Enterprise Smartphone Trending

Third-Party ဘတ္ထရီေတြနဲ႕ iPhone ျပင္ဆင္ခြင့္ေပးလိုက္တဲ့ Apple

Zawgyi Version

Apple ကေတာ့ စိတ္ကူးေျပာင္းလိုက္ပါျပီ။ third-party ဘတ္ထရီေတြသံုးထားတဲ့ iPhone ေတြကိုလည္း Apple ရဲ႕ warranty ေအာက္မွာ အၾကံဳး၀င္တယ္လို႕ ေျပာၾကားလိုက္တာပါ။ အရင္တုန္းက third-party ဘတ္ထရီေတြသံုးထားတဲ့ iPhone ေတြကို ဘယ္လိုပဲျဖစ္ေနပါေစ အာမခံမေပးခဲ့ပါဘူး။

MacRumors ရဲ႕ ေတြ႕ရွိခ်က္အရ third-party ဘတ္ထရီေတြသံုးထားတဲ့ iPhone ေတြကို Apple Store ဒါမွမဟုတ္ Apple Authorized Service Provider ေတြဆီကို ယူေဆာင္သြားလို႕ရပါတယ္။

တကယ္လို႕မ်ား ထည့္ထားတဲ့ဘတ္ထရီနဲ႕ပတ္သတ္ျပီးျဖစ္တဲ့ error မဟုတ္ဘူးဆိုရင္ေတာ့ ပံုမွန္အတုိင္းပါပဲ။ iPhone display ကြဲတာ၊ microphone ဒါမွမဟုတ္ Apple ဆီကေန လုပ္ေပးႏုိင္တဲ့ အျခားအစိတ္အပိုင္းေတြဆိုရင္လည္း အာမခံထဲမွာ အၾကံဳး၀င္မွာပါ။

စိတ္၀င္စားစရာေကာင္းတာတစ္ခုကေတာ့ ဘတ္ထရီနဲ႕ပတ္သတ္တဲ့ error ဆိုရင္ Apple က official ဘတ္ထရီနဲ႕လဲလွယ္ေပးမွာျဖစ္ျပီးေတာ့ ပံုမွန္ဘတ္ထရီလဲခကို ေတာင္းခံမွာပါ။ ဒါေပမယ့္လည္း third-party ဘတ္ထရီလဲသူေတြအေနနဲ႕ ဘတ္ထရီကို ၆၀% အထိသာ ထားဖို႕အတြက္ ညႊန္းဆိုေပးထားပါတယ္။ third-party ေတြဆိုေတာ့ သတိထားရမယ္မလား။ Apple ဘတ္ထရီေတြက ေပါက္ကြဲတယ္ဆိုတာ ၾကားဖူးလို႕လား။

third-party ဘတ္ထရီေတြကို လဲဖို႕အတြက္ တားဆီးထားတာမရွိေတာ့ေပမယ့္လည္း အျခားအစိတ္အပိုင္းေတြေတာ့ လဲဖို႕ ခြင့္ျပဳမထားေသးပါဘူး။

Unicode Version

Apple ကတော့ စိတ်ကူးပြောင်းလိုက်ပါပြီ။ third-party ဘတ်ထရီတွေသုံးထားတဲ့ iPhone တွေကိုလည်း Apple ရဲ့ warranty အောက်မှာ အကြုံးဝင်တယ်လို့ ပြောကြားလိုက်တာပါ။ အရင်တုန်းက third-party ဘတ်ထရီတွေသုံးထားတဲ့ iPhone တွေကို ဘယ်လိုပဲဖြစ်နေပါစေ အာမခံမပေးခဲ့ပါဘူး။
MacRumors ရဲ့ တွေ့ရှိချက်အရ third-party ဘတ်ထရီတွေသုံးထားတဲ့ iPhone တွေကို Apple Store ဒါမှမဟုတ် Apple Authorized Service Provider တွေဆီကို ယူဆောင်သွားလို့ရပါတယ်။


တကယ်လို့များ ထည့်ထားတဲ့ဘတ်ထရီနဲ့ပတ်သတ်ပြီးဖြစ်တဲ့ error မဟုတ်ဘူးဆိုရင်တော့ ပုံမှန်အတိုင်းပါပဲ။ iPhone display ကွဲတာ၊ microphone ဒါမှမဟုတ် Apple ဆီကနေ လုပ်ပေးနိုင်တဲ့ အခြားအစိတ်အပိုင်းတွေဆိုရင်လည်း အာမခံထဲမှာ အကြုံးဝင်မှာပါ။
စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ဘတ်ထရီနဲ့ပတ်သတ်တဲ့ error ဆိုရင် Apple က official ဘတ်ထရီနဲ့လဲလှယ်ပေးမှာဖြစ်ပြီးတော့ ပုံမှန်ဘတ်ထရီလဲခကို တောင်းခံမှာပါ။ ဒါပေမယ့်လည်း third-party ဘတ်ထရီလဲသူတွေအနေနဲ့ ဘတ်ထရီကို ၆၀% အထိသာ ထားဖို့အတွက် ညွှန်းဆိုပေးထားပါတယ်။ third-party တွေဆိုတော့ သတိထားရမယ်မလား။ Apple ဘတ်ထရီတွေက ပေါက်ကွဲတယ်ဆိုတာ ကြားဖူးလို့လား။
third-party ဘတ်ထရီတွေကို လဲဖို့အတွက် တားဆီးထားတာမရှိတော့ပေမယ့်လည်း အခြားအစိတ်အပိုင်းတွေတော့ လဲဖို့ ခွင့်ပြုမထားသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.