 8 လေယာဉ် ဒုတိယ အကြိမ်မြောက် ပျက်ကျခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ရဲ့ 737 Max 8 တစ်စီးဟာ ဝေဟင်သို့ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးသွားခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.