Smartphone Trending

32MP Selfie ကင္မရာနဲ႕ Huawei Nova 4e

Zawgyi Version

အရင္ထြက္ရွိခဲ့တဲ့ဖုန္းေတြ ေအာင္ျမင္မႈရရွိျပီးေနာက္မွာေတာ့ Huawei က တရုတ္ႏုိင္ငံမွာ Nova 4 စမတ္ဖုန္းအသစ္ကို မိတ္ဆက္ေပးလုိက္ပါတယ္။ Nova 4e လို႕အမည္ေပးထားတဲ့စမတ္ဖုန္းေလးမွာ ေရစက္ပံုစံ notch ပါမွာျဖစ္ပါတယ္။ Nova 4 မွာေတာ့ အေပါက္ပံုစံ notch ကို ထည့္ေပးထားတာပါ။ ဒါေၾကာင့္ Huawei Nova 4 ရဲ႕ ေစ်းသက္သာတဲ့ဗားရွင္းလို႕ ဆိုႏုိင္ပါတယ္။

ေမွ်ာ္လင့္ထားလုိ႕ရႏုိင္တဲ့ အခ်က္အလက္ေတြကေတာ့

32MP selfie shooter ပါ၀င္မယ့္ Nova 4e ရဲ႕ ဗြီဒီယိုအတိုေလးကို တင္ခဲ့တာျဖစ္ပါတယ္။ ပါ၀င္မယ့္အခ်က္အလက္ေတြက မသိရေသးေပမယ့္လည္း ခန္႕မွန္းၾကည့္ရေအာင္။ Huawei Nova 4 နဲ႕ အရြယ္အတူတူေလာက္ဆိုေတာ့ ၆.၄လက္မ LCD display ၊ 2310 x 1080 px resolution ၊ pixel density of 398 ppi ျဖစ္ပါလိမ့္မယ္။ Nova 4e ဟာ သူတုိ႕ရဲ႕ကိုယ္ပို္င္ 10 nm Kirin 970 chipset ကိုသံုးထားပါလိမ့္မယ္။ ဒီေကာင္ေလးကေတာ့ Huawei P20 Pro မွာ သံုးခဲ့ဖူးပါတယ္။ Octa-core Cortex CPU နဲ႕ Mali-G72 MP12 GPU ကို ေပါင္းစပ္ေပးထားပါလိမ့္မယ္။

Huawei Nova 4e ကေတာ့ အေနာက္ကင္မရာသံုးလံုးကို Nova 4 အတုိင္း တပ္ဆင္ေပးထားပါလိ္မ့္မယ္။20 MP (f/1.8) primary sensor ၊  16 MP (f/2.2) wide angle sensor ၊ 2 MP (f/2.4) depth sensor တို႕ကို အခ်ိဳးညီညီသံုးေပးထားမွာပါ။ ကင္မရာမွာလည္း LED flash, HDR နဲ႕ panorama mode တို႕လိုအရာေတြကို ခံစားအသံုးျပဳႏုိင္မွာျဖစ္ျပီးေတာ့ 4K video ေတြကို 30 fps နဲ႕ ရိုက္ကူးႏုိင္မွာပါ။ အေပၚမွာေျပာခဲ့သလိုပဲ 32 MP front camera ပါ၀င္ပါတယ္။ မမ္မိုရီအရ RAM 8 GB ၊ internal storage 128 GB ျဖစ္ပါတယ္။ fingerprint sensor ကို အေနာက္ဘက္မွာတပ္ဆင္ေပးထားျပီး USB Type-C port နဲ႕ အသံုးျပဳရမွာျဖစ္ပါတယ္။

Feature နဲ႕ ရရွိႏုိင္မယ့္ေနရာမ်ား

Huawei Nova 4e က 3,750 mAh နဲ႕အတူ အားအျမန္သြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။ Android 9.0 ကို အေျခခံထားတဲ့ EMUI ကို သံုးေပးထားမွာပါ။ Nova 4e ကို အိႏၵိယမွာ ျဖန္႕မလားဆိုတာေတာင္ မသိရေသးပါဘူး။ Nova 4 ေတာင္ မျဖန္႕ေသးဘူးဆိုေတာ့ စဥ္းစားစရာပါပဲ။

