Posted on Leave a comment

pop-up selfie camera နဲ့ထွက်ရှိလာတဲ့ OnePlus 7

Zawgyi Version





Unicode Version

အနောက်ဘက်မှာ ကင်မရာသုံးလုံးကို ထည့်ပေးထားပါတယ်။
ဘောင်တွေနည်းသွားဖို့အတွက် OnePlus က ဖန်တီးထားပါတယ်။ OnePlus 7 ဟာ မျက်နှာပြင်ပြည့် ၆.၅လက်မ ဒီဇိုင်းနဲ့ notch ကိုလည်းဖျောက်ထားမယ်လို့ တွက်ဆထားကြပါတယ်။ အံ့သြစရာတော့မကောင်းပါဘူး။ OnePlus က Oppo Find X လိုမျိုး လုပ်ဆောင်ထားပါတယ်။
ထွက်ရှိလာတဲ့ဓါတ်ပုံတွေအရ အနောက်ဘက်ကင်မရာသုံးလုံးဖြစ်ပြီးတော့ နားကြပ်ပေါက်လည်း ဖြုတ်ထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်မှာမဟုတ်ပါဘူး။ Snapdragon 855 chip ပါဝင်မှာဖြစ်ပေမယ့်လည်း 5G phone ဖြစ်ဖို့ကတော့ စောင့်ဆိုင်းရဦးမှာပါ။
သမိုင်းကြောင်းအရ OnePlus 7 ကို မေ၊ ဂျွန်လောက်မှာ တွေ့ရနိုင်ပါတယ်။ ကုန်ကျစရိတ်ကိုလည်း သိခွင့်မရသေးပါဘူး။ OnePlus တွေက ဈေးသက်သာတတ်တယ်ဆိုတော့ စောင့်ကြည့်ရမယ့်အထဲမှာ ပါဝင်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.