Social Trending

built-in fingerprint reader ပါ၀င္တဲ့ Debit card မ်ားကို ယူေကမွာ စမ္းသပ္ေနျပီ

Zawgyi Version

PIN မလိုဘူး၊ လက္မွတ္မလိုဘူး၊ payment limit မလိုေတာ့ဘူးေလ။

ျဗိတိန္ဘဏ္ Natwest ကေတာ့ built-in fingerprint scanner ပါ၀င္တဲ့ NFC payment card အသစ္ကို စမ္းသပ္သံုးစြဲေနျပီျဖစ္ပါတယ္။ ဒီစမ္းသပ္မႈမွာ သံုးစြဲသူအေယာက္၂၀၀ ရွိ္ပါ၀င္မွာျဖစ္ျပီးေတာ့ ဧျပီလလယ္ေလာက္မွာ စတင္မွာပါ။ သံုးစြဲသူေတြအေနနဲ႕ NFC payment ေတြကို PIN ၊ လက္မွတ္မလိုေတာ့ဘဲ အသံုးျပဳႏုိင္ေတာ့မွာပါ။ fingerprint သံုးတဲ့အခါမွာ £30 limit ထက္ ေက်ာ္လြန္လည္း အဆင္ေျပသြားပါျပီ။

လက္ရွိမွာေတာ့ payment လုပ္ခ်င္တိုင္းမွာ ကဒ္ကို ထိလိုက္တာနဲ႕ အဆင္ေျပေနပါျပီ။ လံုျခံဳေရးအားနည္းတဲ့အတြက္ေၾကာင့္ £30 limit ကို ကန္႕သတ္ေပးထားပါတယ္။ ေနာက္ျပီး ကဒ္ကိုထည့္၊ PIN ရုိက္နဲ႕ အလုပ္ရွဳပ္ေနၾကပါတယ္။ mobile payment ေတြမွာ authentication လိုအပ္တယ္ဆိုေပမယ့္လည္း £30 limit ကေတာ့ အတူတူပါပဲ။

fingerprint data ကိုေတာ့ ကဒ္ေပၚမွာသိမ္းဆည္းထားျပီးေတာ့ ဘဏ္ရဲ႕  database ကေန ခိုးယူမႈေတြမျဖစ္ေအာင္ ကာကြယ္ထားပါတယ္။ လက္ရွိမွာေတာ့ သူခိုးေတြအေနနဲ႕ ခုိးယူျပီးလက္ေဗြအတုလုပ္တာမ်ိဳးေတြလည္း ရွိေနႏုိင္ပါေသးတယ္။ ဒါေပမယ့္လည္း PIN ထက္ေတာ့ ပိုမိုတိက်တယ္လို႕ ဆိုရမွာပါ။

Biometric authentication ေတြဟာ NFC mobile payment ေတြရဲ႕ စံႏႈန္းတစ္ခုျဖစ္လာပါျပီ။ ဒါေပမယ့္လည္း ၂၀၁၅ခုႏွစ္တည္းက စတင္ခဲ့တဲ့ credit card ေတြမွာေတာ့ ရိုးရာကဒ္အတုိင္းပဲ ရွိေနပါေသးတယ္။ Gemalto လုပ္ငန္းကေတာ့ ၂၀၁၇ခုႏွစ္မွာ ေတာင္အာဖရိကရဲ႕ကဒ္ေတြကို စမ္းသပ္မႈလုပ္ခဲ့ပါတယ္။ မႏွစ္တုန္းက အီတလီဘဏ္ Intesa Sanpaolo နဲ႕ စမ္းသပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သံုးစြဲသူေတြအေနနဲ႕ ဘဏ္ကိုသြားျပီးေတာ့ လုပ္ေဆာင္ေနရတုန္းပါပဲ။ Apple Pay or Google Pay လိုမ်ိဳး အိမ္ကေန မလုပ္ေဆာင္ႏုိင္ေသးတာလည္း အားနည္းခ်က္တစ္ခုလို ျဖစ္ေနခဲ့ပါတယ္။

Natwest ရဲ႕ စမ္းသပ္မႈကေတာ့ ဒီအခ်က္ကို မေက်ာ္လႊားႏုိင္ေသးပါဘူး။ စမ္းသပ္မႈမွာ ပါ၀င္မယ့္သူေတြက ဘဏ္ခြဲေတြကို သြားေရာက္ရမွာပါ။ Gemalto ရဲ႕ ဗြီဒီယိုေလးထဲမွာေတာ့ ဒီစနစ္ရဲ႕ေနာက္ပိုင္းဗားရွင္းေတြမွာ သံုးစြဲသူေတြအေနနဲ႕ ကိုယ္ပို္င္ဖုန္းကေန လက္ေဗြေတြကို ထည့္သြင္းလို႕ရေအာင္ လုပ္ေဆာင္မယ္လို႕ ေျပာထားပါတယ္။

အဆင္မေျပလွတဲ့ ကဒ္ေပါင္းမ်ားစြာကိုကိုင္ျပီးေတာ့ သယ္သြားေနရျခင္းေတြက biometric card ေတြကို ထြက္ေပၚလာေစခဲ့ပါတယ္။ ဒီေန႕ေခတ္မွာက လက္ေဗြဖတ္စက္ေတြနဲ႕ face scanner ေတြရွိေနတဲ့ မိုဘုိင္းလ္ဖုန္းေတြဟာ လူတုိင္းလိုလိုမွာ ရွိေနၾကပါျပီ။ ဘဏ္ကဒ္ေတြဟာ အေကာင့္ရွိရင္အခမဲ့ရေနတာျဖစ္တဲ့အတြက္ေၾကာင့္ စမတ္ဖုန္းေကာင္းေကာင္းတစ္လံုးမ၀ယ္ႏုိင္တဲ့သူေတြအတြက္ပါ အသံုးျပဳလို႕ရႏုိင္ေအာင္ စီစဥ္ေပးထားဖို႕လည္း ဘဏ္ေတြအေနနဲ႕ စဥ္းစားေပးရပါလိမ့္မယ္။

