Posted on Leave a comment

Huawei P30 ရဲ႕ အမ်ားမသိၾကတဲ့ special feature တစ္ခု

Zawgyi Version

ျပီးခဲ့တဲ့အပတ္ေတြမွာ Huawei ရဲ႕ 2019 flagship ေလးကို MWC ရဲ႕ ေရပန္းအစားဆံုးပစၥည္းေတြၾကားမွာ ေတြ႕ျမင္လိုက္ရပါတယ္။ Huawei P30 နဲ႕ P30 Pro တို႕ဟာ မေသခ်ာ မေရရာေသးတဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာေနပါတယ္။ render အသစ္ေတြေၾကာင့္ စမတ္ဖုန္းႏွစ္လံုးရဲ႕ ထူးျခားတဲ့ဒီဇိုင္းအေၾကာင္းကို ကၽြန္ေတာ္တို႕ သိလိုက္ပါတယ္။

Huawei P30 နဲ႕ P30 Pro တို႕ရဲ႕ဒီဇိုင္းကို ျခံဳၾကည့္လိုက္ရင္ေတာ့ ရင္းႏွီးေနပါတယ္။ Huawei က P series ေတြရဲ႕ သြင္ျပင္ကို ၾကည့္လုိက္တာနဲ႕ ရင္းႏွီးေနေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ ေျပာင္းလဲသြားတာေလးကေတာ့ အေပၚနဲ႕ေအာက္ေဘာင္ေလးေတြ ျပားေနေအာင္ လုုပ္ေဆာင္ေပးထားတာပါ။ သီအိုရီအရဆိုရင္ေတာ့ မ်က္ႏွာျပင္အျပားတစ္ခုေပၚမွာ ဖုန္းကို ေထာင္ထားလို႕ရပါတယ္။ ခင္ဗ်ားကေတာ့ လုပ္ျဖစ္မွာမဟုတ္ပါဘူး။ ဖုန္းရဲ႕ပါးလႊာမႈနဲ႕ အဲလိုသာေထာင္လိုက္ရင္ အလြယ္တကူျပဳတ္က်ျပီး ကြဲအက္သြားႏုိင္ပါတယ္။ ဒါဟာ ဒီဇုိင္းသက္သက္ပဲ လုပ္ထားတာျဖစ္ႏုိင္မလား။

ဖုန္းႏွစ္ခုလံုးမွာ မႏွစ္ကလိုမဟုတ္ဘဲ ေရစက္ပံုစံ notch နဲ႕ ထြက္လာမွာပါ။ ဒါေၾကာင့္ face recognition system ကို ျဖဳတ္ထားပါတယ္။ render ေတြအရဆိုရင္ေတာ့ မ်က္ႏွာျပင္ေအာက္လက္ေဗြစနစ္ကို အသံုးျပဳရဖို႕ မ်ားေနပါတယ္။

P30 နဲ႕ P30 Pro တို႕မွာ ကင္မရာသံုးလံုးရွိတယ္လို႕ မွန္းထားေပမယ့္လည္း P30 Pro ကေတာ့ ေလးလံုးပါ။ ေလးလံုးေျမာက္ကေတာ့ ေဘးဘက္မွာရွိေနျပီး 3D object mapping နဲ႕ AR applications ေတြအတြက္ time-of-flight (ToF) sensor အေနနဲ႕ တပ္ဆင္ေပးထားတာပါ။ ေနာက္တစ္ခုကေတာ့ P30 Pro မွာ ေလးေထာင့္တပ္ဆင္ထားတာပါ။ 10x optical zoom တပ္ဆင္မယ္လို႕ ၾကားထားပါတယ္။ ဒီအခ်က္က စမတ္ဖုန္းေစ်းကြက္မွာ မၾကားဖူးတဲ့အေနအထားပါ။

OPPO ကေတာ့ ဒီနည္းပညာကို MWC မွာ ေျပာထားေပမယ့္လည္း လက္ေတြ႕စမတ္ဖုန္းမွာ တပ္ဆင္ႏုိင္ျခင္း မရွိေသးပါဘူး။ Huawei ရဲ႕ မားကတ္တင္းအဖြဲ႕ကေတာ့ 10x zoom ကို periscope-style system အေနနဲ႕ အသံုးျပဳမယ္လို႕ အတည္ျပဳေပးထားပါတယ္။ Huawei P30 နဲ႕ P30 Pro ကို မတ္လ ၂၆ရက္ေန႕ ပဲရစ္ျမိဳ႕မွာ ေၾကညာမွာျဖစ္ပါတယ္။ ေျပာေနစရာမလိုတာက ကင္မရာေတြက ရွိဳးရဲ႕အဓိကဦးစားေပးျဖစ္ေနမွာပါ။

