Posted on Leave a comment
unicode
TENAA မှာ ထွက်ပေါ်လာတဲ့ Redmi 7 ရဲ့ Specs အပြည့်အစုံ
Redmi Note 7 နဲ့ Note 7 Pro တို့ကိုတော့ မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ တန်ဖိုးနည်း Redmi 7 ရဲ့ သတင်းအချက်အလက်များဟာ TENAA မှာ ရောက်လာပါတယ်။ သူ့မှာ ၆.၂၆ လက်မ 1520x720p LCD Display(HD+) ပါပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။
Redmi 7 မှာ အနောက်ကင်မရာ ၂ လုံးပါမှာပါ။ ၁ လုံးက 12MP ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ကင်မရာ နောက် ၁ လုံးကို မသိရသေးပါဘူး။ 1.8GHz Octa-core Processor မောင်းနှင်ထားပေမယ့် မော်ဒယ် အတိအကျကို မသိရသေးပါဘူး။ 2GB RAM + 16GB, 3GB RAM + 32GB, နဲ့ 4GB RAM + 64GB များ ထုတ်လုပ်ထားပါတယ်။ မော်ဒယ် အားလုံးမှာ microSD Card Slot ပါပါတယ်။
အရွယ်ကြီး 3900mAh Battery နဲ့ လက်ဗွေရာ အာရုံခံ ကိရိယာများ ပါပါတယ်။ Android 9 Pie အခြေပြု MIUI 10 ပါလာမှာပါ။ အရွယ်အစား အပြည့်အစုံမှာ 158.65 × 76.43 × 8.9 mm ဖြစ်ပြီး အလေးချိန်မှာ ၁၈၀ ဂရမ် ဖြစ်ပါတယ်။
အနက်၊ အနီ၊ အပြာ၊ အဖြူ၊ အစိမ်း၊ ခရမ်း၊ အညိုနဲ့ ပန်းရောင် စတဲ့ အရောင် ၈ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အနောက်ကင်မရာ ၂ လုံးကို ဘယ်ဘက်ထပ်မှာ ဒေါင်လိုက် တပ်ဆင်ထားပြီး LED Flash နဲ့ တွဲထားပါတယ်။ မတ်လ ၁၈ ရက်မှာ ရှောင်မီက တရုတ်မှာ Redmi Note 7 Pro ကို ကြေညာမှာပါ။ အဲဒီပွဲမှာ Redmi 7 ကိုလည်း ကြေညာနိုင်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.