တစ္စစီ ျဖဳတ္ၿပီး Customize လုပ္ႏိုင္တဲ့ Fiat ရဲ႕ အီလက္ထရစ္ ကား

0
364

Geneva Motor Show မွွာ ႏွစ္စဥ္ႏွစ္တိုင္း ထူးျခား ဆန္းသစ္တဲ့ ကားမ်ားကို ကုမၸဏီမ်ားက ျပသၾကပါတယ္။ အခုလည္း Fiat က Centoventi အမည္ရ Concept Electric Car ကို ျပသလိုက္ပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္က ကားရဲ႕ အစိတ္အပိုင္းမ်ားကို ျဖဳတ္၊ တပ္ ၊ လဲလွယ္ႏိုင္တဲ့ Modular Design ျဖစ္ပါတယ္။ သင္ ႏွစ္သက္တဲ့ Accessory မ်ားကို လဲလွယ္ ႏုိင္တာ ျဖစ္ပါတယ္။

အီတလီ ကားထုတ္လုပ္သူ Fiat ရဲ႕ ကုမၸဏီ တည္ေထာင္တာ ႏွစ္ေပါင္း ၁၂၀ ျပည့္တဲ့ အထိမ္းအမွတ္ အျဖစ္ Centoventi လို႔ အမည္ေပးထားတာ ျဖစ္ပါတယ္။ ကားရဲ႕ အေျခခံ ေမာ္ဒယ္ကို ၀ယ္ယူရမွာ ျဖစ္ၿပီး သူ႔မွာ သင္ ႏွစ္သက္တဲ့ အစိတ္အပိုင္းမ်ားကို ၀ယ္ယူ ထည့္သြင္းႏိုင္ပါတယ္။ မတူညီတဲ့ အမိုး ေလးခု ၊ ဘန္ပါ ေလးခု၊ ဘီးဖံုး ေလးခု၊ ေဆးေရာင္ ေလးခု စသျဖင့္ ကုမၸဏီက ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။

ဥပမာအားျဖင့္ အမိုးမ်ားထဲမွာ ေနေရာင္ျခည္ စြမ္းအင္ကေန ကားကို အားျဖည့္ေပးႏိုင္ဖို႔ Solar Panel မ်ား တပ္ဆင္ထားတဲ့ အမိုး သို႔မဟုတ္ သာမာန္ အမိုးကို ေရြးခ်ယ္ႏုိင္ပါတယ္။ ဘန္ပါအတြက္လည္း ဒစ္ဂ်စ္တယ္ စကရင္ ပါတဲ့ အမ်ိဳးအစားကို ေရြးခ်ယ္ႏုိင္ပါတယ္။ Accessory ေပါင္း ၁၁၄ ခုကို ကုမၸဏီက ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။

အဲဒီအထဲမွာ ကားထိုင္ခံု ကူရွင္ ကေန ေရဘူး ထည့္တဲ့ ခြက္မ်ားအထိ ပါ၀င္ပါတယ္။ ကုမၸဏီက အဲဒီ ကားကို ၀ယ္ယူထားသူမ်ားအတြက္ အိမ္မွာတင္ပဲ ႏွစ္သက္တဲ့ အစိတ္အပိုင္းမ်ားကို ထုတ္လုပ္ေပးမယ့္ 3D Printer ကိုပါ ထုတ္လုပ္ဖို႔ စဥ္းစားေနပါတယ္။

unicode

တစ်စစီ ဖြုတ်ပြီး Customize လုပ်နိုင်တဲ့ Fiat ရဲ့ အီလက်ထရစ် ကား

Geneva Motor Show မှာ နှစ်စဉ်နှစ်တိုင်း ထူးခြား ဆန်းသစ်တဲ့ ကားများကို ကုမ္ပဏီများက ပြသကြပါတယ်။ အခုလည်း Fiat က Centoventi အမည်ရ Concept Electric Car ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က ကားရဲ့ အစိတ်အပိုင်းများကို ဖြုတ်၊ တပ် ၊ လဲလှယ်နိုင်တဲ့ Modular Design ဖြစ်ပါတယ်။ သင် နှစ်သက်တဲ့ Accessory များကို လဲလှယ် နိုင်တာ ဖြစ်ပါတယ်။

အီတလီ ကားထုတ်လုပ်သူ Fiat ရဲ့ ကုမ္ပဏီ တည်ထောင်တာ နှစ်ပေါင်း ၁၂၀ ပြည့်တဲ့ အထိမ်းအမှတ် အဖြစ် Centoventi လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အခြေခံ မော်ဒယ်ကို ဝယ်ယူရမှာ ဖြစ်ပြီး သူ့မှာ သင် နှစ်သက်တဲ့ အစိတ်အပိုင်းများကို ဝယ်ယူ ထည့်သွင်းနိုင်ပါတယ်။ မတူညီတဲ့ အမိုး လေးခု ၊ ဘန်ပါ လေးခု၊ ဘီးဖုံး လေးခု၊ ဆေးရောင် လေးခု စသဖြင့် ကုမ္ပဏီက ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အမိုးများထဲမှာ နေရောင်ခြည် စွမ်းအင်ကနေ ကားကို အားဖြည့်ပေးနိုင်ဖို့ Solar Panel များ တပ်ဆင်ထားတဲ့ အမိုး သို့မဟုတ် သာမာန် အမိုးကို ရွေးချယ်နိုင်ပါတယ်။ ဘန်ပါအတွက်လည်း ဒစ်ဂျစ်တယ် စကရင် ပါတဲ့ အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ Accessory ပေါင်း ၁၁၄ ခုကို ကုမ္ပဏီက ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ ကားထိုင်ခုံ ကူရှင် ကနေ ရေဘူး ထည့်တဲ့ ခွက်များအထိ ပါဝင်ပါတယ်။ ကုမ္ပဏီက အဲဒီ ကားကို ဝယ်ယူထားသူများအတွက် အိမ်မှာတင်ပဲ နှစ်သက်တဲ့ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးမယ့် 3D Printer ကိုပါ ထုတ်လုပ်ဖို့ စဉ်းစားနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.