Posted on Leave a comment

ျမန္မာေငြ ႏွစ္သိန္းေက်ာ္ပဲရွိတဲ့ စြဲမက္စရာ ဘတ္ဂ်က္ဖုန္း Realme 3

Zawgyi Version

ဒီေန႕ နယူးေဒလီမွာ က်င္းပခဲ့တဲ့ပြဲတစ္ခုမွာ Realme က သူ႕ရဲ႕ေနာက္ဆံုးထြက္ဘတ္ဂ်တ္စမတ္ဖုန္းအေနနဲ႕ Realme 3 ကို မိတ္ဆက္လိုက္ပါတယ္။

Realme 1 ပြဲဦးထြက္တဲ့အခ်ိန္ကစျပီးေတာ့ Realme 2 ၊ Realme 2 Pro စတဲ့ဖုန္းေတြကို ေတာက္ေလွ်ာက္ထြက္ေပးခဲ့ပါတယ္။ Oppo ကေန ခြဲထြက္လာတဲ့ sub-brand ျဖစ္ျပီးေတာ့ ေဒၚလာ၁၅၀ေလာက္နဲ႕ အမိုက္စားဖုန္းေတြကို ထုတ္လုပ္ေပးေနတဲ့လုပ္ငန္းဆိုရင္လည္း မမွားပါဘူး။

Design

Realme 3 မွာ unibody design ကို brand new gradient color ေတြနဲ႕ ေဖာက္ေပးထားပါတယ္။ အကုန္လံုးက ပလတ္စတစ္သံုးထားတယ္ဆိုေပမယ့္လည္း အေ၀းကေနၾကည့္လုိက္ရင္ ဖန္သားျပင္လိုလို ထင္မွတ္ရပါတယ္။

၆.၂၂လက္မ ‘dewdrop’ LCD display ပါ၀င္ျပီး မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳးကို ၈၈.၃%အထိ သံုးေပးထားပါတယ္။ HD+ display (1520 x 720) ၊ 19:9 aspect ratio ၊ 450nits of brightness တို႕ကိုလည္း ခံစားနုိင္မွာပါ။ အၾကမ္းခံမႈအေနနဲ႕ Corning Gorilla Glass 3 ကို သံုးေပးထားေတာ့ စိတ္ခ်ရပါတယ္။

Hardware

Realme 3 မွာ MediaTek Helio P70 processor ၊ RAM က 3GB/4GB နဲ႕ မမ္မိုရီ 32GB/64GB ဆိုျပီး ေရြးခ်ယ္ႏုိင္ဦးမွာပါ။

Global အလံုးမွာေတာ့ Helio P60 ပဲ ျဖစ္ေနဦးမွာပါ။ ဒါက Realme 1 ကတည္းက သံုးလာတဲ့ processor ၾကီးဆုိေတာ့ နည္းနည္းေအာက္ေနပါတယ္။ မ်ိဳးဆက္ႏွစ္ခုၾကာသြာေပမယ့္လည္း ဆက္မတိုးထားေသးတာကေတာ့ အေၾကာင္းရင္းသိခ်င္မိပါတယ္။

Realme 3 မွာ ဘတ္ထရီကို 4230mAh အထိ ျမွင့္တင္ေပးထားေပမယ့္လည္း အားသြင္းရမွာကေတာ့ microUSB port နဲ႕ပါ။

Camera

အေနာက္ဘက္မွာဆိုရင္ 13MP + 2MP dual camera ၊ f/1.8 aperture နဲ႕ ရုိက္ကူးအသံုးျပဳရမွာျဖစ္ပါတယ္။ scene recognition ၊ slow-motion mode ေတြပါ၀င္တဲ့ AI စနစ္ကိုလည္း ထည့္သြင္းေပးထားပါတယ္။ 90fps/720P slow-motion ဗြီဒီယိုေတြကို ရုိက္ကူးႏုိင္မွာျဖစ္ပါတယ္။ အေရွ႕ဘက္မွာကေတာ့ 13MP AI camera နဲ႕ f/2.0 aperture တို႕ကို ေပါင္းစပ္ေပးထားပါတယ္။

