Posted on Leave a comment

Facebook ဟာ ကမာၻ႕အၾကီးဆံုးဗဟိုဘဏ္ျဖစ္ေအာင္ စီမံကိန္းခ်ေနျပီလား

Zawgyi Version

Facebook က သူ႕ရဲ႕ကိုယ္ပိုင္ဒီဂ်စ္တယ္ေငြေၾကးကို လုပ္ေဆာင္ေနျပီးေတာ့ ကမာၻေပၚမွာ အၾကီးမားဆံုးဘဏ္တစ္ခုျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။ ဘာေၾကာင့္လဲဆိုတာ ၾကည့္လိုက္ရေအာင္။

“Facebook ဟာ ႏိုင္ငံျခားေငြေၾကးမ်ိဳးစံုရွိေနတဲ့ေစ်းကြက္ထဲမွာသူ႕ရဲ႕ coin ကို ေနရာတစ္ခုရေအာင္ ၾကည့္ေနျပီးေတာ့ Facebook ဘဏ္အေကာင့္ထဲမွာ ထည့္သံုးႏုိင္ဖို႕ လုပ္ေဆာင္ေနပါတယ္။ ” ဟုတ္ပါတယ္။ Bitcoin က်ရွံဳးသြားခဲ့တဲ့လုပ္ရပ္ကို Facebook က ၾကိဳးစားႏုိင္လိမ့္လို႕ ယံုၾကည္ေနၾကတာပါ။

The New York Times (NYT) ရဲ႕တင္ျပခ်က္အရ Facebook ဟာ သူ႕ရဲ႕ကိုယ္ပိုင္ cryptocurrency ကို ဖန္တီးေနပါျပီ။ သူ႕ရဲ႕ကိုယ္ပိုင္ app တစ္ခုျဖစ္တဲ့ WhatsApp ထဲမွာ သံုးစြဲသူအခ်င္းခ်င္း လႊဲေျပာင္းမႈေတြ ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

Facebook ရဲ႕ လႈပ္ရွားမႈကေတာ့ Telegram နဲ႕ Signal တို႕လို လုပ္ငန္းေတြကို ျခိမ္းေျခာက္မႈေတြ ျဖစ္လာေစႏုိင္ပါတယ္။ Facebook ရဲ႕ လွ်ိဳ႕၀ွက္လုပ္ေဆာင္ေနမႈဟာ Telegram ရဲ႕ cryptocurrency project ကေန မ်က္စိက်စရာေဒၚလာ၁.၇ဘီလ်ံရရွိကတည္းက ျဖစ္တယ္လို႕ NYT က ေျပာဆိုထားပါတယ္။

Messenger ၊ WhatsApp ၊ Instagram ၾကားမွာ သံုးစြဲသူေပါင္းက ၂.၇ဘီလ်ံရွိပါတယ္။ တကယ္လို႕မ်ား Facebook က သူ႕ရဲ႕ဒီဂ်စ္တယ္ေငြေၾကးကို လုပ္ေဆာင္မယ္လို႕ဆံုးျဖတ္ခ်က္ခ်လိုက္မယ္ဆုိရင္ ကမာၻေပၚမွာ အၾကီးမားဆံုးေသာ ဗဟိုဘဏ္ျဖစ္လာပါလိမ့္မယ္။ ႏုိင္ငံျခားေငြေၾကးေတြကို ထိန္းခ်ဳပ္ႏုိင္တဲ့ ဗဟိုဘဏ္ေပါ့။

ဒါဟာ ကမာၻ႕စီးပြားေရးသမုိင္းေၾကာင္းကို အရွိန္အဟုန္နဲ႕ရိုက္ခတ္သြားေစႏုိင္တဲ့အျပင္ လက္ရွိေငြေၾကးလုပ္ငန္းမွာ ၾကီးစိုးေနသူေတြကိုလည္း ျခိမ္းေျခာက္မႈ ျဖစ္သြားေစႏုိင္ပါတယ္။

Visa နဲ႕ MasterCard တို႕ကို ႏႈတ္ဆက္လုိက္ပါ

ကမာၻေပၚမွာ အၾကီးမားဆံုးေသာ credit card လုပ္ငန္းႏွစ္ခုကေတာ့ Visa နဲ႕ MasterCard တို႕ျဖစ္ပါတယ္။ သူတို႕ဟာ cash သယ္စရာမလိုဘဲ လႊဲေျပာင္းမႈေတြလုပ္ေဆာင္ႏုိင္ပါတယ္။ ကၽြန္ေတာ္တို႕ရဲ႕ဘဏ္ေတြနဲ႕လည္း ညွိႏႈိင္းလုပ္ေဆာင္ႏုိ္င္စြမ္းရွိတဲ့သူေတြေပ့ါ။

