Posted on Leave a comment

အေမရိကန္မွာ ေရာင္းအား စံခ်ိန္တင္သြားတဲ့ Samsung Galaxy S10 Series မ်ား

Samsung Galaxy S10 Series မ်ားကို ေသာၾကာေန႔က စတင္ၿပီး ႀကိဳတင္မွာယူခြင့္ျပဳလိုက္ပါတယ္။ ၿဗိတိန္နဲ႔ အေမရိကန္တို႔မွာ Pre-order စံခ်ိန္တင္သြားတယ္လို႔ သိရပါတယ္။ ယခင္ေရာင္းခ်ထားတဲ့ ဆမ္ေဆာင္းရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားထက္ Galaxy S10 Series မ်ားက ေရာင္းအား ပိုေကာင္းသြားတယ္လို႔ Samsung UK က ေျပာပါတယ္။ Galaxy S10 ၃ လံုးထဲမွာ Galaxy S10+ က ေရာင္းအား အေကာင္းဆံုး ျဖစ္ၿပီး စုစုေပါင္း ႀကိဳတင္မွာယူမႈ အားလံုးရဲ႕ ၅၇ ရာခုိင္ႏႈန္း ရွိပါတယ္။

တန္ဖိုးအႀကီးဆံုး ေမာ္ဒယ္ ျဖစ္တဲ့ Galaxy S10+ ကို အေမရိကန္မွာ ႀကိဳတင္မွာယူတဲ့ ပမာဏဟာ Galaxy S10 Series အားလံုးရဲ႕ ၅၇ ရာခိုင္ႏႈန္း ရွိပါတယ္။ ထူးျခားတာက ၿဗိတိန္မွာလည္း အဲဒီ ရာခုိင္ႏႈန္း ရွိေနတာ ျဖစ္ပါတယ္။ အေမရိကန္မွာေတာ့ Prism White ဟာ အ၀ယ္မ်ား ႏုိင္ပါတယ္။ ၿဗိတိန္မွာ Prism Black ကို လူႀကိဳက္မ်ား ႏိုင္ပါတယ္။

ဆမ္ေဆာင္းက ေရာင္းခ်ရတဲ့ အလံုးေရကို မေျပာေသးပါဘူး။ ဆမ္ေဆာင္းက တစ္ႏွစ္ထက္ တစ္ႏွစ္ သူ႔ရဲ႕ စံခ်ိန္မ်ားကို ခ်ိဳးျပႏိုင္ေနေပမယ့္ ၿပိဳင္ဖက္ Apple ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္းမွာ ေရာင္းအားမ်ား က်ဆင္းခဲ့ပါတယ္။

တန္ဖိုုး အနည္းဆံုး ေမာ္ဒယ္ျဖစ္တဲ့ 128GB Version မ်ား အေနနဲ႔ Galaxy S10e ကို ၇၄၉.၉၉ ေဒၚလာ၊ Galaxy S10 ကို ၈၉၉.၉၉ ေဒၚလာနဲ႔ Galaxy S10 Plus ကို ၉၉၉.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ 512GB မ်ားအတြက္ Galaxy S10 ကို ၁၁၄၉.၉၉ ေဒၚလာနဲ႔ Galaxy S10 Plus အတြက္ ၁၂၄၉.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ Galaxy S10 Plus ရဲ႕ 1TB Version ကို ၁၅၉၉.၉၉ ေဒၚလာ က်သင့္ပါတယ္။ Galaxy S10e ရဲ႕ 256GB ကို ၈၄၉.၉၉ ေဒၚလာ က်သင့္ပါတယ္။

unicode

အမေရိကန်မှာ ရောင်းအား စံချိန်တင်သွားတဲ့ Samsung Galaxy S10 Series များ

Samsung Galaxy S10 Series များကို သောကြာနေ့က စတင်ပြီး ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်တို့မှာ Pre-order စံချိန်တင်သွားတယ်လို့ သိရပါတယ်။ ယခင်ရောင်းချထားတဲ့ ဆမ်ဆောင်းရဲ့ စွမ်းရည်မြင့် ဖုန်းများထက် Galaxy S10 Series များက ရောင်းအား ပိုကောင်းသွားတယ်လို့ Samsung UK က ပြောပါတယ်။ Galaxy S10 ၃ လုံးထဲမှာ Galaxy S10+ က ရောင်းအား အကောင်းဆုံး ဖြစ်ပြီး စုစုပေါင်း ကြိုတင်မှာယူမှု အားလုံးရဲ့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။

တန်ဖိုးအကြီးဆုံး မော်ဒယ် ဖြစ်တဲ့ Galaxy S10+ ကို အမေရိကန်မှာ ကြိုတင်မှာယူတဲ့ ပမာဏဟာ Galaxy S10 Series အားလုံးရဲ့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ ထူးခြားတာက ဗြိတိန်မှာလည်း အဲဒီ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ Prism White ဟာ အဝယ်များ နိုင်ပါတယ်။ ဗြိတိန်မှာ Prism Black ကို လူကြိုက်များ နိုင်ပါတယ်။

ဆမ်ဆောင်းက ရောင်းချရတဲ့ အလုံးရေကို မပြောသေးပါဘူး။ ဆမ်ဆောင်းက တစ်နှစ်ထက် တစ်နှစ် သူ့ရဲ့ စံချိန်များကို ချိုးပြနိုင်နေပေမယ့် ပြိုင်ဖက် Apple ကတော့ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ ရောင်းအားများ ကျဆင်းခဲ့ပါတယ်။

တန်ဖိုး အနည်းဆုံး မော်ဒယ်ဖြစ်တဲ့ 128GB Version များ အနေနဲ့ Galaxy S10e ကို ၇၄၉.၉၉ ဒေါ်လာ၊ Galaxy S10 ကို ၈၉၉.၉၉ ဒေါ်လာနဲ့ Galaxy S10 Plus ကို ၉၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ 512GB များအတွက် Galaxy S10 ကို ၁၁၄၉.၉၉ ဒေါ်လာနဲ့ Galaxy S10 Plus အတွက် ၁၂၄၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Galaxy S10 Plus ရဲ့ 1TB Version ကို ၁၅၉၉.၉၉ ဒေါ်လာ ကျသင့်ပါတယ်။ Galaxy S10e ရဲ့ 256GB ကို ၈၄၉.၉၉ ဒေါ်လာ ကျသင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.