Smartphone Trending
အစ်ကိုဖြစ်သူရဲ့ဖုန်းကို ညီမဖြစ်သူမျက်နှာအသုံးပြုကာ face unlock ကို ကျော်လွှားနိုင်ခဲ့
Zawgyi Version
Unicode Version
Samsung ရဲ့ Infinity-O hole-in display အကြောင်း သတင်းတွေထွက်နေတုန်းက အပြောမများတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကေတာ့ နှစ်ပေါင်းများစွာလုပ်ဆောင်ထားတဲ့ face and iris recognition system ပါ။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့လမှာ အတည်ပြုပေးခဲ့ပါတယ်။ Face Unlock လုပ်ဆောင်ချက်ကို အသုံးပြုခြင်းထက် ပိတ်ထားတာ ပိုကောင်းပါသတဲ့။
iPhone X ရဲ့ မျက်နှာပြင်မှာ Notch ဘာကြောင့်များထည့်ထားရသလဲ။ အပြည့်ဘာကြောင့်မလုပ်သလဲဆိုတာ အကြောင်းရင်းရှိပါတယ်။ လိုအပ်တဲ့ hardware က ရေစက်ပုံ notch နဲ့ မကိုက်ညီလို့ပါ။ အပေါက်နဲ့ဆို ပိုတောင်ဆိုးပါလိမ့်မယ်။ Android ဖုန်းတွေက face recognition system နဲ့ပတ်သတ်ရင် အကောင်းပြောမခံရတာများပါတယ်။ ဒါပေမယ့် Galaxy S10 ကတော့ အတော်ဆိုးပါတယ်။
အင်တာနက်ပေါ်မှာ profile အတည်ရှိတဲ့သူတွေရဲ့ အတည်ပြုချက်သုံးခုကို ရထားပါတယ်။ ဒါကတော့ Galaxy S10 ရဲ့ Unlock က လွယ်ကူတယ်ဆိုတဲ့အကြောင်းပါပဲ။ AndroidWorld.it ကလည်း စမ်းသပ်ကြည့်လိုက်တဲ့အခါမှာ Galaxy S10+ ကို ဓါတ်ပုံဖွင့်လို့ရနေခဲ့ပါတယ်။ စမတ်ဖုန်းထဲက ဓါတ်ပုံတစ်ခုက Face recognition sensor တွေကို အရူးလုပ်နိုင်တယ်တဲ့လား။
ဒါပေမယ့် ဓါတ်ပုံတင်မကသေးပါဘူး။ Unbox Therapy က YouTube ကို အသုံးပြုပြီးတော့ ရွေ့လျားနေတဲ့မျက်နှာနဲ့ Galaxy S10 ကို သုံးကြိမ်ဖွင့်ကြည့်တဲ့အခါ သုံးကြိမ်လုံးအောင်မြင်ပါတယ်။ လူတိုင်းတော့ YouTube ဗွီဒီယိုမရှိနိုင်ပေမယ့်လည်း ကိုယ့်ကိုဗွီဒီယိုရိုက်ထားတဲ့မှတ်တမ်းရှိမယ်ဆိုရင်။
ဒါက ထားလိုက်ပါ။ လူတိုင်းမှာတော့ ဆွေမျိုးရှိကြမှာပဲ။ တချို့တွေဆိုရင် ဆင်တူတာမျိုးတွေ ရှိတတ်တယ်။ Jane Manchun Wong ကတော့ လူမှုကွန်ရက်မှာ နာမည်ကြီးသူတစ်ယောက်ပါ။ သူ့ရဲ့တွေ့ရှိချက်ကတော့ Galaxy S10+ ဟာ ကျားမ မရွေးပါဘူးတဲ့။ သူမဟာ အစ်ကိုဖြစ်သူရဲ့ဖုန်းကို အခက်အခဲမရှိ ဖွင့်ပြနိုင်ခဲ့ပါတယ်။
Samsung ကတော့ Face Unlock ဟာ မလုံခြုံတဲ့အတွက်ကြောင့် သတိပေးချက်ထုတ်ထားပါတယ်။ ဒါပေမယ့်လည်း Galaxy S10 ကို ခပ်လွယ်လွယ် Face Unlock သုံးချင်သူတွေအတွက်ကရော။ ဈေးကြီးပေးဝယ်ထားရပြီးတော့ ဒါလေးတောင် သုံးလို့အဆင်မပြေနိုင်ဘူူးလား။ နောက်ပြီး အွန်လိုင်းပေါ်တင်ထားတဲ့ ဓါတ်ပုံတွေနဲ့ ဖွင့်လို့ရနေတာကတော့ မမိုက်သေးပါဘူးလို့ ပြောချင်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.