Smartphone Trending





unicode

AnTuTu မှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖုန်း ဖြစ်သွားတဲ့ Xiaomi Mi 9

AnTuTu က လတိုင်း စွမ်းဆောင်ရည် အမြင့်မားဆုံး စမတ်ဖုန်း စာရင်းကို ထုတ်ပြန်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့လက Nubia Red Magic Mars ဟာ သရဖူ ဆောင်းခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ သရဖူကို ရှောင်မီရဲ့ Mi 9 က လုယူသွားပါပြီ။ ဒါဟာ Snapdragon 855 ကြောင့် ဖြစ်ပါတယ်။ ဒုတိယ နေရာမှာ 855 ပဲ ထည့်ထားတဲ့ Lenovo Z5 Pro GT က ရပ်တည်နေပါတယ်။

Nubia Red Magic Mars က တတိယနေရာကို ရောက်သွားပါတယ်။ သူ့ရဲ့ အနောက်မှာ Huawei Mate 20 , V20 , Mate 20 X , Honor Magic 2 တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ သူတို့ရဲ့ နောက်မှာ ဂိမ်းဖုန်းများ ဖြစ်တဲ့ Asus ROG Phone နဲ့ Xiaomi Black Shark Helo တို့ ရှိနေပါတယ်။ Xiaomi Mi 8 Transparent Edition က ဒဿမ နေရာကို ရထားပါတယ်။

AnTuTu က Galaxy S10 Series နဲ့ Sony Xperia 1 တို့လို ဖုန်းများကိုတော့ မစမ်းသပ်ရသေးပါဘူး။ အဲဒီ ဖုန်းတွေက Mi 9 ကို ကျော်တက်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.