Smartphone Trending

DisplayMate ရဲ႕ အျမင့္ဆံုး A+ grade ရသြားတဲ့ Samsung Galaxy S10

Zawgyi Version

Samsung ဖုန္းေတြဟာ အဆင့္အတန္းျမင့္မားတဲ့ display ေတြနဲ႕ ေက်ာ္ၾကားတာ အားလံုးအသိပါပဲ။ Galaxy S10 ဟာလည္း ဒီအတုိင္းပါပဲ။ DisplayMate ဆိုတာကေတာ့ Display ေတြကို အကဲျဖတ္ေပးတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္ျပီး Galaxy S10 ကို အျမင့္ဆံုး A+ grade ေပးအပ္လုိက္ပါျပီ။

အဲဒီဆုကို ေအာက္တုိဘာလတုန္းက Pixel 3 XL ကို ေပးခဲ့ဖူးပါတယ္။ ဒါေပမယ့္္လည္း Galaxy S10 ကေတာ့ အရင္တုန္းက Galaxy S9 ၊ Galaxy Note 9 ေတြကို စံခ်ိန္ခ်ိဳးျပီးေတာ့ အျမင့္ဆံုး benchmark ကို ရခဲ့တာပါ။

DisplayMate မွ Dr. Raymond M. Soneira ရဲ႕ ေျပာၾကားခ်က္အရ Galaxy S10 ဟာ color accuracy ၊ image contrast accuracy ပိုင္းမွာ စံခ်ိန္အသစ္ကို တင္ႏုိင္ခဲ့ျပီးေတာ့ ဖုန္းတုိင္းရဲ႕ peak display brightness ၊ native color gamut ၊ screen reflectance စတဲ့ေနရာေတြမွာလည္း ရမွတ္ေတြအသာစီးရထားေၾကာင္း သိရပါတယ္။

S10 ရဲ႕ display ဟာ HDR10+ အထိ support ေပးထားပါတယ္။ 4K HDR content ေတြျဖစ္တဲ့ Netflix ရဲ႕  HDR10 ရွိဳးနဲ႕ဇာတ္ကားေတြကိုၾကည့္ႏိုင္လိမ့္မယ္လို႕ ဆမ္ေဆာင္းက ေျပာထားဖူးပါတယ္။

S10 ရဲ႕ AMOLED Quad HD+ display ဟာ hands-on လုပ္ၾကည့္တဲ့အခါမွာ ထူးျခားေနတာကို သတိိထားမိပါတယ္။ ဒါကလည္း အံ့ၾသစရာေတာ့မဟုတ္ျပန္ပါဘူး။ flagship အသစ္ထြက္တုိင္း ပိုေကာင္းေအာင္လုပ္ေဆာင္ေပးေနၾကျဖစ္ပါတယ္။ Samsung ကေတာ့ ကမာၻေပၚမွာ အေကာင္းဆံုးျဖစ္ဖို႕အထိ မွန္းထားပါတယ္။ အခုေတာ့ DisplayMate က ေထာက္ခံေပးလိုက္သလိုပါပဲ။

DisplayMate ရဲ႕ ေဆြးေႏြးခ်က္ထဲမွာ မပါ၀င္တာကေတာ့ Infinity-O ပါပဲ။ အေသးစိတ္ကိုသိခ်င္တယ္ဆိုရင္ေတာ့ DisplayMate’s full report ကို သြားေရာက္ဖတ္ရွဳလို႕ရပါတယ္။

Unicode Version

Samsung ဖုန်းတွေဟာ အဆင့်အတန်းမြင့်မားတဲ့ display တွေနဲ့ ကျော်ကြားတာ အားလုံးအသိပါပဲ။ Galaxy S10 ဟာလည်း ဒီအတိုင်းပါပဲ။ DisplayMate ဆိုတာကတော့ Display တွေကို အကဲဖြတ်ပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Galaxy S10 ကို အမြင့်ဆုံး A+ grade ပေးအပ်လိုက်ပါပြီ။
အဲဒီဆုကို အောက်တိုဘာလတုန်းက Pixel 3 XL ကို ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Galaxy S10 ကတော့ အရင်တုန်းက Galaxy S9 ၊ Galaxy Note 9 တွေကို စံချိန်ချိုးပြီးတော့ အမြင့်ဆုံး benchmark ကို ရခဲ့တာပါ။
DisplayMate မှ Dr. Raymond M. Soneira ရဲ့ ပြောကြားချက်အရ Galaxy S10 ဟာ color accuracy ၊ image contrast accuracy ပိုင်းမှာ စံချိန်အသစ်ကို တင်နိုင်ခဲ့ပြီးတော့ ဖုန်းတိုင်းရဲ့ peak display brightness ၊ native color gamut ၊ screen reflectance စတဲ့နေရာတွေမှာလည်း ရမှတ်တွေအသာစီးရထားကြောင်း သိရပါတယ်။
S10 ရဲ့ display ဟာ HDR10+ အထိ support ပေးထားပါတယ်။ 4K HDR content တွေဖြစ်တဲ့ Netflix ရဲ့ HDR10 ရှိုးနဲ့ဇာတ်ကားတွေကိုကြည့်နိုင်လိမ့်မယ်လို့ ဆမ်ဆောင်းက ပြောထားဖူးပါတယ်။
S10 ရဲ့ AMOLED Quad HD+ display ဟာ hands-on လုပ်ကြည့်တဲ့အခါမှာ ထူးခြားနေတာကို သတိထားမိပါတယ်။ ဒါကလည်း အံ့သြစရာတော့မဟုတ်ပြန်ပါဘူး။ flagship အသစ်ထွက်တိုင်း ပိုကောင်းအောင်လုပ်ဆောင်ပေးနေကြဖြစ်ပါတယ်။ Samsung ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ဖို့အထိ မှန်းထားပါတယ်။ အခုတော့ DisplayMate က ထောက်ခံပေးလိုက်သလိုပါပဲ။
DisplayMate ရဲ့ ဆွေးနွေးချက်ထဲမှာ မပါဝင်တာကတော့ Infinity-O ပါပဲ။ အသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့ DisplayMate’s full report ကို သွားရောက်ဖတ်ရှုလို့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.