Unicode Version

PIN မလိုဘူး၊ လက်မှတ်မလိုဘူး၊ payment limit မလိုတော့ဘူးလေ။
ဗြိတိန်ဘဏ် Natwest ကတော့ built-in fingerprint scanner ပါဝင်တဲ့ NFC payment card အသစ်ကို စမ်းသပ်သုံးစွဲနေပြီဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ သုံးစွဲသူအယောက်၂၀၀ ရှိပါဝင်မှာဖြစ်ပြီးတော့ ဧပြီလလယ်လောက်မှာ စတင်မှာပါ။ သုံးစွဲသူတွေအနေနဲ့ NFC payment တွေကို PIN ၊ လက်မှတ်မလိုတော့ဘဲ အသုံးပြုနိုင်တော့မှာပါ။ fingerprint သုံးတဲ့အခါမှာ £30 limit ထက် ကျော်လွန်လည်း အဆင်ပြေသွားပါပြီ။
လက်ရှိမှာတော့ payment လုပ်ချင်တိုင်းမှာ ကဒ်ကို ထိလိုက်တာနဲ့ အဆင်ပြေနေပါပြီ။ လုံခြုံရေးအားနည်းတဲ့အတွက်ကြောင့် £30 limit ကို ကန့်သတ်ပေးထားပါတယ်။ နောက်ပြီး ကဒ်ကိုထည့်၊ PIN ရိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ mobile payment တွေမှာ authentication လိုအပ်တယ်ဆိုပေမယ့်လည်း £30 limit ကတော့ အတူတူပါပဲ။


fingerprint data ကိုတော့ ကဒ်ပေါ်မှာသိမ်းဆည်းထားပြီးတော့ ဘဏ်ရဲ့ database ကနေ ခိုးယူမှုတွေမဖြစ်အောင် ကာကွယ်ထားပါတယ်။ လက်ရှိမှာတော့ သူခိုးတွေအနေနဲ့ ခိုးယူပြီးလက်ဗွေအတုလုပ်တာမျိုးတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း PIN ထက်တော့ ပိုမိုတိကျတယ်လို့ ဆိုရမှာပါ။
Biometric authentication တွေဟာ NFC mobile payment တွေရဲ့ စံနှုန်းတစ်ခုဖြစ်လာပါပြီ။ ဒါပေမယ့်လည်း ၂၀၁၅ခုနှစ်တည်းက စတင်ခဲ့တဲ့ credit card တွေမှာတော့ ရိုးရာကဒ်အတိုင်းပဲ ရှိနေပါသေးတယ်။ Gemalto လုပ်ငန်းကတော့ ၂၀၁၇ခုနှစ်မှာ တောင်အာဖရိကရဲ့ကဒ်တွေကို စမ်းသပ်မှုလုပ်ခဲ့ပါတယ်။ မနှစ်တုန်းက အီတလီဘဏ် Intesa Sanpaolo နဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သုံးစွဲသူတွေအနေနဲ့ ဘဏ်ကိုသွားပြီးတော့ လုပ်ဆောင်နေရတုန်းပါပဲ။ Apple Pay or Google Pay လိုမျိုး အိမ်ကနေ မလုပ်ဆောင်နိုင်သေးတာလည်း အားနည်းချက်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
Natwest ရဲ့ စမ်းသပ်မှုကတော့ ဒီအချက်ကို မကျော်လွှားနိုင်သေးပါဘူး။ စမ်းသပ်မှုမှာ ပါဝင်မယ့်သူတွေက ဘဏ်ခွဲတွေကို သွားရောက်ရမှာပါ။ Gemalto ရဲ့ ဗွီဒီယိုလေးထဲမှာတော့ ဒီစနစ်ရဲ့နောက်ပိုင်းဗားရှင်းတွေမှာ သုံးစွဲသူတွေအနေနဲ့ ကိုယ်ပိုင်ဖုန်းကနေ လက်ဗွေတွေကို ထည့်သွင်းလို့ရအောင် လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။
အဆင်မပြေလှတဲ့ ကဒ်ပေါင်းများစွာကိုကိုင်ပြီးတော့ သယ်သွားနေရခြင်းတွေက biometric card တွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာက လက်ဗွေဖတ်စက်တွေနဲ့ face scanner တွေရှိနေတဲ့ မိုဘိုင်းလ်ဖုန်းတွေဟာ လူတိုင်းလိုလိုမှာ ရှိနေကြပါပြီ။ ဘဏ်ကဒ်တွေဟာ အကောင့်ရှိရင်အခမဲ့ရနေတာဖြစ်တဲ့အတွက်ကြောင့် စမတ်ဖုန်းကောင်းကောင်းတစ်လုံးမဝယ်နိုင်တဲ့သူတွေအတွက်ပါ အသုံးပြုလို့ရနိုင်အောင် စီစဉ်ပေးထားဖို့လည်း ဘဏ်တွေအနေနဲ့ စဉ်းစားပေးရပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.