ဒီေစ်းတန္းထဲမွာ night mode ရုိက္လို႕ရႏုိင္တဲ့ ပထမဆံုးဖုန္းတစ္လံုးျဖစ္လာပါတယ္။ အလင္းအားနည္းခ်ိန္မွာ ရုပ္ထြက္ေကာင္းေအာင္လည္း ဖန္တီးေပးထားတာကို ေတြ႕ျမင္ရမွာပါ။

Software

Realme 3 ကိုေတာ့ Android 9.0 Pie ကို ျပင္ဆင္ထားတဲ့ ColorOS 6.0 နဲ႕ အသံုးျပဳရမွာျဖစ္ပါတယ္။ ColorOS ကို app drawer ၊ Android-like navigation ေတြထည့္သြင္းႏုိင္ေအာင္ေတာ့ ျပင္ဆင္ေနတယ္လို႕ ၾကားသိရပါတယ္။

Pricing & Availability

Realme 3 ကို အိႏၵိယမွာ Flipkart exclusive အေနနဲ႕ Dynamic Black, Radiant Blue, Black ဆိုျပီး ဗားရွင္းသံုးမ်ိဳး ထုတ္ေပးမွာပါ။ 3GB+32GB ကေတာ့ ေဒၚလာ၁၂၇ က်သင့္မွာျဖစ္ျပီးေတာ့ 4GB+64GB ဟာ ၁၅၆ေဒၚလာ က်သင့္မွာပါ။ ေစ်းႏႈန္းကေတာ့ ပထမဆံုးအလံုးေရ တစ္သန္းမွာသာ ဒီေစ်းနဲ႕ ေရာင္းခ်ေပးမွာျဖစ္ပါတယ္။ Realme 3 အတြက္ ‘Iconic Case’ ေတြကို ၅၉၉ရူပီးနဲ႕ ျဖန္႕ခ်ိေနပါတယ္။

ပထမဆံုးေရာင္းခ်မႈကိုေတာ့ မတ္လ ၁၂ရက္ေန႕ ေန႕ခင္း၁၂နာရီမွာ စတင္မွာျဖစ္ပါတယ္။ Realme 3 Pro ကို April လမွာထြက္ရွိထားတဲ့ Redmi Note 7 Pro နဲ႕အျပိဳင္ တုိက္ခိုက္ဖို႕အတြက္ ထုတ္လုပ္ထားတာျဖစ္တယ္လို႕လည္း ေၾကညာထားပါတယ္။

Realme 3 ကေတာ့ ေစ်းႏႈန္းသက္သာတဲ့အတန္းထဲကို ေနာက္ဆံုး၀င္ေရာက္လာတဲ့သူလည္း ျဖစ္ပါတယ္။ Realme 3 အသစ္ကို သင္တို႕ေရာ ဘယ္လိုခံစားမိပါသလဲ။

