Posted on Leave a comment

ေရေအာက္ထဲမွာေတာင္ သံုးႏိုင္မယ့္ iPhone 11 ရဲ႕ Display

XDA Developer ရဲ႕ Max Weinbach က ဒီႏွစ္မွာ ေၾကညာမယ့္ iPhone 11 ရဲ႕ မ်က္ႏွာျပင္ဟာ ေရေအာက္ထဲမွာေတာင္ ထိေတြ႕ အသံုးျပဳႏုိင္မယ္လို႔ ေျပာပါတယ္။ စမတ္ဖုန္းမ်ားမွာ ေရစိုခံ စြမ္းရည္ ပါၾကေပမယ့္ မ်က္ႏွာျပင္ ေရစိုေနရင္ ထိေတြ႕ အသံုးျပဳလို႔ မရၾကပါဘူး။ Apple က ဒါကို ေတာ္လွန္ဆန္းသစ္ေတာ့မွာပါ။

iPhone 11 ကို ေၾကညာဖို႔ လေပါင္းမ်ားစြာ လိုေသးေပမယ့္ သူတို႔ရဲ႕ သတင္းမ်ား အခုကတည္းက စတင္ ထြက္ေပၚလာပါၿပီ။ CompareRaja က iPhone 11 မွာ 10MP TrueDepth Camera ပါလာမယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ iPhone XS, XR တို႔ရဲ႕ 7MP Camera ထက္ ပိုေကာင္းလာမွာ ျဖစ္ပါတယ္။ ပိုေကာင္းတဲ့ Selfie Photos , Face ID, Animoji မ်ားကို ဖန္တီးလာႏိုင္မွာ ျဖစ္ပါတယ္။

iPhone 11 မွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမွာ ျဖစ္ၿပီး ႏွစ္္လံုးမွာ 14MP နဲ႔ 10MP မ်ား ျဖစ္ပါတယ္။ တတိယတစ္လံုးရဲ႕ Resolution ကို မသိရေသးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ႔ MP Size တူေအာင္ ဖန္တီးေလ့ ရွိပါတယ္။ အဲဒီအတြက္ တတိယ တစ္လံုးဟာ 14MP ျဖစ္ႏိုင္ပါတယ္။

Apple ဟာ iPad Pro 11 နဲ႔ iPad Pro 12.9 မ်ားမွာ USB-C ကို ေျပာင္းလဲ အသံုးျပဳထားေပမယ့္ iPhone 11 မွာေတာ့ Lightning Port ကိုသာ အသံုးျပဳထားမယ္လို႔ သတင္းထြက္လာပါတယ္။ အေစာပိုင္းက iPhone 11 မွာ USB-C ထည့္သြင္းထားမယ္လို႔ ခန္႔မွန္းထားၾကေပမယ့္ CompareRaja က ခိုင္မာတဲ့ သတင္းအရင္းအျမစ္ကေန ဒီသတင္းကို ရရွိတာလို႔ ေျပာပါတယ္။

Apple ဟာ ဒီႏွစ္ထဲမွာ အိုင္ဖုန္း အသစ္သံုးလံုးကို ေၾကညာမယ္လို႔ ထင္ရပါတယ္။ စက္တင္ဘာလမွာ ျမင္ရႏိုင္ပါတယ္။ Apple ရဲ႕ 2019 iPhone ေတြမွာ 2018 iPhone ေတြနဲ႕တူေနတဲ့သြင္ျပင္ေတြရွိပါလိမ့္မယ္။ OLED ဖုန္းႏွစ္လံုးကို အရြယ္အစားကြဲျပားျပီးထုတ္ေပးလိမ္မယ့္။ တစ္လံုးကေတာ့ တန္ဖိုးနည္း LCD ပါ။

unicode

ရေအောက်ထဲမှာတောင် သုံးနိုင်မယ့် iPhone 11 ရဲ့ Display

XDA Developer ရဲ့ Max Weinbach က ဒီနှစ်မှာ ကြေညာမယ့် iPhone 11 ရဲ့ မျက်နှာပြင်ဟာ ရေအောက်ထဲမှာတောင် ထိတွေ့ အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။ စမတ်ဖုန်းများမှာ ရေစိုခံ စွမ်းရည် ပါကြပေမယ့် မျက်နှာပြင် ရေစိုနေရင် ထိတွေ့ အသုံးပြုလို့ မရကြပါဘူး။ Apple က ဒါကို တော်လှန်ဆန်းသစ်တော့မှာပါ။

iPhone 11 ကို ကြေညာဖို့ လပေါင်းများစွာ လိုသေးပေမယ့် သူတို့ရဲ့ သတင်းများ အခုကတည်းက စတင် ထွက်ပေါ်လာပါပြီ။ CompareRaja က iPhone 11 မှာ 10MP TrueDepth Camera ပါလာမယ်လို့ ပြောပါတယ်။ အဲဒီအတွက် iPhone XS, XR တို့ရဲ့ 7MP Camera ထက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ Selfie Photos , Face ID, Animoji များကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမှာ ဖြစ်ပြီး နှစ်လုံးမှာ 14MP နဲ့ 10MP များ ဖြစ်ပါတယ်။ တတိယတစ်လုံးရဲ့ Resolution ကို မသိရသေးပါဘူး။ Apple က Telephoto Lens ကို Standard Lens နဲ့ MP Size တူအောင် ဖန်တီးလေ့ ရှိပါတယ်။ အဲဒီအတွက် တတိယ တစ်လုံးဟာ 14MP ဖြစ်နိုင်ပါတယ်။

Apple ဟာ iPad Pro 11 နဲ့ iPad Pro 12.9 များမှာ USB-C ကို ပြောင်းလဲ အသုံးပြုထားပေမယ့် iPhone 11 မှာတော့ Lightning Port ကိုသာ အသုံးပြုထားမယ်လို့ သတင်းထွက်လာပါတယ်။ အစောပိုင်းက iPhone 11 မှာ USB-C ထည့်သွင်းထားမယ်လို့ ခန့်မှန်းထားကြပေမယ့် CompareRaja က ခိုင်မာတဲ့ သတင်းအရင်းအမြစ်ကနေ ဒီသတင်းကို ရရှိတာလို့ ပြောပါတယ်။

Apple ဟာ ဒီနှစ်ထဲမှာ အိုင်ဖုန်း အသစ်သုံးလုံးကို ကြေညာမယ်လို့ ထင်ရပါတယ်။ စက်တင်ဘာလမှာ မြင်ရနိုင်ပါတယ်။ Apple ရဲ့ 2019 iPhone တွေမှာ 2018 iPhone တွေနဲ့တူနေတဲ့သွင်ပြင်တွေရှိပါလိမ့်မယ်။ OLED ဖုန်းနှစ်လုံးကို အရွယ်အစားကွဲပြားပြီးထုတ်ပေးလိမ်မယ့်။ တစ်လုံးကတော့ တန်ဖိုးနည်း LCD ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.