Posted on Leave a comment

Xiaomi Black Shark 2 မွာ Liquid Cool 3.0 နည္းပညာ ပါမည္

Black Shark က ၀ီဘိုမွာ ေနာက္ထုတ္မယ့္ ဂိမ္း ဖုန္းမွာ Liquid Cool 3.0 နည္းပညာ ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒီနည္းပညာက ဂိမ္း ကစားရင္ ဖုန္းကို အပူမလြန္ကဲေစဘဲ ေခ်ာမြတ္စြာ ကစားႏိုင္မွာ ျဖစ္ပါတယ္။ လာမယ့္ ၁ လ ၊ ၂ လေလာက္မွာ အဲဒီဖုန္းကို  ေၾကညာႏိုင္ပါတယ္။

ယခင္လကလည္း TENAA ကေန သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို သိခဲ့ရပါတယ္။ လက္ရွိမွာ သူ႔ရဲ႕ အရြယ္အစား ၊ မ်က္ႏွာျပင္ အရြယ္အစား၊ ဘက္ထရီ ပမာဏမ်ားလို သတင္းအခ်က္အလက္ အနည္းငယ္ကိုသာ သိရပါေသးတယ္။ သူဟာ ပထမမ်ိဳးဆက္နဲ႔ ဒီဇိုင္းအပိုင္းမွာ တူညီပါတယ္။ အေနာက္ဘက္မွာ Pattern မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၂ လံုးကို ေဒါင္လိုက္ ျပင္ဆင္ ထည့္သြင္းထားသလို လက္ေဗြရာ အာရံုခံ ကိရိယာလည္း ပါပါတယ္။ Shark Key ကိုလည္း မူလ ေနရာမွာ ထည့္သြင္းထားပါတယ္။

Black Shark 2 မွာ မူလေမာ္ဒယ္လိုပဲ ၅.၉၉ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမယ္လို႔ TENAA မွာ ေဖာ္ျပထားပါတယ္။ ဘက္ထရီက 4000mAh ျဖစ္ပါတယ္။ ဒါေပမယ့္ အရြယ္အစားက ပိုရွည္သြားၿပီး ပိုထူလာပါတယ္။ သူဟာ မူလ Black Shark ရဲ႕ မ်ိဳးဆက္သစ္ မဟုတ္ဘဲ တန္ဖိုးနည္း ေမာ္ဒယ္လည္း ျဖစ္ႏုိင္ပါတယ္။  Snapdragon 855 Chipset ထည့္သြင္းထားမွာပါ။ အနည္းဆံုး 8GB RAM နဲ႔ Android 9 Pie ပါလာမွာပါ။

unicode

Xiaomi Black Shark 2 မှာ Liquid Cool 3.0 နည်းပညာ ပါမည်

Black Shark က ဝီဘိုမှာ နောက်ထုတ်မယ့် ဂိမ်း ဖုန်းမှာ Liquid Cool 3.0 နည်းပညာ ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီနည်းပညာက ဂိမ်း ကစားရင် ဖုန်းကို အပူမလွန်ကဲစေဘဲ ချောမွတ်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ၁ လ ၊ ၂ လလောက်မှာ အဲဒီဖုန်းကို ကြေညာနိုင်ပါတယ်။

ယခင်လကလည်း TENAA ကနေ သူ့ရဲ့ သတင်းအချက်အလက်များကို သိခဲ့ရပါတယ်။ လက်ရှိမှာ သူ့ရဲ့ အရွယ်အစား ၊ မျက်နှာပြင် အရွယ်အစား၊ ဘက်ထရီ ပမာဏများလို သတင်းအချက်အလက် အနည်းငယ်ကိုသာ သိရပါသေးတယ်။ သူဟာ ပထမမျိုးဆက်နဲ့ ဒီဇိုင်းအပိုင်းမှာ တူညီပါတယ်။ အနောက်ဘက်မှာ Pattern များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးကို ဒေါင်လိုက် ပြင်ဆင် ထည့်သွင်းထားသလို လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ Shark Key ကိုလည်း မူလ နေရာမှာ ထည့်သွင်းထားပါတယ်။

Black Shark 2 မှာ မူလမော်ဒယ်လိုပဲ ၅.၉၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ TENAA မှာ ဖော်ပြထားပါတယ်။ ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်အစားက ပိုရှည်သွားပြီး ပိုထူလာပါတယ်။ သူဟာ မူလ Black Shark ရဲ့ မျိုးဆက်သစ် မဟုတ်ဘဲ တန်ဖိုးနည်း မော်ဒယ်လည်း ဖြစ်နိုင်ပါတယ်။ Snapdragon 855 Chipset ထည့်သွင်းထားမှာပါ။ အနည်းဆုံး 8GB RAM နဲ့ Android 9 Pie ပါလာမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.