Smartphone Social Trending

Galaxy S10 teardown က ေဖာ္ျပေနတဲ့ Samsung ရဲ႕ အရွက္ရဖြယ္ကိစၥ

Zawgyi Version

လူသိမ်ားတဲ့ DIY YouTuber Jerry Rig Everything ကေတာ့ Samsung Galaxy S10 teardown video ေလးကို တင္ေပးထားပါတယ္။ ေစ်းၾကီးတဲ့ဖုန္းတစ္လံုးကို စိတ္တုိင္းက်ဖ်က္စီးျပေနတဲ့ သူ႕ရဲ႕ဗြီဒီယိုကေတာ့ စိတ္ခိုင္မွၾကည့္ေစခ်င္ပါတယ္။ teardown ေလးမွာ စိတ္၀င္စားဖြယ္အခ်က္တစ္ခုကို ကၽြန္ေတာ္တို႕ေတြ႕ျမင္လိုက္ရပါတယ္။

သင္လည္း စိတ္၀င္စားတယ္ဆိုရင္ေတာ့ ေအာက္မွာ ဗြီဒီယိုေလးကို တစ္ပါတည္း ေဖာ္ျပေပးထားပါတယ္။

ဒါေပမယ့္ အထူးအဆန္းေလာက္ပဲ သိခ်င္တယ္ဆိုရင္ေတာ့ ဆက္ဖတ္ၾကည့္လုိက္ပါ။

Samsung Galaxy S10 ကို ဖြင့္ေနတာကေတာ့ ရင္နာစရာပါပဲ။ အျခားေသာ ဖန္သားျပင္ဖုန္းေတြလိုပဲ ေကာ္ခြာဖို႕အတြက္ heat gun ကို အသံုးျပဳရပါတယ္။ ဒါေပမယ့္လည္း ဒီအခ်က္က ပံုမွန္ျဖစ္ေနတာဆိုေတာ့ အံ့ၾသစရာေတာ့မေကာင္းပါဘူး။

အံ့ၾသစရာက Samsung Galaxy S10 ရဲ႕ motherboard ကို အျပင္ဆြဲထုတ္လုိက္ခ်ိန္မွာ ျဖစ္သြားတာပါ။ Samsung က USB-C port ကို motherboard နဲ႕ အေသေဆာ္ထားတာပါ။ USB-C port မေကာင္းလို႕ ျပန္လဲရင္ ၁၅ေဒၚလာေလာက္ပဲကုန္မွာျဖစ္ေပမယ့္လည္း အေသတပ္ထားေတာ့ ျပင္ဖို႕ မျဖစ္ႏုိင္သေလာက္ပါပဲ။ motherboard တစ္ခုလံုးကို လဲရမယ့္အေနအထားပါ။

ေနာက္ထပ္ၾကံဳရမယ့္ကိစၥတစ္ခုကေတာ့ ultrasonic in-display fingerprint sensor ျဖစ္ပါတယ္။ sensor ေလးဟာ screen ကေန ခြာထုတ္လို႕အဆင္မေျပႏုိင္ပါဘူး။ sensor ေလးကို ခြာလုိက္္ခ်ိန္မွာ display က အလုပ္မလုပ္ေတာ့တာကို ေတြ႕လုိက္ရပါတယ္။ တကယ္လို႕မ်ား fingerprint sensor ပ်က္သြားခဲ့မယ္ဆိုရင္ screen တစ္ခုလံုးကို လဲရမွာပါ။ sensor အသစ္လဲလို႕မရႏုိင္ပါဘူး။

ဖုန္းျပဳျပင္ေရးသမားေတြအေနနဲ႕ ေမာ္ဒယ္လ္ျမင့္ဖုန္းေတြကို ျပင္ဆင္ရလြယ္ကူေအာင္ လုပ္ေဆာင္ေနၾကေပမယ့္လည္း OEM ေတြကေတာ့ သူတို႕ကိုတိုက္ခိုက္လုိက္တာလို႕ ျမင္မိပါတယ္။ USB-C port ဟာ သက္ေသတစ္ခုပါပဲ။ ဒါဟာ စိတ္ပ်က္စရာအင္မတန္မွ ေကာင္းလြန္းပါတယ္။

Unicode Version

လူသိများတဲ့ DIY YouTuber Jerry Rig Everything ကတော့ Samsung Galaxy S10 teardown video လေးကို တင်ပေးထားပါတယ်။ ဈေးကြီးတဲ့ဖုန်းတစ်လုံးကို စိတ်တိုင်းကျဖျက်စီးပြနေတဲ့ သူ့ရဲ့ဗွီဒီယိုကတော့ စိတ်ခိုင်မှကြည့်စေချင်ပါတယ်။ teardown လေးမှာ စိတ်ဝင်စားဖွယ်အချက်တစ်ခုကို ကျွန်တော်တို့တွေ့မြင်လိုက်ရပါတယ်။
သင်လည်း စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ဗွီဒီယိုလေးကို တစ်ပါတည်း ဖော်ပြပေးထားပါတယ်။


ဒါပေမယ့် အထူးအဆန်းလောက်ပဲ သိချင်တယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်လိုက်ပါ။
Samsung Galaxy S10 ကို ဖွင့်နေတာကတော့ ရင်နာစရာပါပဲ။ အခြားသော ဖန်သားပြင်ဖုန်းတွေလိုပဲ ကော်ခွာဖို့အတွက် heat gun ကို အသုံးပြုရပါတယ်။ ဒါပေမယ့်လည်း ဒီအချက်က ပုံမှန်ဖြစ်နေတာဆိုတော့ အံ့သြစရာတော့မကောင်းပါဘူး။
အံ့သြစရာက Samsung Galaxy S10 ရဲ့ motherboard ကို အပြင်ဆွဲထုတ်လိုက်ချိန်မှာ ဖြစ်သွားတာပါ။ Samsung က USB-C port ကို motherboard နဲ့ အသေဆော်ထားတာပါ။ USB-C port မကောင်းလို့ ပြန်လဲရင် ၁၅ဒေါ်လာလောက်ပဲကုန်မှာဖြစ်ပေမယ့်လည်း အသေတပ်ထားတော့ ပြင်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ motherboard တစ်ခုလုံးကို လဲရမယ့်အနေအထားပါ။
နောက်ထပ်ကြုံရမယ့်ကိစ္စတစ်ခုကတော့ ultrasonic in-display fingerprint sensor ဖြစ်ပါတယ်။ sensor လေးဟာ screen ကနေ ခွာထုတ်လို့အဆင်မပြေနိုင်ပါဘူး။ sensor လေးကို ခွာလိုက်ချိန်မှာ display က အလုပ်မလုပ်တော့တာကို တွေ့လိုက်ရပါတယ်။ တကယ်လို့များ fingerprint sensor ပျက်သွားခဲ့မယ်ဆိုရင် screen တစ်ခုလုံးကို လဲရမှာပါ။ sensor အသစ်လဲလို့မရနိုင်ပါဘူး။
ဖုန်းပြုပြင်ရေးသမားတွေအနေနဲ့ မော်ဒယ်လ်မြင့်ဖုန်းတွေကို ပြင်ဆင်ရလွယ်ကူအောင် လုပ်ဆောင်နေကြပေမယ့်လည်း OEM တွေကတော့ သူတို့ကိုတိုက်ခိုက်လိုက်တာလို့ မြင်မိပါတယ်။ USB-C port ဟာ သက်သေတစ်ခုပါပဲ။ ဒါဟာ စိတ်ပျက်စရာအင်မတန်မှ ကောင်းလွန်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.