Posted on Leave a comment
unicode
Pop-up Camera ပါတဲ့ Vivo V15 ကို ကြေညာပြီ
Vivo က Pop-up Camera ပါတဲ့နောက်ထပ် ဖုန်း တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူက Vivo V15 ဖြစ်ပါတယ်။ သူဟာ စွမ်းရည်မြင့် ဖုန်းတော့ မဟုတ်ပါဘူး။ သူ့မှာ Helio P70 Chipset , 6GB RAM များ ထည့်သွင်းထားပါတယ်။ Vivo V15 Pro မှာတော့ Qualcomm Snapdragon 675 Chipset ထည့်သွင်းထားတာပါ။
Vivo V15 မှာ ပရိုရဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ အစား သမားရိုးကျ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 12-Megapixel Primary Sensor , 8-Megapixel Secondary Sensor , 5-Megapixel Tertiary Sensor များ ဖြစ်ကြပါတယ်။ HDR, Face Beauty, Timelapse, Panorama, Bokeh Mode, AI Body Shaping, Palm Capture တို့လို ကင်မရာ လုပ်ဆောင်ချက်များ ပါပါတယ်။ Pro Version ရဲ့ 32MP Pop-up Camera ကို အသုံးပြုထားပါတယ်။
သူ့မှာ ၆.၅၃ လက်မ LCD Full HD+ Display ကို သုံးထားပြီး မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။128GB Storage ထည့်ထားတဲ့ အပြင် 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ သူ့မှာ Android Pie အခြေပြု Funtouch 9 OS ထည့်ထားပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ်ပါတဲ့ 4000mAh Battery ထည့်ထားပါတယ်။
Topaz Blue နဲ့ Glamour Red အရောင်များကို Gradient အဖြစ် ထုတ်လုပ်ထားပါတယ်။ ထိုင်းမှာရောင်းမယ့် ဈေးကတော့ ဘတ် ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၃၄၅ ဒေါ်လာလောက် တန်ကြေးရှိပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.