Posted on Leave a comment

Chrome ရဲ႕ offline ဒိုင္ႏိုေဆာေလးကို အရုပ္အျဖစ္နဲ႕ ပိုင္ဆိုင္ခြင့္ရႏုိင္ျပီ

Zawgyi Version

“There is no internet connection.” ဒီစာလံုးေလးကေတာ့ ေၾကာက္စရာအေကာင္းဆံုး အဂၤလိပ္စာလံုးပဲမလား။ ဒါေပါ့။ ဒါေပ့ါ။ ဒီေန႕ေခတ္ၾကီးမွာ အင္တာနက္လုိင္းေပ်ာက္သြားတာထက္ဆိုးတာ ရွိပါဦးမလား။ အင္တာနက္မရွိရင္ ကၽြန္ေတာ္တို႕ ဘယ္လိုေနထိုင္ၾကမလဲ။ စာဖတ္ေနၾကမလား။ ဒါလည္း အဆင္မေျပျပန္ပါဘူး။ Chrome ရဲ႕ ဒိုင္ႏိုေဆာပံုစံေလးပါ၀င္တဲ့ error page ေလးက ကၽြန္ေတာ္တို႕နဲ႕အတူရွိေနခဲ့တာ အခ်ိန္အေတာ္ၾကာျပီ။ ကြန္ရက္ျပတ္ေတာက္သြားတယ္ဆိုတာကို အသိေပးေနခဲ့တာလည္း ၾကာျမင့္ေနျပီလို႕ဆိုရမွာေပါ့။ ေနာက္တစ္ပတ္ကစတင္ျပီးေတာ့ Chrome ဒိုင္ႏိုေဆာေလးကို ခံုေပၚမွာတင္ထားလို႕ ရပါျပီ။

Set ေလးအလုိက္ဆိုရင္ေတာ့ T-rex ဒိုင္ႏိုေဆာရယ္၊ အပင္ေလးပင္ရယ္ ပါ၀င္မွာျဖစ္ျပီးေတာ့ ခံုေပၚမွာ အလွတင္္ထားလို႕ အဆင္ေျပေနပါျပီ။ ဒိုင္ႏိုေဆာေလးကေတာ့ သံုးလက္မအရွည္ရွိျပီးေတာ့ အပင္ေလးေတြက ႏွစ္လက္မ-သံုးလက္မေလာက္ ရွိပါတယ္။ လုပ္ထားတဲ့ပစၥည္းေတြကေတာ့ ABS ပလတ္စတစ္နဲ႕ acrylic တို႕ကို အသံုးျပဳေပးထားပါတယ္။

ထုပ္ပိုးမႈေလးကလည္း အရမ္းကိုမွ ရင္းႏွီးေနတယ္လို႕ခံစားရမွာပါ။ ကၽြန္ေတာ္တို႕ျမင္ေနက် page ေလးအတုိ္င္းပါပဲ။ တစ္ဖက္မွာေတာ့ game over screen ေလးကို ထည့္ေပးထားပါတယ္။ ဒါနဲ႕ေျပာရဦးမယ္။ chrome://dino ကို သြားျပီးေတာ့ ေဆာ့လို႕ရေနျပီေနာ္။ ဒီေကာင္ေလးကိုေတာ့ မတ္လ ၁၁ရက္ေန႕ ၁၁ နာရီမွာ စတင္ေရာင္းခ်ေပးေတာ့မွာပါ။ ေစ်းႏႈန္းကေတာ့ ၂၄ေဒၚလာျဖစ္ပါတယ္။ AP team အေတာ္မ်ားမ်ားကေတာ့ ၀ယ္ယူဖို႕ စိုင္းျပင္းေနၾကပါျပီ။

Unicode Version

“There is no internet connection.” ဒီစာလုံးလေးကတော့ ကြောက်စရာအကောင်းဆုံး အင်္ဂလိပ်စာလုံးပဲမလား။ ဒါပေါ့။ ဒါပေ့ါ။ ဒီနေ့ခေတ်ကြီးမှာ အင်တာနက်လိုင်းပျောက်သွားတာထက်ဆိုးတာ ရှိပါဦးမလား။ အင်တာနက်မရှိရင် ကျွန်တော်တို့ ဘယ်လိုနေထိုင်ကြမလဲ။ စာဖတ်နေကြမလား။ ဒါလည်း အဆင်မပြေပြန်ပါဘူး။ Chrome ရဲ့ ဒိုင်နိုဆောပုံစံလေးပါဝင်တဲ့ error page လေးက ကျွန်တော်တို့နဲ့အတူရှိနေခဲ့တာ အချိန်အတော်ကြာပြီ။ ကွန်ရက်ပြတ်တောက်သွားတယ်ဆိုတာကို အသိပေးနေခဲ့တာလည်း ကြာမြင့်နေပြီလို့ဆိုရမှာပေါ့။ နောက်တစ်ပတ်ကစတင်ပြီးတော့ Chrome ဒိုင်နိုဆောလေးကို ခုံပေါ်မှာတင်ထားလို့ ရပါပြီ။


Set လေးအလိုက်ဆိုရင်တော့ T-rex ဒိုင်နိုဆောရယ်၊ အပင်လေးပင်ရယ် ပါဝင်မှာဖြစ်ပြီးတော့ ခုံပေါ်မှာ အလှတင်ထားလို့ အဆင်ပြေနေပါပြီ။ ဒိုင်နိုဆောလေးကတော့ သုံးလက်မအရှည်ရှိပြီးတော့ အပင်လေးတွေက နှစ်လက်မ-သုံးလက်မလောက် ရှိပါတယ်။ လုပ်ထားတဲ့ပစ္စည်းတွေကတော့ ABS ပလတ်စတစ်နဲ့ acrylic တို့ကို အသုံးပြုပေးထားပါတယ်။
ထုပ်ပိုးမှုလေးကလည်း အရမ်းကိုမှ ရင်းနှီးနေတယ်လို့ခံစားရမှာပါ။ ကျွန်တော်တို့မြင်နေကျ page လေးအတိုင်းပါပဲ။ တစ်ဖက်မှာတော့ game over screen လေးကို ထည့်ပေးထားပါတယ်။ ဒါနဲ့ပြောရဦးမယ်။ chrome://dino ကို သွားပြီးတော့ ဆော့လို့ရနေပြီနော်။ ဒီကောင်လေးကိုတော့ မတ်လ ၁၁ရက်နေ့ ၁၁ နာရီမှာ စတင်ရောင်းချပေးတော့မှာပါ။ ဈေးနှုန်းကတော့ ၂၄ဒေါ်လာဖြစ်ပါတယ်။ AP team အတော်များများကတော့ ဝယ်ယူဖို့ စိုင်းပြင်းနေကြပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.