Smartphone Trending

Apple က ထုတ္တာ မဟုတ္တဲ့ ကမာၻ႕ အလွဆံုး iPhone

ကမာၻ႕ အလွဆံုး iPhone ကို ထုတ္တာ Apple မဟုတ္ဘူး ဆိုရင္ စာဖတ္သူ အံ့ၾသသြားမွာပါ။ ျပင္သစ္ ကုမၸဏီ Remade မွ အင္ဂ်င္နီယာမ်ားက Used iPhone 6 နဲ႔ iPhone 7 Models မ်ားကို ၀ယ္ယူခဲ့ၿပီး ပ်က္ေနတာေတြကို ျပင္ဆင္ခဲ့ၾကပါတယ္။ အဲဒီေနာက္မွာ Rose, Orange, Bronze, Raspberry, Foam,  Sapphire စတဲ့ ေဆးေရာင္မ်ားနဲ႔ ျခယ္သခဲ့ၾကပါတယ္။ သူဟာ  Refurbished Phone ထက္ ပိုပါတယ္။ ျပန္လည္ ထုတ္လုပ္ထားတာလို႔ ေျပာရင္ ပိုမွန္မွာပါ။

Remade က သူ႔ရဲ႕ Lab မွာ အဲဒီ ဖုန္းမ်ားကို ျပင္ဆင္၊ ဆန္းသစ္၊ ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲဒီ အိုင္ဖုန္းမ်ားကို မၾကာခင္က က်င္းပခဲ့တဲ့ Mobile World Congress 2019 မွာ ျပသခဲ့ၾကပါတယ္။ ကုမၸဏီရဲ႕ မားကတ္တင္း ဒါရိုက္တာ ျဖစ္သူ Ludovic Saint-Aroman က အဲဒီ ဖုန္းမ်ားဟာ နမူနာေမာ္ဒယ္သာ ရွိေသးၿပီး ေရာင္းခ်မယ့္ အခ်ိန္မွာ ပိုလန္းလာမွာျဖစ္တယ္လို႔ Digital Trends ကို ေျပာပါတယ္။

Remade ရဲ႕ အုိင္ဖုန္းမ်ားကို ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီက ဖေလာ္ရီဒါမွာ ရံုးမ်ား ဖြင့္လွစ္ထားၿပီးပါၿပီ။ ကုမၸဏီက ဒီေႏြရာသီမွာ အေမရိကန္တြင္ ေရာင္းမယ္လို႔ ေျပာပါတယ္။ လက္ရွိမွာ iPhone 6 နဲ႔ 7 တို႔ကို အာရံုစိုက္ထားေပမယ့္ ကုမၸဏီဟာ အိုင္ပတ္ကိုလည္း မြမ္းမံၿပီး ေရာင္းခ်ေနပါတယ္။ အိုင္ဖုန္း အသစ္မ်ားကိုလည္း ကုမၸဏီက ျပင္ဆင္ၿပီး ေရာင္းခ်လာႏုိင္ပါတယ္။

unicode

Apple က ထုတ်တာ မဟုတ်တဲ့ ကမ္ဘာ့ အလှဆုံး iPhone

ကမ္ဘာ့ အလှဆုံး iPhone ကို ထုတ်တာ Apple မဟုတ်ဘူး ဆိုရင် စာဖတ်သူ အံ့သြသွားမှာပါ။ ပြင်သစ် ကုမ္ပဏီ Remade မှ အင်ဂျင်နီယာများက Used iPhone 6 နဲ့ iPhone 7 Models များကို ဝယ်ယူခဲ့ပြီး ပျက်နေတာတွေကို ပြင်ဆင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ Rose, Orange, Bronze, Raspberry, Foam,  Sapphire စတဲ့ ဆေးရောင်များနဲ့ ခြယ်သခဲ့ကြပါတယ်။ သူဟာ  Refurbished Phone ထက် ပိုပါတယ်။ ပြန်လည် ထုတ်လုပ်ထားတာလို့ ပြောရင် ပိုမှန်မှာပါ။

Remade က သူ့ရဲ့ Lab မှာ အဲဒီ ဖုန်းများကို ပြင်ဆင်၊ ဆန်းသစ်၊ ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ အိုင်ဖုန်းများကို မကြာခင်က ကျင်းပခဲ့တဲ့ Mobile World Congress 2019 မှာ ပြသခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့ မားကတ်တင်း ဒါရိုက်တာ ဖြစ်သူ Ludovic Saint-Aroman က အဲဒီ ဖုန်းများဟာ နမူနာမော်ဒယ်သာ ရှိသေးပြီး ရောင်းချမယ့် အချိန်မှာ ပိုလန်းလာမှာဖြစ်တယ်လို့ Digital Trends ကို ပြောပါတယ်။

Remade ရဲ့ အိုင်ဖုန်းများကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဖလော်ရီဒါမှာ ရုံးများ ဖွင့်လှစ်ထားပြီးပါပြီ။ ကုမ္ပဏီက ဒီနွေရာသီမှာ အမေရိကန်တွင် ရောင်းမယ်လို့ ပြောပါတယ်။ လက်ရှိမှာ iPhone 6 နဲ့ 7 တို့ကို အာရုံစိုက်ထားပေမယ့် ကုမ္ပဏီဟာ အိုင်ပတ်ကိုလည်း မွမ်းမံပြီး ရောင်းချနေပါတယ်။ အိုင်ဖုန်း အသစ်များကိုလည်း ကုမ္ပဏီက ပြင်ဆင်ပြီး ရောင်းချလာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.