Smartphone Trending

မျှော်လင့်စောင့်စားရမယ့် Huawei slider phone patent

Zawgyi Version






Unicode Version

sub-brand Honor အနေနဲ့ သမားရိုးကျဒီဇိုင်းတွေကိုသာ ထုတ်လုပ်နေခဲ့ပေမယ့်လည်း Huawei ကတော့ သူ့ရဲ့စမတ်ဖုန်းတွေကို ပိုမိုကောင်းမွန်တဲ့ဒီဇိုင်းတွေဖြစ်အောင် ကြိုးစားနေတာကို P နဲ့ Mate series တွေမှာ တွေ့မြင်နိုင်ပါတယ်။ မနှစ်က Huawei Mate 20 မှာလည်း လေးထောင့်ကင်မရာ၊ အဟိုက်တွေနဲ့ ပြောင်းလဲပြသခဲ့ပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ patent လေးမှာတော့ အရှေ့ကင်မရာနှစ်လုံးကို ဘောင်တွေရဲ့အောက်မှာ ဖျောက်ထားဖို့အတွက် slider system လေးကို စဉ်းစားနေကြောင်း သိလိုက်ရပါတယ်။
မျက်နှာပြင်နားမှာ ဘောင်တွေမရှိအောင်ဖျောက်နေကြတဲ့အတွက်ကြောင့် slider လေးတွေလည်း တစ်ကျော့ပြန်ခေတ်ထလာခဲ့ပါပြီ။ T9 key တွေကိုမြင်ရအောင် လျှောဖွင့်မှာထက် ကင်မရာပေါ်အောင်လောက်သာ လျှောမှာဖြစ်ပါတယ်။ မီလီမီတာအနည်းငယ်လောက်ပါပဲ။


Huawei ရဲ့ patentကတော့ Honor Magic 2 မှာ မြင်ခဲ့ရတာနဲ့ သိပ်တော့မခြားနားပါဘူး။ render တွေအရဆိုရင်တော့ အရှေ့ကင်မရာနှစ်လုံးကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် IR ၊ ToF တို့ကိုလည်း နေရာပေးလာနိုင်တဲ့အနေအထားဖြစ်ပါတယ်။
ကင်မရာနှစ်လုံးတည်းဆိုတော့ ဒါဟာ P series phone မဖြစ်နိုင်ပါဘူး။ လက်ဗွေစနစ်လည်းမပါတဲ့အတွေကြောင့် အောက်မှာမြှုပ်ထားမလား၊ power button အောက်မှာထားမလား မသိရသေးပါဘူး။
ဒီဇိုင်းမှာ အကျိုးကျေးဇူးတွေရှိသလို အကြမ်းလည်းခံတယ်ဆိုပေမယ့်လည်း သုံးစွဲသူအချို့အတွက် ကြိုက်ချင်မှကြိုက်မှာပါ။ ဒီနေ့ခေတ်လိုမျိုးမှာ ရေစိုခံမဟုတ်ရင် မကြိုက်ချင်ကြတော့ဘူးမလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.