Posted on Leave a comment

အမွန္တရားေတြကိုအမ်ားသိေအာင္လုပ္သြားမယ့္ YouTube

Zawgyi Version

BuzzFeed ရဲ႕တင္ျပခ်က္တစ္ခုကိုၾကည့္လိုက္ျပီးတဲ့ေနာက္မွာ YouTube က feature အသစ္ေလးတစ္ခုကို စမ္းသပ္ေနတယ္ဆိုတာ သိလိုက္ရတယ္။ feature အသစ္က ဘယ္လိုမ်ိဳးလဲဆိုေတာ့ သတင္းအမွားေတြထြက္ေနတယ္လို႕ လူေျပာမ်ားေနတဲ့အေၾကာင္းအရွာတစ္ခုကို YouTube ထဲမွာ ရုိက္ရွာလိုက္မယ္ဆိုရင္ မွန္ကန္တဲ့အခ်က္အလက္ကို သတိေပးခ်က္အေနနဲ႕ ျပသေပးမွာျဖစ္ပါတယ္။ အဲဒီ feature ေလးဟာ လက္ရွိ အိႏၵိယမွာ အသက္၀င္ေနျပီလို႕ ဆုထားပါတယ္။ search results ေပၚမွာ information panels ဆိုျပီးေတာ့ အပိုျပသေနတာေလးကို ပံုမွာ ေတြ႕ျမင္ႏုိင္ပါတယ္။ ဒါကေတာ့ YouTube ရဲ႕ စစ္ေဆးေပးမယ့္ပါတနာေတြရဲ႕ disclaimers အျဖစ္နဲ႕ ေတြ႕ျမင္ရမွာပါ။

YouTube ရဲ႕ ေျပာဆုိခြင့္ရွိသူတစ္ေယာက္ေျပာတာကေတာ့ YouTube ရဲ႕ ခံစားမႈအသစ္အသစ္ေတြကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ေနတဲ့လုပ္ငန္းစဥ္ထဲက တစ္ခုျဖစ္ပါတယ္။ ကၽြန္ေတာ္တိို႕ရဲ႕ သတင္းအခ်က္အလက္ေပးစြမ္းနုိင္မႈကို ခ်ဲ႕ထြင္တဲ့လုပ္ရပ္တစ္ခုျဖစ္ျပီးေတာ့ အခ်က္အလက္ေတြကို စစ္ေဆးတဲ့ေနရာမွာလည္း သင့္ေလ်ာ္တဲ့ publisher ေတြ ခန္႕အပ္သြားမွာပါ။

သတင္းအမွားေတြတင္ေနတဲ့ဗြီဒီယိုေတြကိုေတာ့ တုိက္ရုိက္ေျပာင္းလဲမႈေတြ လုပ္ေဆာင္မွာမဟုတ္ပါဘူး။ အဲဒီအစား information panel အသစ္ေလးကိုထည့္သြင္းျပီးေတာ့ သက္ဆုိင္ရာ ရွာေဖြမႈရလဒ္ေတြရဲ႕အေပၚမွာ ျပသထားျခင္းအားျဖင့္  သတင္းအမွားအမွန္ကို ခြဲျခားႏုိင္ေအာင္ လုပ္ေဆာင္ေပးထားတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဒီေကာင္ေလးကို သံုးစြဲသူအနည္းငယ္မွာသာ ျမင္ႏုိင္ေသးတာပါ။ အိႏၵိယတစ္ခုတည္းမွာျဖစ္ျပီး ရွာေဖြမႈေတြကို English ၊ Hindi လိုရွာရမွာပါ။ မၾကာခင္မွာေတာ့ အႏွံ႕ျဖန္႕ဖို႕စိတ္ကူးထားေပမယ့္လည္း အတိအက်ေတာ့ မေျပာထားပါေသးဘူး။ Google အသံုးျပဳတဲ့နည္းလမ္းကေတာ့ Facebook သံုုးခဲ့တာနဲ႕ အတူတူပါပဲ။

“CCTV footage of the Pulwama terror attack” လို႕ ရုိက္ရွာၾကည့္လိုက္ပါ။ ဆီးရီးယားရဲ႕ ဗံုးေပါက္ကြဲမႈျဖစ္စဥ္ကို ျပသထားတဲ့ဗြီဒီယိုေတြ ထြက္ေပၚလာမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕ဗြီဒီယိုေတြက အိႏိၵယနဲ႕ ပါကစၥတန္တို႕ၾကားက အရွဳပ္ေတာ္ပံုေၾကာင့္လို႕ ေျပာထားတာေတြလည္း ေတြ႕ျမင္ရမွာပါ။