တကယ္လို႕မ်ား Facebook ကသာ ကိုယ္ပိုင္ဒီဂ်စ္တယ္ေငြေၾကးလုပ္ေဆာင္လိုက္မယ္ဆုိရင္ သံုးစြဲသူအားလံုးက Facebook mobile wallet ထဲမွာ Facebook coin ေတြရွိမယ္ဆိုရင္ credit card လိုအပ္ပါဦးမလား။

အြန္လိုင္းကေန ၀ယ္ေတာ့မယ္ဆိုရင္ Facebook coins နဲ႕ ေပးရံုပါပဲ။ Facebook account နဲ႕ sign-in လုပ္ဖို႕ပဲ လိုအပ္ပါလိမ့္မယ္။ Payment လုပ္ရတာလည္း လြယ္ကူလာပါလိမ့္မယ္။

Starbucks ကေန ေကာ္ဖီတစ္ခြက္၀ယ္ေသာက္မယ္ဆိုရင္ ေကာင္တာမွာဖုန္းေလးျပျပီးေတာ့ Facebook coins နဲ႕ေပးရမယ္ဆိုရင္ Apple Pay or Google Wallet လုိပါေတာ့မလား။ Facebook ဟာ Facebook mobile wallet နဲ႕အတူ ေစ်းကြက္ပရိုမိုးရွင္းဆင္းတဲ့ေနရာမွာ အျခားျပိဳင္ဘက္ေတြထက္ သာလြန္ႏုိင္ပါတယ္။ ဒါေၾကာင့္ ရွိႏွင့္ျပီးသား mobile wallet ေတြနဲ႕ တိုက္ခိုက္ျပီး ေစ်းကြက္ရွယ္ယာကို သိမ္းပိုက္ပါလိမ့္မယ္။

Facebook က လက္ရွိေငြေၾကးေတြနဲ႕ coin ကို လဲလွယ္အသံုးျပဳႏုိင္ေအာင္လုပ္မယ္ဆုိရင္လည္း Facebook mobile wallet ျပင္ပမွာ ဘယ္ေလာက္အထိ လဲလွယ္ႏုိင္မလဲဆိုတာကို ၾကည့္ရဦးမွာပါ။

Facebook coin ကို စစခ်င္း ဘာေၾကာင့္၀ယ္သင့္တာလဲ။

e-commerce ကို ျပဳလုပ္ေပးႏုိင္တဲ့အတြက္ေၾကာင့္ေပါ့။

E-Commerce F.0

Facebook coins ထြက္ရွိလာတဲ့အခ်ိန္မွာ e-commerce ကို အဆင့္တစ္ခုအထိ ျမွင့္တင္ေပးႏုိင္ပါတယ္။

Facebook ဟာ ကိုယ္ပိုင္ app အတြင္းမွာ ပို႕စ္တင္ျပီးေရာင္းခ်ႏုိင္သလို ေငြေပးေခ်မႈေတြလည္း လုပ္ေဆာင္ႏုိင္တဲ့အထိ ေမွ်ာ္မွန္းထားတယ္နဲ႕တူပါတယ္။ 3rd party site ေတြကို သြားစရာမလိုေတာ့ဘူး။ credit card or PayPal account ေတြ ခ်ိတ္စရာမလိုေတာ့ဘူး။ Online shopping ဆိုရင္လည္း Facebook ထဲမွာ လုပ္ေဆာင္ႏုိင္ေတာ့မယ္။ ျမင္လိုက္တယ္။ like လုပ္တယ္။ ၀ယ္မယ္။ အတည္ျပဳမယ္။ Facebook coins ေတြက ၀ယ္သူနဲ႕ ေရာင္းသူအၾကား တုိက္ရိုက္ကူးသန္းေနမွာပါ။

exchange rate မရွိသလို transaction fees လည္း မရွိသေလာက္နည္းပါးမွာပါ။ Social networks, instant messaging နဲ႕ e-commerce ကို တစ္ေပါင္းတည္း ေတြ႕ျမင္ရမွာပါ။ သံုးစြဲသူေတြအေနနဲ႕လည္း two-click transaction ရဲ႕ ျမန္ဆန္သြက္္လက္မႈႈကို ခံစားရေတာ့မွာပါ။ traditional payment gateway ေတြကိုအသံုးျပဳေနတဲ့ e-commerce platform ေတြကလည္း ျပိဳင္ဆုိင္ဖို႕ အားထုတ္ရေတာ့မွာပါ။

အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြက တရုတ္မွာ WeChat wallet ၊ Alipay တို႕အေနနဲ႕ ႏွစ္ေပါင္းမ်ားစြာကတည္းက ရွိေနျပီးသားျဖစ္ပါတယ္။

ကမာၻေပၚမွာ အၾကီးဆံုးေငြေၾကးျဖစ္လာမယ့္ Facebook

Facebook project ကေတာ့ cryptocurrency exchange လုပ္တာေတြ၊ သံုးစြဲသူေတြဆီကို Facebook coin ေရာင္းတာနဲ႕တင္ ျပီးသြားမွာမဟုတ္ပါဘူး။

ကမာၻေပၚမွာအၾကီးမားဆံုးေသာ private currency exchange market ကို ဖန္တီးပါလိမ့္မယ္။

ကမာၻ႕လူဦးေရဟာ လူေပါင္း ၇.၇ဘီလ်ံ ရွိပါတယ္။ တရုတ္ႏုိင္ငံဟာ လူဦးေရထူထပ္ျပီးေတာ့ ၁.၄ဘီလ်ံအထိ ရွိပါတယ္။ WhatsApp တစ္ခုတည္းကိုက ၁.၅ဘီလ်ံသံုးေနၾကပါတယ္။ Facebook Messenger နဲ႕ Instagram ထည့္လိုက္ရင္ ၂.၇ဘီလ်ံဆိုေတာ့ အျခားေငြေၾကးေတြ လိုက္မမီႏုိင္ပါဘူး။ ဒီေလာက္ဆုိ အေျဖကရွင္းေနပါတယ္။

ကမာၻေပၚမွာမျမင္ဖူးခဲ့တဲ့ ႏုိင္ငံျခားေငြေၾကးလဲလွယ္ေစ်းကြက္ကို ေဖာ္ေဆာင္ပါလိမ့္မယ္။ Facebook က အျခားဗဟိုဘဏ္ေတြထက္ကို အလားအလာပိုရွိျပီး ပါ၀ါပိုၾကီးလာႏုိင္ပါတယ္

တစ္ခ်ိန္တည္းမွာပဲ Facebook coins ဟာ သံုုးစြဲသူေတြၾကားမွာ လဲလွယ္မႈပိုမ်ားလာႏုိင္ျပီးေတာ့ Facebook coin ေစ်းကြက္ကလည္း က်ယ္ျပန္႕လာႏုိင္ပါတယ္။ ေနာက္ပိုင္းမွာ စာခ်ဳပ္ေတြ၊ အတိုးႏႈန္းေတြအထိပါ အသံုးျပဳလာႏုိင္မွာပါ။

Facebook ရဲ႕ ေမွာင္ခိုေစ်းကြက္တစ္ခု ျဖစ္လာမွာလား

Facebook ရင္ဆုိင္ေနရတာကေတာ့ digital coin ကို ဘယ္ေလာက္ထိ ထိန္းခ်ဳပ္ႏုိင္မလဲဆိုတဲ့ေမးခြန္းပါပဲ။ cryptocurrency နဲ႕ အလုပ္လုပ္တဲ့အခါမွာ Facebook အေနနဲ႕ ထည့္သြင္းစဥ္းစားရမွာက transaction fees နဲ႕ မသမာသူေတြရဲ႕အသံုးျပဳမႈကို ဘယ္လိုတားဆီးရမလဲဆိုတာပါပဲ။

Facebook ရင္ဆုိင္ေနရတာေနာက္တစ္ခုလည္း ရွိပါေသးတယ္။ မၾကာေသးခင္က သံုးစြဲသူရဲ႕အခ်က္အလက္ေတြကို ေပါက္ၾကားေစမႈနဲ႕ အဆင္မေျပျဖစ္ေနတာပါ။ ဒါဟာ Telegram ၊ Signal တို႕လိုမ်ိဳးလုပ္ငန္းေတြကိုလည္း ရိုတ္ခက္ေစႏုိင္ပါတယ္။ ဒါဟာ ေနာက္ထပ္အေမွာင္ေစ်းကြက္တစ္ခုမ်ားလား။ Bitcoin ဆိုရင္လည္း မူးယစ္ေဆးေတြ၀ယ္ဖို႕အတြက္ သံုုးစြဲခဲ့တဲ့ေငြေၾကးတစ္ခုျဖစ္ေၾကာင္း သက္ေသသာဓကေတြက ညႊန္ျပေနပါတယ္။

