Posted on Leave a comment

ဥေရာပ သမဂၢကလည္း Boeing 737 ကို ပိတ္လိုက္ၿပီ

Boeing 737 Max 8 အသံုးျပဳျခင္းအား ပိတ္ပင္တဲ့ ႏိုင္ငံေတြ တိုးလာပါၿပီ။ ၿဗိတိန္၊ ၾသစေၾတးလ်၊ ပိုလန္နဲ႔ စင္ကာပူတို႔ကလည္း သူ႔ကို အသံုးျပဳျခင္းအား ပိတ္ပင္လိုက္ပါတယ္။ သိပ္မၾကာခင္မွာပဲ  ၿဗိတိန္၊ ဂ်ာမနီ၊ ျပင္သစ္တို႔ကို ကိုယ္စားျပဳတဲ့ ဥေရာပ သမဂၢ ေလေၾကာင္း လံုျခံဳေရး ေအဂ်င္စီကလည္း Boeing 737 Max 8 ပ်ံသန္းမႈကို ပိတ္ပင္လိုက္ပါၿပီ။

အခုဆိုရင္ ကမာၻအ၀န္းမွာ အသံုးျပဳေနတဲ့ Boeing 737 Max 8 ေလယာဥ္မ်ားရဲ႕ ထက္၀က္နီးပါးကို ပိတ္ပင္ထားပါတယ္။ Boeing 737 Max 8 ဟာ ၂၀၁၇ ခုႏွစ္မွာ စတင္ ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး ပထမ ၆ လအတြင္းမွာပဲ အစီးေရ ၄၀၀၀ ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေလာက္ေအာင္ လူႀကိဳက္မ်ားခဲ့ပါတယ္။ အေမရိကန္ကေတာ့ သူ႔ကို မပိတ္ပင္ေသးဘဲ ဆက္လက္ အသံုးျပဳခြင့္ေပးထားပါတယ္။

အေမရိကန္ ေလေၾကာင္း ညႊန္ၾကားမႈဌာနနဲ႔ အမ်ိဳးသား လံုျခံဳစြာ သယ္ယူပို႔ေဆာင္ေရး ဘုတ္အဖြဲ႕မ်ားက အီသီယိုးပီးယား ေလေၾကာင္းလိုင္းမွ ပ်က္က်တဲ့ ေလယာဥ္ကေန ပိုင္းေလာ့ အခန္းမွ Voice Recorder နဲ႔ Flight Data Recorder မ်ားကို ရယူၿပီး စစ္ေဆးေနပါတယ္။ အဲဒီ စစ္ေဆးခ်က္မ်ားၿပီးမွ ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းအရင္းမ်ားကို ပိုမို သိလာရမွာ ျဖစ္ပါတယ္။

Boeing ရဲ႕ ေနာက္ဆံုးထုတ္ 737 Airplane တစ္စီးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ အီသီယိုးပီးယားမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၅၇ ဦး ေသဆံုးၿပီးေနာက္မွာ တရုတ္၊ အင္ဒိုနီးရွားနဲ႔ အီသီယိုးပီးယား ႏိုင္ငံမ်ားမွာ အဲဒီေလယာဥ္မ်ား ပ်ံသန္းျခင္းကို ပိတ္ပင္လိုက္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ငါးလအတြင္း Boeing 737 Max 8 ေလယာဥ္  ဒုတိယ အႀကိမ္ေျမာက္ ပ်က္က်ျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာလည္း တန္ဖိုးနည္း ေလေၾကာင္းလိုင္း Lion Air ရဲ႕ 737 Max 8 တစ္စီးဟာ ေ၀ဟင္သို႔ ပ်ံတက္ၿပီး သိပ္မၾကာခင္မွာပဲ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး ေသဆံုးသြားခဲ့ပါတယ္။

unicode

ဥရောပ သမဂ္ဂကလည်း Boeing 737 ကို ပိတ်လိုက်ပြီ

Boeing 737 Max 8 အသုံးပြုခြင်းအား ပိတ်ပင်တဲ့ နိုင်ငံတွေ တိုးလာပါပြီ။ ဗြိတိန်၊ သြစတြေးလျ၊ ပိုလန်နဲ့ စင်ကာပူတို့ကလည်း သူ့ကို အသုံးပြုခြင်းအား ပိတ်ပင်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်တို့ကို ကိုယ်စားပြုတဲ့ ဥရောပ သမဂ္ဂ လေကြောင်း လုံခြုံရေး အေဂျင်စီကလည်း Boeing 737 Max 8 ပျံသန်းမှုကို ပိတ်ပင်လိုက်ပါပြီ။

အခုဆိုရင် ကမ္ဘာအဝန်းမှာ အသုံးပြုနေတဲ့ Boeing 737 Max 8 လေယာဉ်များရဲ့ ထက်ဝက်နီးပါးကို ပိတ်ပင်ထားပါတယ်။ Boeing 737 Max 8 ဟာ ၂၀၁၇ ခုနှစ်မှာ စတင် ရောင်းချခဲ့တာ ဖြစ်ပြီး ပထမ ၆ လအတွင်းမှာပဲ အစီးရေ ၄၀၀၀ ကျော် ရောင်းချနိုင်ခဲ့လောက်အောင် လူကြိုက်များခဲ့ပါတယ်။ အမေရိကန်ကတော့ သူ့ကို မပိတ်ပင်သေးဘဲ ဆက်လက် အသုံးပြုခွင့်ပေးထားပါတယ်။

အမေရိကန် လေကြောင်း ညွှန်ကြားမှုဌာနနဲ့ အမျိုးသား လုံခြုံစွာ သယ်ယူပို့ဆောင်ရေး ဘုတ်အဖွဲ့များက အီသီယိုးပီးယား လေကြောင်းလိုင်းမှ ပျက်ကျတဲ့ လေယာဉ်ကနေ ပိုင်းလော့ အခန်းမှ Voice Recorder နဲ့ Flight Data Recorder များကို ရယူပြီး စစ်ဆေးနေပါတယ်။ အဲဒီ စစ်ဆေးချက်များပြီးမှ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းများကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Boeing ရဲ့ နောက်ဆုံးထုတ် 737 Airplane တစ်စီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီသီယိုးပီးယားမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးပြီးနောက်မှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယား နိုင်ငံများမှာ အဲဒီလေယာဉ်များ ပျံသန်းခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးလအတွင်း Boeing 737 Max 8 လေယာဉ် ဒုတိယ အကြိမ်မြောက် ပျက်ကျခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ရဲ့ 737 Max 8 တစ်စီးဟာ ဝေဟင်သို့ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးသွားခဲ့ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.