Posted on Leave a comment

ေရစီးေၾကာင္းအသစ္ကို ေဖာက္လုပ္ေတာ့မယ္ Samsung wireless TV

Zawgyi Version

TV ေတြဆိုတာကလည္း မသိရင္ နံရံထဲ၀င္ေတာ့မလိုလို။ တျဖည္းျဖည္းနဲ႕ ပါးလာလိုက္တာ မေျပာပါနဲ႕ေတာ့။ နံရံနဲ႕ကပ္ေနျပီးေတာ့ ေပ်ာက္ေနတယ္လို႕ေျပာရေပမယ့္လည္း အျမင္ကိုဖ်က္ေနတာက ၾကိဳးေတြပါ။ Samsung က ဒီအခ်က္ကိုသတိထားမိျပီး ေျဖရွင္းေတာ့မွာပါ။ ၾကိဳးေတြကို မျမင္ေအာင္ေဖ်ာက္မွာ မဟုတ္္ဘူးေနာ္။

မႏွစ္က Samsung ရဲ႕ အေျဖကေတာ့ ပါးလႊာျပီး ေဖာက္ထြင္းျမင္ေနရတဲ့ ၾကိဳးေလးနဲ႕ဆက္သြယ္ေပးခဲ့ပါတယ္။ ဒီအခ်ိန္တုန္းက ၾကိဳးေတြရွိေနတုန္းပါပဲ။ ပတ္၀န္းက်င္အလိုက္ ျမင္ေနရတုန္းပဲေလ။ LetsGoDigital ရဲ႕ ေတြ႕ရွိခ်က္အရ patent အသစ္ေလးက wireless ျဖစ္ေအာင္လုပ္ေဆာင္ေနေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ေျပာရရင္ေတာ့ ၾကိဳးမဲ့အားသြင္းနည္းပညာက စမတ္ဖုန္းေလာကမွာ အၾကိဳက္မ်ား၊ အသံုးမ်ားလာတဲ့နည္းပညာေလးတစ္ခုပါ။ Patent အရဆိုရင္ wireless TV ဟာ ပါးလႊာတဲ့ လွ်ပ္စစ္သံလိုုက္ဘားေလးတစ္ခုနဲ႕ ခ်ိတ္ဆက္ထားမယ္လို႕ သိရပါတယ္။ ဘားေလးက receiver အျဖစ္နဲ႕ လုပ္ေဆာင္ေပးမွာပါ။

လက္ရွိၾကိဳးမဲ့အားသြင္းထုတ္ကုန္ေတြနဲ႕မတူညီတဲ့အခ်က္တစ္ခုကေတာ့ receiver နဲ႕ base power station တို႕ၾကားမွာ ခြာထားလို႕ရပါတယ္။ station ေလးဟာ soundbar အေနနဲ႕လည္း လုပ္ေဆာင္ေပးႏုိင္ဦးမွာဆိုေတာ့ သာမန္ေတာ့ မဟုတ္ပါဘူး။

ဒီစိတ္ကူးေလးက မိုက္ေနရတဲ့အေၾကာင္းရင္းကေတာ့ လက္ရွိၾကိဳးမဲ့အားသြင္းစနစ္ေတြမွာ ဒီလို air power transmission ကို ေထာက္ပံ့ေပးႏုိင္တဲ့အရာမ်ိဳး နည္းေနပါေသးတယ္။ safety တို႕ အျခား wireless လိႈင္းေတြရဲ႕ ေႏွာင့္ယွက္မႈတို႕ကိုလည္း စဥ္းစားရပါလိမ့္မယ္။ တကယ္လို႕မ်ား Samsung က ထုတ္လုပ္ႏုိင္ခဲ့မယ္ဆုိရင္ေတာ့ စမတ္ဖုန္းေတြကို အားသြင္းတဲ့ေနရာမွာလည္း အေျပာင္းအလဲတစ္ခုျဖစ္လာႏုိင္တယ္လို႕ ေတြးမိပါတယ္။

Unicode Version

TV တွေဆိုတာကလည်း မသိရင် နံရံထဲဝင်တော့မလိုလို။ တဖြည်းဖြည်းနဲ့ ပါးလာလိုက်တာ မပြောပါနဲ့တော့။ နံရံနဲ့ကပ်နေပြီးတော့ ပျောက်နေတယ်လို့ပြောရပေမယ့်လည်း အမြင်ကိုဖျက်နေတာက ကြိုးတွေပါ။ Samsung က ဒီအချက်ကိုသတိထားမိပြီး ဖြေရှင်းတော့မှာပါ။ ကြိုးတွေကို မမြင်အောင်ဖျောက်မှာ မဟုတ်ဘူးနော်။
မနှစ်က Samsung ရဲ့ အဖြေကတော့ ပါးလွှာပြီး ဖောက်ထွင်းမြင်နေရတဲ့ ကြိုးလေးနဲ့ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီအချိန်တုန်းက ကြိုးတွေရှိနေတုန်းပါပဲ။ ပတ်ဝန်းကျင်အလိုက် မြင်နေရတုန်းပဲလေ။ LetsGoDigital ရဲ့ တွေ့ရှိချက်အရ patent အသစ်လေးက wireless ဖြစ်အောင်လုပ်ဆောင်နေကြောင်း ထောက်ပြခဲ့ပါတယ်။
ပြောရရင်တော့ ကြိုးမဲ့အားသွင်းနည်းပညာက စမတ်ဖုန်းလောကမှာ အကြိုက်များ၊ အသုံးများလာတဲ့နည်းပညာလေးတစ်ခုပါ။ Patent အရဆိုရင် wireless TV ဟာ ပါးလွှာတဲ့ လျှပ်စစ်သံလိုက်ဘားလေးတစ်ခုနဲ့ ချိတ်ဆက်ထားမယ်လို့ သိရပါတယ်။ ဘားလေးက receiver အဖြစ်နဲ့ လုပ်ဆောင်ပေးမှာပါ။
လက်ရှိကြိုးမဲ့အားသွင်းထုတ်ကုန်တွေနဲ့မတူညီတဲ့အချက်တစ်ခုကတော့ receiver နဲ့ base power station တို့ကြားမှာ ခွာထားလို့ရပါတယ်။ station လေးဟာ soundbar အနေနဲ့လည်း လုပ်ဆောင်ပေးနိုင်ဦးမှာဆိုတော့ သာမန်တော့ မဟုတ်ပါဘူး။
ဒီစိတ်ကူးလေးက မိုက်နေရတဲ့အကြောင်းရင်းကတော့ လက်ရှိကြိုးမဲ့အားသွင်းစနစ်တွေမှာ ဒီလို air power transmission ကို ထောက်ပံ့ပေးနိုင်တဲ့အရာမျိုး နည်းနေပါသေးတယ်။ safety တို့ အခြား wireless လှိုင်းတွေရဲ့ နှောင့်ယှက်မှုတို့ကိုလည်း စဉ်းစားရပါလိမ့်မယ်။ တကယ်လို့များ Samsung က ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ စမတ်ဖုန်းတွေကို အားသွင်းတဲ့နေရာမှာလည်း အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တယ်လို့ တွေးမိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.