Facebook coins ဟာ ဒီႏွစ္၀က္ေလာက္မွာ ေပၚထြက္လာႏုိင္တယ္လို႕ မွတ္ခ်က္ျပဳထားပါတယ္။ သိခ်င္ေနတာေတြကို မၾကာခင္မွာ သိရေတာ့မွာပါ။

ကၽြန္ေတာ့အျမင္ကိုေျပာရမယ္ဆုိရင္ေတာ့ျဖင့္ cryptocurrencies ေတြဟာ အၾကီးအက်ယ္ရိုက္ခတ္ပါလိမ့္မယ္။ Investment bank JPMorgan ကလည္း ကိုယ္ပိုင္ digital coin လုပ္ေနပါတယ္။ ဒါေပမယ့္လည္း institutional payments market အတြက္ပါပဲ။ ဒီေတာ့ ေစာင့္ၾကည့္ရမွာ ကၽြန္ေတာ္တို႕အလုပ္ပါပဲ။

Unicode Version

Facebook က သူ့ရဲ့ကိုယ်ပိုင်ဒီဂျစ်တယ်ငွေကြေးကို လုပ်ဆောင်နေပြီးတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဘဏ်တစ်ခုဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်။
“Facebook ဟာ နိုင်ငံခြားငွေကြေးမျိုးစုံရှိနေတဲ့ဈေးကွက်ထဲမှာသူ့ရဲ့ coin ကို နေရာတစ်ခုရအောင် ကြည့်နေပြီးတော့ Facebook ဘဏ်အကောင့်ထဲမှာ ထည့်သုံးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ” ဟုတ်ပါတယ်။ Bitcoin ကျရှုံးသွားခဲ့တဲ့လုပ်ရပ်ကို Facebook က ကြိုးစားနိုင်လိမ့်လို့ ယုံကြည်နေကြတာပါ။
The New York Times (NYT) ရဲ့တင်ပြချက်အရ Facebook ဟာ သူ့ရဲ့ကိုယ်ပိုင် cryptocurrency ကို ဖန်တီးနေပါပြီ။ သူ့ရဲ့ကိုယ်ပိုင် app တစ်ခုဖြစ်တဲ့ WhatsApp ထဲမှာ သုံးစွဲသူအချင်းချင်း လွှဲပြောင်းမှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Facebook ရဲ့ လှုပ်ရှားမှုကတော့ Telegram နဲ့ Signal တို့လို လုပ်ငန်းတွေကို ခြိမ်းခြောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ Facebook ရဲ့ လျှို့ဝှက်လုပ်ဆောင်နေမှုဟာ Telegram ရဲ့ cryptocurrency project ကနေ မျက်စိကျစရာဒေါ်လာ၁.၇ဘီလျံရရှိကတည်းက ဖြစ်တယ်လို့ NYT က ပြောဆိုထားပါတယ်။
Messenger ၊ WhatsApp ၊ Instagram ကြားမှာ သုံးစွဲသူပေါင်းက ၂.၇ဘီလျံရှိပါတယ်။ တကယ်လို့များ Facebook က သူ့ရဲ့ဒီဂျစ်တယ်ငွေကြေးကို လုပ်ဆောင်မယ်လို့ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဗဟိုဘဏ်ဖြစ်လာပါလိမ့်မယ်။ နိုင်ငံခြားငွေကြေးတွေကို ထိန်းချုပ်နိုင်တဲ့ ဗဟိုဘဏ်ပေါ့။
ဒါဟာ ကမ္ဘာ့စီးပွားရေးသမိုင်းကြောင်းကို အရှိန်အဟုန်နဲ့ရိုက်ခတ်သွားစေနိုင်တဲ့အပြင် လက်ရှိငွေကြေးလုပ်ငန်းမှာ ကြီးစိုးနေသူတွေကိုလည်း ခြိမ်းခြောက်မှု ဖြစ်သွားစေနိုင်ပါတယ်။
Visa နဲ့ MasterCard တို့ကို နှုတ်ဆက်လိုက်ပါ
ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော credit card လုပ်ငန်းနှစ်ခုကတော့ Visa နဲ့ MasterCard တို့ဖြစ်ပါတယ်။ သူတို့ဟာ cash သယ်စရာမလိုဘဲ လွှဲပြောင်းမှုတွေလုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဏ်တွေနဲ့လည်း ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်းရှိတဲ့သူတွေပေ့ါ။
