Posted on Leave a comment




unicode

Galaxy S10+ အစိတ်အပိုင်းများရဲ့ တန်ကြေးဟာ ၄၂၀ ဒေါ်လာသာ ရှိ

S10+ ရဲ့ 8/128GB ကို ၉၉၉ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိတ်အပိုင်းများ အားလုံးရဲ့ တန်ကြေးဟာ ၄၂၀ ဒေါ်လာသာ ရှိတယ်လို့ TechInsights မှ ပညာရှင်များက ပြောပါတယ်။ ဖုန်း အစိတ်အပိုင်း တစ်ခုချင်းစီရဲ့ တန်ကြေးများကို အောက်ကပုံမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

အစိတ်အပိုင်းများထဲမှာ တန်ကြေးအများဆုံးက မျက်နှာပြင် ဖြစ်ပြီး ၈၆.၅၀ ဒေါ်လာ ဖြစ်ပါတယ်။ ဒုတိယ တန်ကြေးအများဆုံးက Chipset ဖြစ်ပြီး ၇၀.၅ ဒေါ်လာ တန်ကြေးရှိပါတယ်။ တတိယ တန်ကြေးအများဆုံးက ကင်မရာ ငါးလုံး ဖြစ်ပြီး ၅၆.၅ ဒေါ်လာ ဖြစ်ပါတယ်။ 8GB RAM+128GB Storage ရဲ့ တန်ကြေးက ၅၀.၅ ဒေါ်လာ ဖြစ်ပါတယ်။

အစိတ်အပိုင်းများ အားလုံးရဲ့ တန်ကြေးဟာ ၄၂၀ ဒေါ်လာသာ ရှိတယ်လို့ ဆိုပေမယ့် သုတေသန ပြုလုပ်ခြင်းနဲ့ မားကတ်တင်းများအတွက်ကုန်ကျစားရိတ်များ ကျန်ရှိပါသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.