Posted on Leave a comment

အေနာက္ကင္မရာ ၃ လံုး ပါတဲ့ Huawei P smart+ 2019





unicode

အနောက်ကင်မရာ ၃ လုံး ပါတဲ့ Huawei P smart+ 2019

ဟွာဝေးက P smart+ 2019 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ သူ့မှာ ၆.၂၁ လက်မ 2340x1080p Display ပါပါတယ်။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။ အပြာနဲ့ အနက်ရောင်များ ထုတ်လုပ်ထားပါတယ်။

Huawei P smart+ 2019 မှာ Kirin 710 Chipset ထည့်သွင်းထားပါတယ်။ အရွယ်သေး Notch ပါပါတယ်။ အနောက်ဘက်မှာ 24MP Main Camera , 16MP Ultra-wide Camera နဲ့ 2MP Depth Sensor များ ထည့်သွင်းထားပါတယ်။ Huawei P smart 2019 မှာတော့ အနောက်ကင်မရာ ၂ လုံးသာ ပါပြီး 13MP+2MP များ ဖြစ်ပါတယ်။

Huawei P smart+ 2019 ရဲ့ အရှေ့ဘက်မှာ 8MP Camera ထည့်သွင်းထားပါတယ်။ AI အခြေပြု ကင်မရာ လုပ်ဆောင်ချက်များ ပါပါတယ်။ Night Mode က အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်ပါတယ်။

Android 9 Pie အခြေပြု EMUI 9 ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3400mAh ဖြစ်ပါတယ်။ P smart+ 2019 ကို တရုတ်မှာ Enjoy 9s အမည်နဲ့ ရောင်းချမှာပါ။ ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ကို မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.