Posted on Leave a comment

ေလယာဥ္ပ်က္က်မႈမ်ားေၾကာင့္ တရုတ္မွာ Boeing 737 မ်ားပ်ံသန္းျခင္းကို ပိတ္ပင္

Boeing ရဲ႕ ေနာက္ဆံုးထုတ္ 737 Airplane တစ္စီးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ အီသီယိုးပီးယားမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၅၇ ဦး ေသဆံုးၿပီးေနာက္မွာ တရုတ္၊ အင္ဒိုနီးရွားနဲ႔ အီသီယိုးပီးယား ႏိုင္ငံမ်ားမွာ အဲဒီေလယာဥ္မ်ား ပ်ံသန္းျခင္းကို ပိတ္ပင္လိုက္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ငါးလအတြင္း Boeing 737 Max 8 ေလယာဥ္  ဒုတိယ အႀကိမ္ေျမာက္ ပ်က္က်ျခင္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာလည္း တန္ဖိုးနည္း ေလေၾကာင္းလိုင္း Lion Air ရဲ႕ 737 Max 8 တစ္စီးဟာ ေ၀ဟင္သို႔ ပ်ံတက္ၿပီး သိပ္မၾကာခင္မွာပဲ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး ေသဆံုးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကလည္း ေလယာဥ္ဟာ ပ်ံတက္ၿပီး သိပ္မၾကာခင္မွာ ပ်က္က်ခဲ့တာပါ။ အဲဒီအတြက္ ပ်က္က်တဲ့ ေလယာဥ္ ႏွစ္စီးဟာ တူညီတဲ့ ျပႆနာေၾကာင့္ ပ်က္က်တာလို႔ စုိးရိမ္ ပူပန္မႈမ်ား ရွိလာတာ ျဖစ္ပါတယ္။ စံုစမ္းစစ္ေဆးသူမ်ားကေတာ့ တူညီတဲ့ ျပႆနာေၾကာင့္ ပ်က္က်တယ္ဆိုတဲ့ ေတြ႕ရွိိခ်က္မ်ား လက္ရွိ အခ်ိန္ အထိ မေတြ႕ေသးဘူးလို႔ သိရပါတယ္။

ေလေၾကာင္း ညႊန္ၾကားမႈဌာနနဲ႔ အမ်ိဳးသား လံုျခံဳစြာ သယ္ယူပို႔ေဆာင္ေရး ဘုတ္အဖြဲ႕မ်ားက အီသီယိုးပီးယား ေလေၾကာင္းလိုင္းမွ ပ်က္က်တဲ့ ေလယာဥ္ကေန ပိုင္းေလာ့ အခန္းမွ Voice Recorder နဲ႔ Flight Data Recorder မ်ားကို ရယူၿပီး စစ္ေဆးေနပါတယ္။ အဲဒီ စစ္ေဆးခ်က္မ်ားၿပီးမွ ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းအရင္းမ်ားကို ပိုမို သိလာရမွာ ျဖစ္ပါတယ္။

အျခား ေလေၾကာင္းလိုင္းမ်ားကလည္း Boeing 737 Airplane မ်ားကို အသံုးျပဳျခင္းကေန ရပ္နားႏိုင္ပါတယ္။ ယခု ေလယာဥ္ပ်က္က်ၿပီးေနာက္မွာ Cayman Airways က 737 ေလယာဥ္ ႏွစ္စီးကို အသံုးျပဳျခင္းကေန ရပ္နားထားမယ္လို႔ ေၾကညာလိုက္ပါတယ္။

unicode

လေယာဉ်ပျက်ကျမှုများကြောင့် တရုတ်မှာ Boeing 737 များပျံသန်းခြင်းကို ပိတ်ပင်

Boeing ရဲ့ နောက်ဆုံးထုတ် 737 Airplane တစ်စီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီသီယိုးပီးယားမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးပြီးနောက်မှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယား နိုင်ငံများမှာ အဲဒီလေယာဉ်များ ပျံသန်းခြင်းကို ပိတ်ပင်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးလအတွင်း Boeing 737 Max 8 လေယာဉ် ဒုတိယ အကြိမ်မြောက် ပျက်ကျခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း တန်ဖိုးနည်း လေကြောင်းလိုင်း Lion Air ရဲ့ 737 Max 8 တစ်စီးဟာ ဝေဟင်သို့ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လေယာဉ်ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာပါ။ အဲဒီအတွက် ပျက်ကျတဲ့ လေယာဉ် နှစ်စီးဟာ တူညီတဲ့ ပြဿနာကြောင့် ပျက်ကျတာလို့ စိုးရိမ် ပူပန်မှုများ ရှိလာတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူများကတော့ တူညီတဲ့ ပြဿနာကြောင့် ပျက်ကျတယ်ဆိုတဲ့ တွေ့ရှိချက်များ လက်ရှိ အချိန် အထိ မတွေ့သေးဘူးလို့ သိရပါတယ်။

လေကြောင်း ညွှန်ကြားမှုဌာနနဲ့ အမျိုးသား လုံခြုံစွာ သယ်ယူပို့ဆောင်ရေး ဘုတ်အဖွဲ့များက အီသီယိုးပီးယား လေကြောင်းလိုင်းမှ ပျက်ကျတဲ့ လေယာဉ်ကနေ ပိုင်းလော့ အခန်းမှ Voice Recorder နဲ့ Flight Data Recorder များကို ရယူပြီး စစ်ဆေးနေပါတယ်။ အဲဒီ စစ်ဆေးချက်များပြီးမှ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းများကို ပိုမို သိလာရမှာ ဖြစ်ပါတယ်။

အခြား လေကြောင်းလိုင်းများကလည်း Boeing 737 Airplane များကို အသုံးပြုခြင်းကနေ ရပ်နားနိုင်ပါတယ်။ ယခု လေယာဉ်ပျက်ကျပြီးနောက်မှာ Cayman Airways က 737 လေယာဉ် နှစ်စီးကို အသုံးပြုခြင်းကနေ ရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.