Smartphone Trending

စွမ်းဆောင်ရည်သင့်စမတ်ဖုန်း Huawei Y6 2019 ကို ကြေညာလိုက်တဲ့ Huawei

Zawgyi Version






Unicode Version

Huawei က Huawei Y6 2019 နဲ့အတူ စမတ်ဖုန်းအသစ်တစ်လုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒီဟန်းဆက်လေးမှာ ၆.၁လက်မ ၊ HD+ resolution ၊ 1560 x 720 pixels တို့ကို သုံးပေးထားပါတယ်။
Helio A22 processor ၊ RAM 2GB ၊ မမ်မိုရီ 32GB တို့အပြင် ကဒ်စိုက်ပြီးအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
Huawei Y6 2019 အသစ်ရဲ့ အခြားအချက်အလက်တွေကို ပြောရမယ်ဆိုရင်တော့ဖြင့် Android 9.0 Pie ကို ပြင်ဆင်ထားတဲ့ EMUI 9 ကို ထည့်သွင်းပေးထားပြီး ဘတ်ထရီပမာဏကိုတော့ 3020 mAh သုံးပေးထားပါတယ်။
ကင်မရာပိုင်းအရဆိုရင်တော့ အရှေ့ဘက်မှာ 8 megapixel ၊ အနောက်ဘက်မှာတော့ 13 megapixel ထည့်သွင်းပေးထားတော့ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတန်းစား ဖြစ်ပါတယ်။ လက်ဗွေစနစ်ကိုလည်း အသုံးပြုနိုင်ဦးမှာပါ။
ကုန်ကျစရိတ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.