Smartphone Trending

OPPO က F11 နဲ႔ F11 Pro ကို ေၾကညာ

OPPO က F11 နဲ႔ F11 Pro ကို အိႏၵိယမွာ ေၾကညာလိုက္ပါတယ္။ သူတို႔ ၂ လံုးရဲ႕ အဓိက ကြာျခားခ်က္မွာ F11 မွာ Notch ပါၿပီး F11 Pro မွာ Pop-up Selfie Camera ထည့္သြင္းထားတာပါ။ သူတို႔ ၂ လံုးမွာ ၆.၅၃ လက္မ 1080x2340p IPS LCD Display ထည့္သြင္းထားပါတယ္။ ဆဲလ္ဖီး ကင္မရာမ်ားရဲ႕ တပ္ဆင္မႈ ကြဲျပားေပမယ့္ တူညီတဲ့ 16MP ကို သံုးထားပါတယ္။

ဖုန္း ၂ လံုးစလံုးရဲ႕ အေနာက္ဘက္မွာ 48MP Main Camera , 5MP Depth Camera မ်ား ထည့္သြင္းထားပါတယ္။ Google Night Sight , Huawei Night Mode တို႔လို ကင္မရာ လုပ္ေဆာင္ခ်က္ ျဖစ္တဲ့ Ultra Night Mode ပါပါတယ္။ Low-light Photo မ်ား အလြန္ ေကာင္းလာမွာပါ။ OPPO က Color Mapping လို႔ ေခၚတဲ့ လုပ္ေဆာင္ခ်က္က ရႈခင္းအမ်ိဳးအစား ၂၃ ခုကို ခြဲျခမ္းစိတ္ျဖာႏုိင္ၿပီး အေရာင္မ်ားကို ပိုေကာင္းေအာင္ လုပ္ေပးပါတယ္။

ဖုန္း ၂ လံုးစလံုးမွာ 4000mAh Battery ပါၿပီး VOOC 3.0 လွ်င္ျမန္စြာ အားသြင္းစနစ္ကို ေထာက္ပ့ံပါတယ္။ မိနစ္ ၈၀ အတြင္းမွာ ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားျဖည့္ေပးတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ USB-C အစား ဒိတ္ေအာက္ေနတဲ့ microUSB Port သာ ပါပါတယ္။ MediaTek Helio P70 ေမာင္းႏွင္ထားပါတယ္။

မတ္လ ၁၅ ရက္မွာ Amazon India ကေန ေရာင္းမွာပါ။ F11 ရဲ႕ 4/128GB ကို ရူပီး ၁၉ ၉၉၀ နဲ႔ F11 Pro ရဲ႕ 6/64GB ကို ရူပီး ၂၄ ၉၉၀ သတ္မွတ္ထားပါတယ္။   ပရိုအတြက္ Thunder Black , Aurora Green အေရာင္နဲ႔ F11 အတြက္ Flourite Purple, Marble Green နဲ႔ Jewelry White မ်ား ထုတ္လုပ္ထားပါတယ္။

unicode

OPPO က F11 နဲ့ F11 Pro ကို ကြေညာ

OPPO က F11 နဲ့ F11 Pro ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ သူတို့ ၂ လုံးရဲ့ အဓိက ကွာခြားချက်မှာ F11 မှာ Notch ပါပြီး F11 Pro မှာ Pop-up Selfie Camera ထည့်သွင်းထားတာပါ။ သူတို့ ၂ လုံးမှာ ၆.၅၃ လက်မ 1080x2340p IPS LCD Display ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာများရဲ့ တပ်ဆင်မှု ကွဲပြားပေမယ့် တူညီတဲ့ 16MP ကို သုံးထားပါတယ်။

ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ 48MP Main Camera , 5MP Depth Camera များ ထည့်သွင်းထားပါတယ်။ Google Night Sight , Huawei Night Mode တို့လို ကင်မရာ လုပ်ဆောင်ချက် ဖြစ်တဲ့ Ultra Night Mode ပါပါတယ်။ Low-light Photo များ အလွန် ကောင်းလာမှာပါ။ OPPO က Color Mapping လို့ ခေါ်တဲ့ လုပ်ဆောင်ချက်က ရှုခင်းအမျိုးအစား ၂၃ ခုကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အရောင်များကို ပိုကောင်းအောင် လုပ်ပေးပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 4000mAh Battery ပါပြီး VOOC 3.0 လျှင်မြန်စွာ အားသွင်းစနစ်ကို ထောက်ပံ့ပါတယ်။ မိနစ် ၈၀ အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် USB-C အစား ဒိတ်အောက်နေတဲ့ microUSB Port သာ ပါပါတယ်။ MediaTek Helio P70 မောင်းနှင်ထားပါတယ်။

မတ်လ ၁၅ ရက်မှာ Amazon India ကနေ ရောင်းမှာပါ။ F11 ရဲ့ 4/128GB ကို ရူပီး ၁၉ ၉၉၀ နဲ့ F11 Pro ရဲ့ 6/64GB ကို ရူပီး ၂၄ ၉၉၀ သတ်မှတ်ထားပါတယ်။   ပရိုအတွက် Thunder Black , Aurora Green အရောင်နဲ့ F11 အတွက် Flourite Purple, Marble Green နဲ့ Jewelry White များ ထုတ်လုပ်ထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.