Unicode Version

ပြီးခဲ့တဲ့အပတ်တွေမှာ Huawei ရဲ့ 2019 flagship လေးကို MWC ရဲ့ ရေပန်းအစားဆုံးပစ္စည်းတွေကြားမှာ တွေ့မြင်လိုက်ရပါတယ်။ Huawei P30 နဲ့ P30 Pro တို့ဟာ မသေချာ မရေရာသေးတဲ့ အချက်အလက်တွေ ထွက်ပေါ်လာနေပါတယ်။ render အသစ်တွေကြောင့် စမတ်ဖုန်းနှစ်လုံးရဲ့ ထူးခြားတဲ့ဒီဇိုင်းအကြောင်းကို ကျွန်တော်တို့ သိလိုက်ပါတယ်။
Huawei P30 နဲ့ P30 Pro တို့ရဲ့ဒီဇိုင်းကို ခြုံကြည့်လိုက်ရင်တော့ ရင်းနှီးနေပါတယ်။ Huawei က P series တွေရဲ့ သွင်ပြင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးနေအောင် လုပ်ဆောင်ပေးထားပါတယ်။ ပြောင်းလဲသွားတာလေးကတော့ အပေါ်နဲ့အောက်ဘောင်လေးတွေ ပြားနေအောင် လုပ်ဆောင်ပေးထားတာပါ။ သီအိုရီအရဆိုရင်တော့ မျက်နှာပြင်အပြားတစ်ခုပေါ်မှာ ဖုန်းကို ထောင်ထားလို့ရပါတယ်။ ခင်ဗျားကတော့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဖုန်းရဲ့ပါးလွှာမှုနဲ့ အဲလိုသာထောင်လိုက်ရင် အလွယ်တကူပြုတ်ကျပြီး ကွဲအက်သွားနိုင်ပါတယ်။ ဒါဟာ ဒီဇိုင်းသက်သက်ပဲ လုပ်ထားတာဖြစ်နိုင်မလား။


ဖုန်းနှစ်ခုလုံးမှာ မနှစ်ကလိုမဟုတ်ဘဲ ရေစက်ပုံစံ notch နဲ့ ထွက်လာမှာပါ။ ဒါကြောင့် face recognition system ကို ဖြုတ်ထားပါတယ်။ render တွေအရဆိုရင်တော့ မျက်နှာပြင်အောက်လက်ဗွေစနစ်ကို အသုံးပြုရဖို့ များနေပါတယ်။
P30 နဲ့ P30 Pro တို့မှာ ကင်မရာသုံးလုံးရှိတယ်လို့ မှန်းထားပေမယ့်လည်း P30 Pro ကတော့ လေးလုံးပါ။ လေးလုံးမြောက်ကတော့ ဘေးဘက်မှာရှိနေပြီး 3D object mapping နဲ့ AR applications တွေအတွက် time-of-flight (ToF) sensor အနေနဲ့ တပ်ဆင်ပေးထားတာပါ။ နောက်တစ်ခုကတော့ P30 Pro မှာ လေးထောင့်တပ်ဆင်ထားတာပါ။ 10x optical zoom တပ်ဆင်မယ်လို့ ကြားထားပါတယ်။ ဒီအချက်က စမတ်ဖုန်းဈေးကွက်မှာ မကြားဖူးတဲ့အနေအထားပါ။


OPPO ကတော့ ဒီနည်းပညာကို MWC မှာ ပြောထားပေမယ့်လည်း လက်တွေ့စမတ်ဖုန်းမှာ တပ်ဆင်နိုင်ခြင်း မရှိသေးပါဘူး။ Huawei ရဲ့ မားကတ်တင်းအဖွဲ့ကတော့ 10x zoom ကို periscope-style system အနေနဲ့ အသုံးပြုမယ်လို့ အတည်ပြုပေးထားပါတယ်။ Huawei P30 နဲ့ P30 Pro ကို မတ်လ ၂၆ရက်နေ့ ပဲရစ်မြို့မှာ ကြေညာမှာဖြစ်ပါတယ်။ ပြောနေစရာမလိုတာက ကင်မရာတွေက ရှိုးရဲ့အဓိကဦးစားပေးဖြစ်နေမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.