Unicode Version

ဒီနေ့ နယူးဒေလီမှာ ကျင်းပခဲ့တဲ့ပွဲတစ်ခုမှာ Realme က သူ့ရဲ့နောက်ဆုံးထွက်ဘတ်ဂျတ်စမတ်ဖုန်းအနေနဲ့ Realme 3 ကို မိတ်ဆက်လိုက်ပါတယ်။
Realme 1 ပွဲဦးထွက်တဲ့အချိန်ကစပြီးတော့ Realme 2 ၊ Realme 2 Pro စတဲ့ဖုန်းတွေကို တောက်လျှောက်ထွက်ပေးခဲ့ပါတယ်။ Oppo ကနေ ခွဲထွက်လာတဲ့ sub-brand ဖြစ်ပြီးတော့ ဒေါ်လာ၁၅၀လောက်နဲ့ အမိုက်စားဖုန်းတွေကို ထုတ်လုပ်ပေးနေတဲ့လုပ်ငန်းဆိုရင်လည်း မမှားပါဘူး။
Design
Realme 3 မှာ unibody design ကို brand new gradient color တွေနဲ့ ဖောက်ပေးထားပါတယ်။ အကုန်လုံးက ပလတ်စတစ်သုံးထားတယ်ဆိုပေမယ့်လည်း အဝေးကနေကြည့်လိုက်ရင် ဖန်သားပြင်လိုလို ထင်မှတ်ရပါတယ်။
၆.၂၂လက်မ ‘dewdrop’ LCD display ပါဝင်ပြီး မျက်နှာပြင်ကိုယ်ထည်အချိုးကို ၈၈.၃%အထိ သုံးပေးထားပါတယ်။ HD+ display (1520 x 720) ၊ 19:9 aspect ratio ၊ 450nits of brightness တို့ကိုလည်း ခံစားနိုင်မှာပါ။ အကြမ်းခံမှုအနေနဲ့ Corning Gorilla Glass 3 ကို သုံးပေးထားတော့ စိတ်ချရပါတယ်။
Hardware
Realme 3 မှာ MediaTek Helio P70 processor ၊ RAM က 3GB/4GB နဲ့ မမ်မိုရီ 32GB/64GB ဆိုပြီး ရွေးချယ်နိုင်ဦးမှာပါ။
Global အလုံးမှာတော့ Helio P60 ပဲ ဖြစ်နေဦးမှာပါ။ ဒါက Realme 1 ကတည်းက သုံးလာတဲ့ processor ကြီးဆိုတော့ နည်းနည်းအောက်နေပါတယ်။ မျိုးဆက်နှစ်ခုကြာသွာပေမယ့်လည်း ဆက်မတိုးထားသေးတာကတော့ အကြောင်းရင်းသိချင်မိပါတယ်။
Realme 3 မှာ ဘတ်ထရီကို 4230mAh အထိ မြှင့်တင်ပေးထားပေမယ့်လည်း အားသွင်းရမှာကတော့ microUSB port နဲ့ပါ။
Camera
အနောက်ဘက်မှာဆိုရင် 13MP + 2MP dual camera ၊ f/1.8 aperture နဲ့ ရိုက်ကူးအသုံးပြုရမှာဖြစ်ပါတယ်။ scene recognition ၊ slow-motion mode တွေပါဝင်တဲ့ AI စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ 90fps/720P slow-motion ဗွီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အရှေ့ဘက်မှာကတော့ 13MP AI camera နဲ့ f/2.0 aperture တို့ကို ပေါင်းစပ်ပေးထားပါတယ်။
ဒီဈေးတန်းထဲမှာ night mode ရိုက်လို့ရနိုင်တဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်လာပါတယ်။ အလင်းအားနည်းချိန်မှာ ရုပ်ထွက်ကောင်းအောင်လည်း ဖန်တီးပေးထားတာကို တွေ့မြင်ရမှာပါ။
Software
Realme 3 ကိုတော့ Android 9.0 Pie ကို ပြင်ဆင်ထားတဲ့ ColorOS 6.0 နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ ColorOS ကို app drawer ၊ Android-like navigation တွေထည့်သွင်းနိုင်အောင်တော့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။
Pricing & Availability
Realme 3 ကို အိန္ဒိယမှာ Flipkart exclusive အနေနဲ့ Dynamic Black, Radiant Blue, Black ဆိုပြီး ဗားရှင်းသုံးမျိုး ထုတ်ပေးမှာပါ။ 3GB+32GB ကတော့ ဒေါ်လာ၁၂၇ ကျသင့်မှာဖြစ်ပြီးတော့ 4GB+64GB ဟာ ၁၅၆ဒေါ်လာ ကျသင့်မှာပါ။ ဈေးနှုန်းကတော့ ပထမဆုံးအလုံးရေ တစ်သန်းမှာသာ ဒီဈေးနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Realme 3 အတွက် ‘Iconic Case’ တွေကို ၅၉၉ရူပီးနဲ့ ဖြန့်ချိနေပါတယ်။
ပထမဆုံးရောင်းချမှုကိုတော့ မတ်လ ၁၂ရက်နေ့ နေ့ခင်း၁၂နာရီမှာ စတင်မှာဖြစ်ပါတယ်။ Realme 3 Pro ကို April လမှာထွက်ရှိထားတဲ့ Redmi Note 7 Pro နဲ့အပြိုင် တိုက်ခိုက်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။
Realme 3 ကတော့ ဈေးနှုန်းသက်သာတဲ့အတန်းထဲကို နောက်ဆုံးဝင်ရောက်လာတဲ့သူလည်း ဖြစ်ပါတယ်။ Realme 3 အသစ်ကို သင်တို့ရော ဘယ်လိုခံစားမိပါသလဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.