Posted on Leave a comment






1 India $0.26

2 Kyrgyzstan $0.27

3 Kazakhstan $0.49

4 Ukraine $0.51

5 Rwanda $0.56

6 Sudan $0.68

7 Sri Lanka $0.78

8 Mongolia $0.82

9 Myanmar $0.87

10 DRC $0.88

Ref : theguardian

unicode

မိုဘိုင်း ဒေတာ ဈေး အသက်သာဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာ ပါဝင်နေ

Cable.co.uk က ကမ္ဘာ့ နိုင်ငံများရဲ့ မိုဘိုင်း ဒေတာ ဈေးနှုန်းများကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းအရ အိန္ဒိယဟာ မိုဘိုင်း ဒေတာ ဈေးအသက်သာဆုံး နိုင်ငံ ဖြစ်ပါတယ်။ ဈေးအကြီးဆုံး နိုင်ငံထဲမှာ ဗြိတိန်နဲ့ အမေရိကန် ပါဝင်နေပါတယ်။

ဈေးအသက်သာဆုံး နိုင်ငံ စာရင်းမှာ အိန္ဒိယရဲ့ နောက်မှာ Kyrgyzstan, Kazakhstan, Ukraine , Rwanda, Sudan , Sri Lanka , Mongolia , Myanmar, DRC တို့ အသီးသီး ရပ်တည်နေပါတယ်။ မြန်မာက နံပါတ် ၉ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ 1GB Mobile Data ရဲ့ ဈေးနှုန်းများကိုလည်း စစ်တမ်းက ဖော်ပြထားပါတယ်။ အိန္ဒိယက ဈေးအသက်သာဆုံး ဖြစ်ပြီး ဝ.၂၆ ဒေါ်လာကျသင့်ပါတယ်။

မြန်မာမှာ ဝ.၈၇ ဒေါ်လာသာ ကျသင့်တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ မြန်မာငွေ ၁ ထောင်လောက်သာ ရှိပါတယ်။ ဗြိတိန်က ၆.၆၆ ဒေါ်လာနဲ့ အမေရိကန်က ၁၂.၃၇ ဒေါ်လာ ကျသင့်ပါတယ်။ ဇင်ဘာဘွေရဲ့ ဈေးက အလွန်များပြားပြီး ၇၅.၂၀ ဒေါ်လာ ရှိပါတယ်။ ဖင်လန်က ၁.၁၆ ဒေါ်လာ၊ အီတလီက ၁.၇၃ ဒေါ်လာ၊ သြစတြေီးယားက ၁.၈၈ ဒေါ်လာ၊ ပြင်သစ်က ၂.၉၉ ဒေါ်လာ ကျသင့်ပါတယ်။

မိုဘိုင်း ဒေတာ ဈေး အသက်သာဆုံး ထိပ်ဆုံး ၁၀ နိုင်ငံနဲ့ 1GB Mobile Data အတွက် ကျသင့်တဲ့ ဈေးများကို အောက်မှာ ကြည့်ပါ။

1 India $0.26
2 Kyrgyzstan $0.27
3 Kazakhstan $0.49
4 Ukraine $0.51
5 Rwanda $0.56
6 Sudan $0.68
7 Sri Lanka $0.78
8 Mongolia $0.82
9 Myanmar $0.87
10 DRC $0.88

Ref : theguardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.