ဒီလိုမ်ိဳး disclaimer ေလးကေတာ့ ကၽြန္ေတာ့အေနနဲ႕ ထည့္ေပးသင့္တယ္လို႕ ယူဆမိပါတယ္။ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြဆိုသလိုမ်ိဳးေပါ့။ မၾကိဳက္တဲ့သူလည္း ရွိမွာပဲ။ ဒီေတာ့ စီးကရက္၀ယ္ေသာက္ရင္ ဘူးခြံေပၚကစာတန္းကို လ်စ္လ်ဴရွဳသလိုမ်ိဳးပဲ ဒီေကာင္ေလးကိုလည္း ေက်ာ္ၾကည့္လုိက္လို႕ရပါတယ္။

Unicode Version

BuzzFeed ရဲ့တင်ပြချက်တစ်ခုကိုကြည့်လိုက်ပြီးတဲ့နောက်မှာ YouTube က feature အသစ်လေးတစ်ခုကို စမ်းသပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ feature အသစ်က ဘယ်လိုမျိုးလဲဆိုတော့ သတင်းအမှားတွေထွက်နေတယ်လို့ လူပြောများနေတဲ့အကြောင်းအရှာတစ်ခုကို YouTube ထဲမှာ ရိုက်ရှာလိုက်မယ်ဆိုရင် မှန်ကန်တဲ့အချက်အလက်ကို သတိပေးချက်အနေနဲ့ ပြသပေးမှာဖြစ်ပါတယ်။ အဲဒီ feature လေးဟာ လက်ရှိ အိန္ဒိယမှာ အသက်ဝင်နေပြီလို့ ဆုထားပါတယ်။ search results ပေါ်မှာ information panels ဆိုပြီးတော့ အပိုပြသနေတာလေးကို ပုံမှာ တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ YouTube ရဲ့ စစ်ဆေးပေးမယ့်ပါတနာတွေရဲ့ disclaimers အဖြစ်နဲ့ တွေ့မြင်ရမှာပါ။
YouTube ရဲ့ ပြောဆိုခွင့်ရှိသူတစ်ယောက်ပြောတာကတော့ YouTube ရဲ့ ခံစားမှုအသစ်အသစ်တွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်ထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်ပေးစွမ်းနိုင်မှုကို ချဲ့ထွင်တဲ့လုပ်ရပ်တစ်ခုဖြစ်ပြီးတော့ အချက်အလက်တွေကို စစ်ဆေးတဲ့နေရာမှာလည်း သင့်လျော်တဲ့ publisher တွေ ခန့်အပ်သွားမှာပါ။
သတင်းအမှားတွေတင်နေတဲ့ဗွီဒီယိုတွေကိုတော့ တိုက်ရိုက်ပြောင်းလဲမှုတွေ လုပ်ဆောင်မှာမဟုတ်ပါဘူး။ အဲဒီအစား information panel အသစ်လေးကိုထည့်သွင်းပြီးတော့ သက်ဆိုင်ရာ ရှာဖွေမှုရလဒ်တွေရဲ့အပေါ်မှာ ပြသထားခြင်းအားဖြင့် သတင်းအမှားအမှန်ကို ခွဲခြားနိုင်အောင် လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီကောင်လေးကို သုံးစွဲသူအနည်းငယ်မှာသာ မြင်နိုင်သေးတာပါ။ အိန္ဒိယတစ်ခုတည်းမှာဖြစ်ပြီး ရှာဖွေမှုတွေကို English ၊ Hindi လိုရှာရမှာပါ။ မကြာခင်မှာတော့ အနှံ့ဖြန့်ဖို့စိတ်ကူးထားပေမယ့်လည်း အတိအကျတော့ မပြောထားပါသေးဘူး။ Google အသုံးပြုတဲ့နည်းလမ်းကတော့ Facebook သုံးခဲ့တာနဲ့ အတူတူပါပဲ။
“CCTV footage of the Pulwama terror attack” လို့ ရိုက်ရှာကြည့်လိုက်ပါ။ ဆီးရီးယားရဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ပြသထားတဲ့ဗွီဒီယိုတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့ဗွီဒီယိုတွေက အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားက အရှုပ်တော်ပုံကြောင့်လို့ ပြောထားတာတွေလည်း တွေ့မြင်ရမှာပါ။
ဒီလိုမျိုး disclaimer လေးကတော့ ကျွန်တော့အနေနဲ့ ထည့်ပေးသင့်တယ်လို့ ယူဆမိပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုမျိုးပေါ့။ မကြိုက်တဲ့သူလည်း ရှိမှာပဲ။ ဒီတော့ စီးကရက်ဝယ်သောက်ရင် ဘူးခွံပေါ်ကစာတန်းကို လျစ်လျူရှုသလိုမျိုးပဲ ဒီကောင်လေးကိုလည်း ကျော်ကြည့်လိုက်လို့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.