တကယ်လို့များ Facebook ကသာ ကိုယ်ပိုင်ဒီဂျစ်တယ်ငွေကြေးလုပ်ဆောင်လိုက်မယ်ဆိုရင် သုံးစွဲသူအားလုံးက Facebook mobile wallet ထဲမှာ Facebook coin တွေရှိမယ်ဆိုရင် credit card လိုအပ်ပါဦးမလား။
အွန်လိုင်းကနေ ဝယ်တော့မယ်ဆိုရင် Facebook coins နဲ့ ပေးရုံပါပဲ။ Facebook account နဲ့ sign-in လုပ်ဖို့ပဲ လိုအပ်ပါလိမ့်မယ်။ Payment လုပ်ရတာလည်း လွယ်ကူလာပါလိမ့်မယ်။
Starbucks ကနေ ကော်ဖီတစ်ခွက်ဝယ်သောက်မယ်ဆိုရင် ကောင်တာမှာဖုန်းလေးပြပြီးတော့ Facebook coins နဲ့ပေးရမယ်ဆိုရင် Apple Pay or Google Wallet လိုပါတော့မလား။ Facebook ဟာ Facebook mobile wallet နဲ့အတူ ဈေးကွက်ပရိုမိုးရှင်းဆင်းတဲ့နေရာမှာ အခြားပြိုင်ဘက်တွေထက် သာလွန်နိုင်ပါတယ်။ ဒါကြောင့် ရှိနှင့်ပြီးသား mobile wallet တွေနဲ့ တိုက်ခိုက်ပြီး ဈေးကွက်ရှယ်ယာကို သိမ်းပိုက်ပါလိမ့်မယ်။
Facebook က လက်ရှိငွေကြေးတွေနဲ့ coin ကို လဲလှယ်အသုံးပြုနိုင်အောင်လုပ်မယ်ဆိုရင်လည်း Facebook mobile wallet ပြင်ပမှာ ဘယ်လောက်အထိ လဲလှယ်နိုင်မလဲဆိုတာကို ကြည့်ရဦးမှာပါ။
Facebook coin ကို စစချင်း ဘာကြောင့်ဝယ်သင့်တာလဲ။
e-commerce ကို ပြုလုပ်ပေးနိုင်တဲ့အတွက်ကြောင့်ပေါ့။
E-Commerce F.0
Facebook coins ထွက်ရှိလာတဲ့အချိန်မှာ e-commerce ကို အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်ပါတယ်။
Facebook ဟာ ကိုယ်ပိုင် app အတွင်းမှာ ပို့စ်တင်ပြီးရောင်းချနိုင်သလို ငွေပေးချေမှုတွေလည်း လုပ်ဆောင်နိုင်တဲ့အထိ မျှော်မှန်းထားတယ်နဲ့တူပါတယ်။ 3rd party site တွေကို သွားစရာမလိုတော့ဘူး။ credit card or PayPal account တွေ ချိတ်စရာမလိုတော့ဘူး။ Online shopping ဆိုရင်လည်း Facebook ထဲမှာ လုပ်ဆောင်နိုင်တော့မယ်။ မြင်လိုက်တယ်။ like လုပ်တယ်။ ဝယ်မယ်။ အတည်ပြုမယ်။ Facebook coins တွေက ဝယ်သူနဲ့ ရောင်းသူအကြား တိုက်ရိုက်ကူးသန်းနေမှာပါ။
exchange rate မရှိသလို transaction fees လည်း မရှိသလောက်နည်းပါးမှာပါ။ Social networks, instant messaging နဲ့ e-commerce ကို တစ်ပေါင်းတည်း တွေ့မြင်ရမှာပါ။ သုံးစွဲသူတွေအနေနဲ့လည်း two-click transaction ရဲ့ မြန်ဆန်သွက်လက်မှုှုကို ခံစားရတော့မှာပါ။ traditional payment gateway တွေကိုအသုံးပြုနေတဲ့ e-commerce platform တွေကလည်း ပြိုင်ဆိုင်ဖို့ အားထုတ်ရတော့မှာပါ။
အပေါ်မှာပြောခဲ့တဲ့အချက်တွေက တရုတ်မှာ WeChat wallet ၊ Alipay တို့အနေနဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေပြီးသားဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံးငွေကြေးဖြစ်လာမယ့် Facebook