Unicode Version

အရင်ထွက်ရှိခဲ့တဲ့ဖုန်းတွေ အောင်မြင်မှုရရှိပြီးနောက်မှာတော့ Huawei က တရုတ်နိုင်ငံမှာ Nova 4 စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ Nova 4e လို့အမည်ပေးထားတဲ့စမတ်ဖုန်းလေးမှာ ရေစက်ပုံစံ notch ပါမှာဖြစ်ပါတယ်။ Nova 4 မှာတော့ အပေါက်ပုံစံ notch ကို ထည့်ပေးထားတာပါ။ ဒါကြောင့် Huawei Nova 4 ရဲ့ ဈေးသက်သာတဲ့ဗားရှင်းလို့ ဆိုနိုင်ပါတယ်။


မျှော်လင့်ထားလို့ရနိုင်တဲ့ အချက်အလက်တွေကတော့
32MP selfie shooter ပါဝင်မယ့် Nova 4e ရဲ့ ဗွီဒီယိုအတိုလေးကို တင်ခဲ့တာဖြစ်ပါတယ်။ ပါဝင်မယ့်အချက်အလက်တွေက မသိရသေးပေမယ့်လည်း ခန့်မှန်းကြည့်ရအောင်။ Huawei Nova 4 နဲ့ အရွယ်အတူတူလောက်ဆိုတော့ ၆.၄လက်မ LCD display ၊ 2310 x 1080 px resolution ၊ pixel density of 398 ppi ဖြစ်ပါလိမ့်မယ်။ Nova 4e ဟာ သူတို့ရဲ့ကိုယ်ပိုင် 10 nm Kirin 970 chipset ကိုသုံးထားပါလိမ့်မယ်။ ဒီကောင်လေးကတော့ Huawei P20 Pro မှာ သုံးခဲ့ဖူးပါတယ်။ Octa-core Cortex CPU နဲ့ Mali-G72 MP12 GPU ကို ပေါင်းစပ်ပေးထားပါလိမ့်မယ်။


Huawei Nova 4e ကတော့ အနောက်ကင်မရာသုံးလုံးကို Nova 4 အတိုင်း တပ်ဆင်ပေးထားပါလိမ့်မယ်။20 MP (f/1.8) primary sensor ၊ 16 MP (f/2.2) wide angle sensor ၊ 2 MP (f/2.4) depth sensor တို့ကို အချိုးညီညီသုံးပေးထားမှာပါ။ ကင်မရာမှာလည်း LED flash, HDR နဲ့ panorama mode တို့လိုအရာတွေကို ခံစားအသုံးပြုနိုင်မှာဖြစ်ပြီးတော့ 4K video တွေကို 30 fps နဲ့ ရိုက်ကူးနိုင်မှာပါ။ အပေါ်မှာပြောခဲ့သလိုပဲ 32 MP front camera ပါဝင်ပါတယ်။ မမ်မိုရီအရ RAM 8 GB ၊ internal storage 128 GB ဖြစ်ပါတယ်။ fingerprint sensor ကို အနောက်ဘက်မှာတပ်ဆင်ပေးထားပြီး USB Type-C port နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။
Feature နဲ့ ရရှိနိုင်မယ့်နေရာများ


Huawei Nova 4e က 3,750 mAh နဲ့အတူ အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Android 9.0 ကို အခြေခံထားတဲ့ EMUI ကို သုံးပေးထားမှာပါ။ Nova 4e ကို အိန္ဒိယမှာ ဖြန့်မလားဆိုတာတောင် မသိရသေးပါဘူး။ Nova 4 တောင် မဖြန့်သေးဘူးဆိုတော့ စဉ်းစားစရာပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.