Facebook project ကတော့ cryptocurrency exchange လုပ်တာတွေ၊ သုံးစွဲသူတွေဆီကို Facebook coin ရောင်းတာနဲ့တင် ပြီးသွားမှာမဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာအကြီးမားဆုံးသော private currency exchange market ကို ဖန်တီးပါလိမ့်မယ်။
ကမ္ဘာ့လူဦးရေဟာ လူပေါင်း ၇.၇ဘီလျံ ရှိပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေထူထပ်ပြီးတော့ ၁.၄ဘီလျံအထိ ရှိပါတယ်။ WhatsApp တစ်ခုတည်းကိုက ၁.၅ဘီလျံသုံးနေကြပါတယ်။ Facebook Messenger နဲ့ Instagram ထည့်လိုက်ရင် ၂.၇ဘီလျံဆိုတော့ အခြားငွေကြေးတွေ လိုက်မမီနိုင်ပါဘူး။ ဒီလောက်ဆို အဖြေကရှင်းနေပါတယ်။
ကမ္ဘာပေါ်မှာမမြင်ဖူးခဲ့တဲ့ နိုင်ငံခြားငွေကြေးလဲလှယ်ဈေးကွက်ကို ဖော်ဆောင်ပါလိမ့်မယ်။ Facebook က အခြားဗဟိုဘဏ်တွေထက်ကို အလားအလာပိုရှိပြီး ပါဝါပိုကြီးလာနိုင်ပါတယ်
တစ်ချိန်တည်းမှာပဲ Facebook coins ဟာ သုံးစွဲသူတွေကြားမှာ လဲလှယ်မှုပိုများလာနိုင်ပြီးတော့ Facebook coin ဈေးကွက်ကလည်း ကျယ်ပြန့်လာနိုင်ပါတယ်။ နောက်ပိုင်းမှာ စာချုပ်တွေ၊ အတိုးနှုန်းတွေအထိပါ အသုံးပြုလာနိုင်မှာပါ။
Facebook ရဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာမှာလား
Facebook ရင်ဆိုင်နေရတာကတော့ digital coin ကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်မလဲဆိုတဲ့မေးခွန်းပါပဲ။ cryptocurrency နဲ့ အလုပ်လုပ်တဲ့အခါမှာ Facebook အနေနဲ့ ထည့်သွင်းစဉ်းစားရမှာက transaction fees နဲ့ မသမာသူတွေရဲ့အသုံးပြုမှုကို ဘယ်လိုတားဆီးရမလဲဆိုတာပါပဲ။
Facebook ရင်ဆိုင်နေရတာနောက်တစ်ခုလည်း ရှိပါသေးတယ်။ မကြာသေးခင်က သုံးစွဲသူရဲ့အချက်အလက်တွေကို ပေါက်ကြားစေမှုနဲ့ အဆင်မပြေဖြစ်နေတာပါ။ ဒါဟာ Telegram ၊ Signal တို့လိုမျိုးလုပ်ငန်းတွေကိုလည်း ရိုတ်ခက်စေနိုင်ပါတယ်။ ဒါဟာ နောက်ထပ်အမှောင်ဈေးကွက်တစ်ခုများလား။ Bitcoin ဆိုရင်လည်း မူးယစ်ဆေးတွေဝယ်ဖို့အတွက် သုံးစွဲခဲ့တဲ့ငွေကြေးတစ်ခုဖြစ်ကြောင်း သက်သေသာဓကတွေက ညွှန်ပြနေပါတယ်။
Facebook coins ဟာ ဒီနှစ်ဝက်လောက်မှာ ပေါ်ထွက်လာနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ သိချင်နေတာတွေကို မကြာခင်မှာ သိရတော့မှာပါ။
ကျွန်တော့အမြင်ကိုပြောရမယ်ဆိုရင်တော့ဖြင့် cryptocurrencies တွေဟာ အကြီးအကျယ်ရိုက်ခတ်ပါလိမ့်မယ်။ Investment bank JPMorgan ကလည်း ကိုယ်ပိုင် digital coin လုပ်နေပါတယ်။ ဒါပေမယ့်လည်း institutional payments market အတွက်ပါပဲ။ ဒီတော့ စောင့်ကြည့်ရမှာ ကျွန်တော်တို့အလုပ်ပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.